နားချိန်သိပ်မရှိတဲ့အထိ အလုပ်ကြိုးစားလွန်းတဲ့ ကိုရီးယားမင်းသမီး (၉) ဦး

အပြိုင်အဆိုင်တွေများတဲ့ ကိုရီးယားအနုပညာလောကမှာ အမြဲတမ်းကြိုးစားနေမှ အောင်မြင်မှုကိုထိန်းထားနိုင်မယ်ဆိုတာတော့ ပရိတ်သတ်တွေအားလုံး သိကြတဲ့အရာပါ။ အောက်ဖော်ပြပါမင်းသမီးတွေကတော့ နားချိန်တောင်သိပ်မရှိအောင် အလုပ်ကြိုးစားကြပါတယ်တဲ့

၁။ Park Shin Hye


2003 ခုနှစ်တည်းက ကလေးသရုပ်ဆောင်အဖြစ် ဇာတ်လမ်းတွဲတွေရိုက်လာလိုက်တာ အခုလိုထိပ်တန်းမင်းသမီးဖြစ်တဲ့အထိ သူမအလုပ်နားတာဆိုလို့ ၂၀၁၀ နဲ့ ၂၀၁၇ နှစ်နှစ်ပဲရှိခဲ့ပြီး ဧည့်သည်သရုပ်ဆောင်အဖြစ်တော့ ရိုက်ကူးလိုက်ပါသေးတယ်။

၂။ Park Min Young


၂၀၀၆ ခုနှစ်ထွက် High Kick ဇာတ်လမ်းတွဲမှာပါဝင်ခဲ့ရာကစပြီး တစ်ဟုန်ထိုးအောင်မြင်လာတဲ့ သူမဟာ အနုပညာသက်တမ်းတစ်လျှောက်မှာ ၂၀၁၃ ခုနှစ်တစ်နှစ်သာ အနားယူခဲ့ပါတယ်။ အလုပ်အပေါ် တကယ်ကိုအစွဲအလန်းကြီးလွန်းတဲ့ မင်းသမီးလေးပါပဲ။

၃။ Son Ye Jin


ရုပ်ရှင်တွေရဲ့ ဘုရင်မလို့ပြောလို့ရတဲ့ အပျိုကြီးမမကတော့ ၂၀၀၀ ခုနှစ်ကစလို့ လျှမ်းလျှမ်းတောက်အောင်မြင်မှုနဲ့အတူ ရုပ်ရှင်တွေရော ဇာတ်လမ်းတွဲတွေရော လက်မလည်အောင် ရိုက်ကူးလာလိုက်တာ နှစ်နှစ်ဆယ်အတွင်းမှာ ၂၀၁၇ တစ်နှစ်သာ သူ့အတွက်နားချိန်ရခဲ့ပါတယ်တဲ့။

၄။ Kim Yoo Jung


လေးနှစ်သမီးအရွယ် ၂၀၀၄ ခုနှစ်ကနေ အခုချိန်ထိ ဇာတ်လမ်းတွဲပေါင်းများစွာမှာ ပါဝင်ခဲ့ပြီး ဒိတ်ဒိတ်ကျဲမင်းသမီးတစ်လက်အဖြစ် ကြီးပြင်းလာတဲ့ သူမကတော့ ၂၀၁၉ မှာသာ ခဏနားခဲ့ပါတယ်။ ဒီလိုကြိုးစားလို့လဲ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်လာတာပါပဲ။

၅။ Kim So Hyun


သူမကလဲ ကလေးလေးအရွယ်တည်းက အခုလိုထိပ်တန်းခေါင်းဆောင်မင်းသမီးဖြစ်လာတဲ့ အထိ ၂၀၀၆ ခုနှစ်ကနေစလို့ ဆယ့်လေးနှစ်လုံးလုံးအနားမယူခဲ့ပါဘူး။ အရွယ်ငယ်ငယ်လေးနဲ့ အလုပ်အပေါ် တန်ဖိုးထားတတ်တဲ့ စိတ်လေးကတော့ တကယ်ကိုလေးစားစရာပါ။

၆။ Kim Ji Won


ပရိတ်သတ်တွေအရမ်းချစ်တဲ့ မင်းသမီးလေးကတော့ ၂၀၁၁ ခုနှစ်ထွက် High Kick စီးရီးမှာ ပါဝင်ပြီးနောက်ပိုင်း ဒုတိယမင်းသမီးအနေနဲ့ မနားမနေ ကြိုးစားလာလိုက်တာ အခုဆိုရင် နာမည်ကျော်ဇာတ်လမ်းတွဲတွေရဲ့ ခေါင်းဆောင်မင်းသမီးဖြစ်နေပါပြီ။

၇။ Yoo Inna


၂၀၀၉ ခုနှစ်ကစလို့ ဇာတ်လမ်းတွဲတွေ တောက်လျှောက်လက်ခံရိုက်ကူးခဲ့ပြီး ၂၀၁၈ ခုနှစ်တစ်နှစ်ပဲ နားခဲ့ပါတယ်။ အပျိုကြီးမမကတော့ အမြဲတမ်းလိုလို အလုပ်တွေပဲအရမ်းဖိကြိုးစားနေလို့ အခုချိန်ထိ အချစ်ရေးဖက်တောင် အာရုံမစိုက်နိုင်ပုံပါပဲ။

၈။ Jung So Min


အားလုံးချစ်တဲ့ Jung So Min ကလဲ ၂၀၁၂ ခုနှစ်ကစလို့ အလုပ်နဲ့ပတ်သတ်ပြီး မညီးမညူကိုကြိုးစားခဲ့တာပါ။ သေသေချာချာနားရတာဆိုလို့ ၂၀၁၉ ခုနှစ် တစ်နှစ်ပဲရှိခဲ့ပြီး အဲ့ဒီနှစ်မှာတောင် Abyss ဇာတ်လမ်းတွဲမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်အားဖြည့်ခဲ့ပါသေးတယ်။

၉။ Lee Sung Kyung


မော်ဒယ်အဖြစ်ရပ်တည်နေတုန်းကလဲ မနားမနေကြိုးစားခဲ့သလို သရုပ်ဆောင်လောကမှာ နာမည်ရလာပြန်တော့လဲ ၂၀၁၄ ခုနှစ်ကစပြီး ဇာတ်လမ်းတွဲရိုက်ကူးမှုတွေကို တစ်နှစ်မှမရပ်တန့်ခဲ့ပါဘူး။ အလုပ်မလုပ်ရရင် မနေတတ်တဲ့ မင်းသမီးတစ်ယောက်ပါ။

Source: Koreaboo

Share