Lee Sun Hee နဲ့ collabration လုပ်ခွင့်ရတဲ့ ပထမဆုံး idol ဖြစ်လာတဲ့ Chanyeol

တောင်ကိုရီးယားတစ်နိုင်ငံလုံး လေးစားချစ်ခင်ကြတဲ့ ဝါရင့်အဆိုတော်ကြီး Lee Sun Hee ကတော့ သူမရဲ့ ၁၆ ခုမြောက် အယ်လ်ဘမ်အသစ်အတွက် ပြင်ဆင်နေပြီး ထိုထဲကသီချင်းတစ်ပုဒ်မှာ ပါဝင်သီဆိုဖို့ EXO အဖွဲ့ဝင် Chanyeol ကို ကမ်းလှမ်းထားတယ်လို့သိရပါတယ်။

မေလလယ်လောက်ကတည်းက ဒီသတင်းတွေထွက်လာတာဖြစ်ပြီး Chanyeol ပါဝင်သီဆိုရမယ့်သီချင်းဟာ အဆိုတော်ကြီးရဲ့ title သီချင်းဖြစ်တယ်လို့သိရပါတယ်။ Chanyeol ဟာ သူသီဆိုရမယ့် rap အပိုဒ်ကိုလဲ ကိုယ်တိုင်ပဲရေးစပ်ခဲ့တာဖြစ်ပြီး Chanyeol ရဲ့အသံနဲ့ ဂီတစွမ်းရည်ကို Lee Sun Hee က သဘောကျပြီး သူ့သီချင်းနဲ့လိုက်ဖက်မှုရှိပါတယ်တဲ့။

Lee Sun Hee ဟာတော့ တောင်ကိုရီးယားရဲ့ ဂီတလောကမှာ အရှိန်အဝါအရမ်းကြီးမားပြီး အားလုံးကလေးစားရတဲ့ အဆိုတော် တေးရေးဆရာမကြီးပါ။ Tiger JK တို့လို အဆိုတော်တွေနဲ့ တွဲဖက်သီဆိုဖူးပေမယ့် idol group အဖွဲ့ဝင်တစ်ယောက်ကို ရွေးချယ်ခဲ့တာတော့ အနုပညာသက်တမ်းတစ်လျှောက်မှာ ဒါဟာပထမဆုံးပါတဲ့။

ဂီတလောကရဲ့စံပြပုဂ္ဂိုလ်ဖြစ်တဲ့ Lee Sun Hee နဲ့ တွဲဖက်ဖျော်ဖြေခွင့်ရဖို့ဆိုတာ idol တိုင်းရဲ့ အိပ်မက်ဖြစ်ပြီး Chanyeol ကတော့ အကောင်အထည်ဖော်လိုက်နိုင်ပါပြီ။ သူတို့နှစ်ယောက်ရဲ့ တွဲဖက်မှုဟာလဲ တောင်ကိုရီးယားဂီတလောကအတွက် မှတ်တိုင်တစ်ခုဖြစ်မှာတော့ အသေအချာပါပဲ။

Source: Soompi

Share