၅၆ကြိမ်မြောက် Baeksang Arts Awards အကြီးဆုံးဆုဖြစ်သော Grand prize အပါဝင် အခြားနာမည်ကြီး ဆု ၃ ခုကိုပါ When The Camellia Blooms ဇာတ်လမ်းတွဲမှ သိမ်းပိုက်သွား

When the Camellia Blooms ဇာတ်လမ်းတွဲဟာ ၅၆ကြိမ်မြောက် Baeksang Arts Awards ၏ဆုပေးပွဲညကို သိမ်းပိုက်သွားခဲ့ပါတယ်။ Baeksang Arts Awards ဆိုတာဟာ တောင်ကိုရီးယားနိုင်ငံ၏ Oscar ဟုယူဆရလောက်အောင်ပင် အရေးကြီးဆုံးသော ဆုတစ်ခုဖြစ်ပါတယ်။

အဆိုပါပါဇာတ်လမ်းတွဲဟာ ၂၀၁၉ခုနှစ်တွင် ထွက်ရှိခဲ့သော ဇာတ်လမ်းတွဲကောင်းတစ်ခုလည်း ဖြစ်ပါတယ်။ Baeksang Arts awards ၏ အရေးကြီးဆုံးဆုတစ်ခု ဖြစ်သော Grand Prize in TV ဆုကိုလည်း ရရှိခဲ့ပါတယ်။

ထို့အပြင် အခြားဆုကြီး သုံးဆုကိုပါ ပိုင်ဆိုင်နိင်ခဲ့ပါတယ်။ Best TV script, Best Leading Actor in TV, Best supporting actor စသည့်ဆုများပင် ဖြစ်ပါတယ်။ အကောင်းဆုံး တီဗီဇာတ်ညွှန်းဆုက်ိုတော့ Lim Sangchun မှရရှိခဲ့ပီး၊ အကောင်ဆုံးခေါင်းဆောင်မင်းသားဆုကိုတော့ Kang Ha-Neul မှရှိခဲ့ပါတယ်။ ဇာတ်ပို့မင်းသားဆုကိုတော့ Oh Jung Se မှ ရရှိခဲ့ပါတယ်။

Baeksang ဆု၏ အမြင့်ဆုံးဖြစ်သော Grand prize in TV ဆုကိုရရှိလိုက်ချိန်မှာတော့ When The Camellia Blooms မှရရှိလိုက်ချိန်မှာတော့ တဖွဲလုံးဝမ်းသာမဆုံးဖြစ်နေတဲ့ ပုံရိပ်တွေကို မြင်တွေ ့ရမှာပဲ ဖြစ်ပါတယ်။

ခေါင်းဆောင်မင်းသားဖြစ်သော Kang Ha-Neul မှဆုရရှိသည့်အပြင် Grand Prize ကိုပါပိုင်ဆိုင်ခဲ့သဖြင့် ဒီညဟာ When the Camellia Blooms အဖွဲ့သားများ၏ အောင်ပွဲခံသည့် ညပဲဖြစ်ပါတယ်။ ဆုရရှိသူများနှင့်လည်း အတူထပ်တူဝမ်းမြောက်မိသလို ဂုဏ်လည်းယူမိပါတယ်။

Written: Phoo Phoo

Share