Covid ကာလအတွင်း Itaewon သို့သွားခဲ့သည့် ကိစ္စနှင့်ပက်သက်၍ ကိုယ်တိုင်တောင်းပန်ခဲ့တဲ့ BTS အဖွဲ့ဝင် Jungkook

BTS အဖွဲ့ဝင် Jungkook ဟာဆိုလျှင် Covid ကာလအတွင်း Itaewonသို့ သူငယ်ချင်းများနှင့် သွားခဲ့သည့် အကြောင်းနှင့် ပက်သက်၍ ပရိတ်သတ်ကြီးအား ကိုယ်တိုင်ဝန်ခံကာ တောင်းပန်ခဲ့ပါတယ်။ ဇွန်လ ၆ ရက်နေ့တွင် Jungkook ဟာ BTS အဖွဲ့ဝင် Suga ၏ Audio Live Broadcast တွင် Guest အဖြစ်ဖိတ်ကြားခြင်း ခံခဲ့ရပါတယ်။ အဆိုပါ show သည် Jungkookမှ long break ယူပီးနောက် ပရိတ်သတ်များကို ပထမဆုံးနှုတ်ဆက်သည့် အစီအစဉ်လည်း ဖြစ်ပါတယ်။

အဆိုပါ Show တွင် Jungkook မှ ” အာလုံးကို မနှုတ်ဆက်ရတာ အတော်တောင် ကြာခဲ့ပီနော်။ ဒီလို radio အစီအစဉ်မှာလည်း မပါဝင်ဖြစ်တာ ကြာခဲ့ပီဆိုတော့ ကျွန်တော်အရမ်းလည်းစိတ်လှုပ်ရှားနေပါတယ်။ ထို့ကြောင်မို့လည်း Suga နှင့်အတူ ယခုလို Radio အစီအစဉ်ကို တူတူထုတ်လွှင့်လိုက်ခြင်းလည်း ဖြစ်ပါတယ်။ ကျွန်တော် လွမ်းနေတဲ့ ပရိတ်သတ်ကြီး အထူးသဖြင့် Army တွေနဲ့ စကားပြန်ပြောခွင့်ရတဲ့အတွက်လည်း ပျော်မိပါတယ်။” ဟုပြောခဲ့ပါတယ်။

ဆက်လက်၍ Jungkook က Dispatch သတင်းဋ္ဌာနမှ ဖော်ပြခဲ့သော Itaewon ကိစ္စနှင့်ပက်သက်၍လည်း ထိုကဲ့သို့ ပြောခဲ့ပါတယ်။” မကြာသေးမီက ဖြစ်ခဲ့တဲ့ကိစ္စနှင့် ပက်သက်ပီး လူတော်တော်များ ကျွန်တော့်အပေါ် စိတ်ပျက်၊စိတ်ဆိုး ဖြစ်ကြလိမ့်မယ်ဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော်ရဲ့ကိစ္စကြောင့် စိတ်ပျက်စေခဲ့မိသော ပရိတ်သတ်ကြီးနှင့် ထိခိုက်နစ်နာသွားသူ အားလုံးကို ကျွန်တော်တောင်းပန်ပါတယ်လို့ ပြောပါရစေ။

အထူးသဖြင့်တော့ BTS ရဲ့Fan တွေဖြစ်ကြတဲ့ Army တွေကို အထူးတောင်းပန်ချင်ပါတယ်။ သူတို့ကျွန်တော့်ကိစ္စနှင့်ပက်ပီး နာကျင်ရတာကိုသိတော့ ကျွန်တော်လည်း အတော်လေးခံစားရပါတယ်။ ကျွန်တော် BTS အဖွဲ့ဝင်အကိုတွေအားလုံးနှင့်လည်း စကားပြောခဲ့ပီးပါပီ။

ကျွန်တော်ဘာမှားခဲ့လည်းဆိုတာလည်း စဉ်းစားပီး အဲ့အမှားအတွက်လည်း ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ဆင်ခြင်နေပါတယ်။ အခုကစပီး နောက်နောင်ထိုကဲ့သို့ ဖြစ်ရပ်မျိုးထပ်မံမဖြစ်အောင် ကျွန်တော့်ရဲ့ အပြုအမှု၊အနေအထိုင်ကို ဒီထက်ပိုပီး သတိထားပါ့မယ်” လို့ Radio Live မှတဆင့် ပရိတ်သတ်ထံ အသိပေးတောင်းပန်ခဲ့ပါတယ်။

Source: koreaboo

Share