Entertainment Awards ကနေ ပရိတ်သတ်အင်အား အခိုင်အမာနဲ့ ကမ္ဘာ့အချောအလှဆုံးလို့ သတ်မှတ်လို့ရတဲ့ မျက်နှာပိုင်ရှင်အယောက်တစ်ရာစီ ကို ရွေးထုတ်ခဲ့ပြီး facebook, twitter နဲ့ instagram အစရှိတဲ့ လူမှုကွန်ယက်တွေကတစ်ဆင့် ပရိတ်သတ်တွေရဲ့ မဲပေးမှုနဲ့ ရွေးချယ်ပြီးတဲ့အခါမှာတော့ ဒီ kpop idol ခြောက်ယောက်က ဗိုလ်စွဲထားပါတယ်။
နောက်ဆုံး finalist မိန်းကလေးသုံးဦးအနေနဲ့ကတော့…
၃။ Jennie (BLACKPINK)
Jennie ကတော့ ဆွဲဆောင်မှုလဲရှိ ချစ်စရာလဲကောင်းတဲ့ မျက်နှာကျနဲ့ အစိတ်အပိုင်းလေးတွေကြောင့် ဒီနှစ်မှာလဲ vote ပေါင်း ၄၃၁၆၀၀ ခုနဲ့ ကမ္ဘာ့အလှဆုံးမိန်းကလေးတွေရဲ့ စာရင်းမှာ တတိယနေရာက ရပ်တည်နေပါတယ်။
၂။ Jisoo (BLACKPINK)
အဖွဲ့ရဲ့ visual ဖြစ်သလို မျက်လုံးလှလှ နှာတံပေါ်ပေါ် အသည်းပုံနှုတ်ခမ်းလေးနဲ့ ဘယ်အစိတ်အပိုင်းမှအပြစ်ပြောစရာမရှိတဲ့ ပြီးပြည့်စုံတဲ့ အလှပိုင်ရှင်ပါ။ ၆၃၉၅၅၈ votes နဲ့ မိန်းကလေးတွေထဲ ဒုတိယနေရာမှာ သူ့ကိုတွေ့ရပါတယ်။
၁။ Lisa (BLACKPINK)
အာရှသူလေးလိုလဲ ဖြူဖြူစင်စင်နဲ့ချစ်စရာကောင်းသလို အနောက်တိုင်းသူလေးလိုလဲ ရဲရဲရင့်ရင့်နဲ့ ညှို့အားပြင်းတဲ့ ထိုင်းမလေးကတော့ ၁၀၀၆၄၉၆ votes နဲ့ နံပါတ်သုံးဖြစ်ပြီး မိန်းကလေးတွေထဲမှာ ထိပ်ဆုံးပါ။
ယောက်ျားလေး finalist တွေအနေနဲ့ကတော့…
၃။ Jungkook (BTS)
ခပ်မိုက်မိုက်ပုံစံ တောင့်တင်းတဲ့အချိုးအစားနဲ့ ယောက်ျားပီသသလို ကလေးလေးလိုလဲ ချစ်စရာကောင်းတဲ့ မျက်နှာနဲ့ BTS ရဲ့အငယ်ဆုံးလေး Jungkook ကတော့ ၁၃၂၉၄၀၄ votes နဲ့ နံပါတ်သုံးနေရာမှာ ရှိနေပါတယ်။
၂။ Jin (BTS)
ချစ်စနိုးနဲ့ အားလုံးက Worldwide Handsome လို့ခေါ်ကြတဲ့ Jin ကတော့ သူ့ရဲ့တစ်ကမ္ဘာလုံးနဲ့ချီပြီး ချောမောမှုကို ဒီနေရာမှာ သက်သေပြလိုက်နိုင်ပါတယ်။ Votes ပေါင်း ၁၃၄၉၈၃၁ နဲ့ ကမ္ဘာ့အချောဆုံးတွေရဲ့ ဒုတိယနေရာမှာပါ။
၁။ BTS’s V
ဒီနှစ်အတွက် winner ကလဲ အခြားတော့မဟုတ်ပါဘူး။ မနှစ်ကလဲ winner ရရှိခဲ့တဲ့ V ပါပဲ။ ကမ္ဘာတစ်ဝှမ်းက မိန်းကလေးတွေ သဲသဲလှုပ်ချစ်ခင်ကြတဲ့သူကတော့ votes ပေါင်း ၁၇၀၅၆၈၁ နဲ့ နှစ်နှစ်ဆက်တိုက် ဗိုလ်စွဲခဲ့တာပါ။
source: koreaboo