ပါဝင်ဖို့စီစဉ်ထားတဲ့ ရုပ်ရှင်အသစ်မှာမပါဝင်ဖြစ်တော့တဲ့ Song Joong Ki

ကနဦးက Season of You and Me ဆိုတဲ့ ရုပ်ရှင်မှာ ပါဝင်မယ်လို့အတည်ပြုထားပေမယ့် အခုတော့ Song Joong Ki ဟာ ရုပ်ရှင်မှာပါဝင်ဖို့ နှုတ်ထွက်ခဲ့ပြီလို့ သိရပါတယ်။ မေလ ၅ ရက်နေ့မှာ သူ့ရဲ့အေဂျင်စီဖြစ်တဲ့ History D&C က အတည်ပြုပြောကြားခဲ့တာပါ။

Covid-19 ကြောင့် ရုပ်ရှင်ရိုက်ရက်တွေရွှေ့ဆိုင်းလိုက်ရပြီး အချိန်ဇယားတွေကမောက်ကမဖြစ်ကုန်တာကြောင့် မတတ်သာပဲ ရုပ်ရှင်မှာပါဝင်ဖို့ကို လက်လွှတ်လိုက်ရတာလို့ ဆိုပါတယ်။ နောက်ပိုင်းမှာပြုလုပ်မယ့် အနုပညာလှုပ်ရှားမှုတွေအတွက်လဲ သေချာစဉ်းစားပြီး စီစဉ်နေတယ်လို့သိရပါတယ်။

လက်တလောမှာတော့ ထွက်ရှိတော့မယ့်ရုပ်ရှင်သစ်ဖြစ်တဲ့ Space Sweepers ရုပ်ရှင်ရဲ့ promotion လုပ်ငန်းတွေအတွက် ပြင်ဆင်နေတယ်ပါတယ်တဲ့။ Space Sweepers ရုပ်ရှင်ကတော့ ကိုရီးယားရဲ့နွေရာသီနှောင်းပိုင်းမှာ ရုံတင်ပြသမှာပါ။

ဒီနှစ်အစောပိုင်း Colombia မှာရိုက်ကူးနေခဲ့တဲ့ Bogota ရုပ်ရှင်ဟာလဲ Covid-19 ကြောင့် ရိုက်ကူးရေးတွေရပ်ဆိုင်းခဲ့ရတာဖြစ်ပြီး ခရီးသွားလာလို့အဆင်ပြေတဲ့အချိန်မှသာ ပြန်လည်ရိုက်ကူးမှာပဲ ဖြစ်ပါတယ်။

source: koreaboo

Share