တောင်ကိုရီးယားရိုးရာဝတ်စုံ(Hanbok)နှင့် အလွန်လိုက်ဖက်လှသော မင်းသမီးများ (အပိုင်း ၁)

ကိုရီးယားဇာတ်လမ်းတွဲများကို ကြိုက်နှစ်သက်သည့် ပရိတ်သတ်များအတွက်တော့ သူတို့၏ရိုးရာဝတ်စုံများနှင် စိမ်းနေမည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ရှေ့ခေတ်နန်းတွင်းဇာတ်လမ်းတွဲများတွင် အဆိုပါဝတ်စုံများက ပါလေ့ရှိသောကြောင့်ပင် ဖြစ်ပါတယ်။ ထိုကဲ့သို့ ရိုးရာဝတ်စုံ (Hanbok) နှင့် အလွန်လိုက်ဖက်လှသော မင်းသမီးအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

1.Yoona
Yoona ဟာ The King Loves ဆိုသည့် ရှေ့ခေတ် နန်းတွင်းဇာတ်လမ်းတွဲမှာ Eun Sanဆိုသည့် ဇာတ်ရုပ်နေရာမှ သရုပ်ဆောင်ခဲ့ပါတယ်။သူမဟာ စိတ်ဓာတ်ပြတ်သားပီး ရဲရင့်သည့်အမျိုးသမီးတစ်ဦးနေရာမှာ သရုပ်ဆောင်ထားပါတယ်။ ဇာတ်ရုပ်၏ အသွင်ကိုပေါ်လွင်စေသည့်အပြင် နူးညံပီးလှပသော တောင်ကိုရီးယားအမျိုးသမီးတို့၏ ပုံရိပ်ကိုပေါ်လွင်စေသည့် ရိုးရာဝတ်စုံများကို ဝတ်ဆင်ခဲ့ပါတယ်။

2.Kim So Hyun
Kim So Hyunကတော့ ကလေးဘဝတည်းက အနုပညာလောကကို ဝင်ရောက်လာခဲ့တာပင် ဖြစ်ပါတယ်။ တောင်ကိုရီးယားနန်းတွင်းဇာတ်လမ်းတွဲ အတော်များများကိုလည်း ရိုက်ကူးခဲ့ပါတယ်။ ထို့အထဲမှ Goblin ဇာတ်လမ်းတွဲတွင် ပါဝင်ခဲ့သော Kim So Hyun၏ရိုးရာဝတ်စုံနှင့် ပုံရိပ်များဟာ ပရိတ်သတ်များကြားတွင် ပြောစမှတ်တွင်စေခဲ့ပါတယ်။ ရိုးရာဝတ်စုံ၏ တည်ငြိမ်ပီးကျက်သရေရှိသော အလှနှင့် ချစ်စရာကောင်းသော သူမ၏မျက်နှာလေးနှင့် အလွန်ပင် လိုက်ဖက်လှပါသည်။

3.Park Min Young
Park Min Young ဟာလည်း နန်းတွင်းဇာတ်လမ်းတွဲများစွာတွင် ပါဝင်ခဲ့ဖူးပါတယ်။ Queens for seven days ဇာတ်လမ်းတွဲမှ ရိုးရာဝတ်စုံနှင့် သူမ၏ပုံဟာ တကယ့်ကိုလှပလွန်းလှပါတယ်။ အဆိုပါဇာတ်လမ်းတွဲတွင် မိဖုရားတစ်ဦးအဖြစ်သရုပ်ဆောင်ရသော Park Min Young ၏ရိုးရာဝတ်စုံများဟာ အဆင်အတန်းမြင့်လွန်း၍ လှပသေသပ်နေပါတယ်။ သူမ၏မျက်နှာနှင့် ရိုးရာဝတ်စုံ၏ ခမ်းနားမှုတို့ကြောင့် တကယ်ကို မိဖုရားတစ်ဦးအသွင် မြင်နေရပါတယ်။

4.IU
Moon Lovers ဇာတ်လမ်းတွဲတွင် ပါဝင်ခဲ့သော IU ဟာ ရိုးရာဝတ်စုံနှင့် အလွန်ပင်ချစ်စရာကောင်းလှပါတယ်။ ဆံပင်ရှည်အဖြောင့်လေးနှင့် လိုက်ဖက်လှသောရိုးရာဝတ်စုံအပြင်အဆင်များကြောင့် ပရိတ်သတ်များ၏ အချစ်ကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အချို့ပရိတ်သတ်များကဆို သူမဟာ တောင်ကိုရီးယားအမျိုးသမီးများ၏ အလှကိုကိုယ်စားပြုတယ်လို့ပင် ဆိုကြပါတယ်။

5.Kim Yoo Jung
၂၀၁၆ခုနှစ်တွင် ထွက်ရှိခဲ့သော Love in the moonlight ဇာတ်လမ်းတွဲမှ Kim Yoo Jung ၏ရိုးရာဝတ်စုံနှင့် ပုံရိပ်များဟာ လူအများကို အံ့အားသင့်စေခဲ့ပါတယ်။ ကလေးသရုပ်ဆောင်ဘဝတုန်းက ချစ်စရာကောင်းခဲ့သော Kim Yoo Jung အသွင်မှ လှပပီးတင့်တယ်သော အရွယ်ရောက်အမျိုးသမီး တစ်ဦးအသွင်ကို ချပြနိုင်ခဲ့ပါတယ်။ သူမနှင့် ရိုးရာဝတ်စုံ (Hanbok)၏ လိုက်ဖက်မှုမှာ သာမန်ထက်ပင်ပိုလှပါသည်။

(အပိုင်း ၂)တွင်လည်း ကျန်ရှိနေသည့် မင်းသမီးများကို ဆက်လက်ဖော်ပြဦးမှာဖြစ်သည့်အတွက် စောင့်မျှော်အားပေးပါဦးနော်။

Source: my.castko

Share