အဖွဲ့ဝင်တွေခန့်မှန်းတဲ့ BTS ထဲမှာ အစောဆုံးအိမ်ထောင်ကျမယ်လို့ ထင်ရတဲ့သူ (ရုပ်သံ)

BTS အဖွဲ့ဝင်တွေဟာ အသက်လဲငယ်ကြသေးသလို အောင်မြင်မှုကလဲ အထွတ်အထိပ်မှာရှိနေတာကြောင်​့ အိမ်ထောင်ပြုကြဖို့ကတော့ အလှမ်းဝေးပါသေးတယ်။ ၂၀၁၇ ခုနှစ်တုန်းက ဒီမေးခွန်းကို အမေးခံရခဲ့စဉ်ကတော့ BTS အဖွဲ့ဝင်တွေက ဒီလိုဖြေခဲ့ပါတယ်။

အစီအစဉ်တင်ဆက်သူရဲ့ မေးခွန်းကို RM ကအဖွဲ့ဝင်တွေအတွက် ကိုရီးယားလိုဘာသာပြန်ပြီးတဲ့နောက်မှာတော့ Jhope က “married?” လို့ထအော်ခဲ့ပြီး Jimin ကတော့အလေးအနက် စဉ်းစားနေပုံနဲ့ မျက်နှာအမူအရာတွေပါ ပြောင်းကုန်ပါတယ်။ အချစ်ရေးကိစ္စ မစဉ်းစားခဲ့ကြတာကြောင်​့ ဒီလိုမေးခွန်းမျိုးကို အခက်ကြုံရပုံပါပဲ။

တကယ်တမ်းရွေးချယ်ရမယ့်အချိန်လဲ ရောက်ရော အဖွဲ့ဝင်တွေက ကိုယ်ထင်ကြေးပေးတဲ့လူကို လက်ညိုးထိုးပြကြေးလုပ်ခဲ့ကြပြီး အားလုံးတညီတညွတ်တည်း ရွေးချယ်ခဲ့သူကတော့ အငယ်ဆုံးလေး Jungkook ပါပဲ။ Jungkook ကိုမရွေးချယ်ခဲ့တဲ့သူဆိုလို​့ Jungkook တစ်ယောက်သာရှိခဲ့ပြီး သူက Jin ကိုလက်ညိုးထိုးခဲ့တာပါ။

Jungkook ဟာ အားလုံးသူ့ကိုရွေးချယ်လိုက်တဲ့ အချိန်မှာ ပြောစရာစကားလုံးတွေ ပျောက်ဆုံးကုန်ပြီး အံ့ဩတကြီးနဲ့ “ဘာလို့ ကျွန်တော်လဲ” လို့ပြန်မေးခဲ့ပါတယ်။ ဘာကြောင့်ဒီလိုရွေးခဲ့လဲဆိုတာတော့ အစီအစဉ်ရဲ့ အချိန်ကန့်သတ်ချက်အရ မပြောပြနိုင်ခဲ့ကြပါဘူး။

ကြည့်ရတာတော့ အစ်ကိုတွေဟာ အမြဲလုပ်နေကျအတိုင်း အငယ်ဆုံးလေးကို တစ်ကြိတ်တည်းတစ်ဉာဏ်တည်းပေါင်းပြီး ဆေးထိုးခဲ့ကြပုံပေါ်ပါတယ်။ ပရိတ်သတ်တွေရော BTS ထဲမှာ အရင်ဆုံးအိမ်ထောင်ကျမယ်လို့ ခန့်မှန်းမိတဲ့သူ ရှိတယ်ဆိုရင် ပြောပြပေးသွားကြပါဦးနော်။

source: koreaboo

Share