အမြဲနုပျိုနေတဲ့ Kim Hee Ae ရဲ့ အလှအပရေးရာ လျို့ဝှက်ချက်

The World of the Married ဇာတ်လမ်းတွဲထဲက မင်းသမီးကြီး Kim Hee Ae ကတော့ ငယ်ရွယ်စဉ်ကတည်းက ပြောစရာမရှိအောင်လှခဲ့တဲ့ မင်းသမီးချောဖြစ်ပြီး အခုလိုသားသမီးနှစ်ယောက်ရဲ့ မိခင်အဖြစ် အသက် ၅၃ နှစ်အရွယ်ကိုရောက်နေတာတောင် မင်းသမီးငယ်တွေနဲ့အပြိုင် လှပကျက်သရေရှိနေတာပါ။

​အသက်အရွယ်နဲ့မလိုက်တဲ့ သူ့ရဲ့နုပျိုတင်းရင်းတဲ့အသားအရည် အဆီပိုမရှိကျစ်လစ်တဲ့ ကိုယ်လုံးအလှကို မိန်းကလေးအများစုက အားကျနေကြတာဖြစ်ပြီး Her World နဲ့ ယခင်ကပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ သူဖြေကြားခဲ့တဲ့ သူ့ရဲ့အသားအရည်ထိန်းသိမ်းပုံကို ဖော်ပြလိုက်ရပါတယ်။

Kim Hee Ae ပြောပုံအရတော့ အသားအရည်အတွက် skin care ရွေးချယ်တဲ့အခါမှာ ပစ္စည်းအမျိုးအစားအများကြီးထက် ကိုယ်နဲ့ကိုက်ညီတဲ့ ပစ္စည်းကိုရွေးချယ်ဖို့က အဓိကကျပါတယ်တဲ့။ သူမဟာ အရက်ဘီယာကိုရှောင်ပြီး စောစောအိပ်တဲ့အလေ့အကျင့်ကိုလဲ မွေးမြူထားပါတယ်တဲ့။

အချိုးအဆစ်ကျကျနဲ့ အဆီပိုမရှိတဲ့ကိုယ်လုံးလေးအတွက်တော့ Kim Hee Ae ဟာလေ့ကျင့်ခန်းပုံမှန်လုပ်ပြီး ကျန်းမာအောင်စားသောက်နေထိုင်ပါတယ်တဲ့။ လူမှုကွန်ယက်မှာ သူတင်ထားတဲ့ပုံတွေအရတော့ Kim Hee Ae ဟာ ကျန်းမာရေးနဲ့ညီညွတ်မယ့် ကြက်ရင်ပုံသား ဟင်းသီးဟင်းရွက်တွေကို အစားများပြီး ဆီကြော်နဲ့ ကယ်လိုရီများတာတွေကို ရှောင်ပုံပါပဲ။ ပရိတ်သတ်တွေလဲ Kim Hee Ae လို အသက်ကြီးလာတဲ့အခါ ကျက်သရေရှိရှိနဲ့လှချင်ရင်တော့ သူ့ရဲ့နေထိုင်မှုပုံစံအတိုင်း လိုက်လုပ်ကြည့်ပါနော်။

source : metro style

Share