The King ထဲက Lee Min Ho ရဲ့ ခန့်ညားမှုကို အရောင်တင်ပေးခဲ့တဲ့ တန်ဖိုးကြီးဝတ်စုံများ

သင်ဟာလက်ရှိမှာ The King : Eternal Monarch ဇာတ်လမ်းတွဲကို ကြည့်ရှုနေတဲ့ ပရိတ်သတ်တစ်ဦးဆိုရင်တော့ မင်းသား Lee Min Ho ရဲ့ အရှိန်အဝါကြီးမားသလို သေသပ်နေတဲ့ တန်ဖိုးကြီးဝတ်စုံတွေကို သတိထားမိမှာပါ။ ဇာတ်လမ်းတွဲတစ်ခုလုံးအတွက် မင်းသားဟာ နာမည်ကြီးဒီဇိုင်နာဘရန်းတွေကိုသာ ဝတ်ဆင်ခဲ့ပြီ အထင်ပေါ်ဆုံးဝတ်စုံတွေကတော့…

၁။ အပိုင်း (၃) မှာဝတ်ဆင်ထားတဲ့ ဒီကုတ်ကတော့ Dior Men’s Fall 2019 collection ထဲက ဖြစ်ပါတယ်။ Dior ဝတ်စုံတွေရဲ့ ခမ်းနားတဲ့အရှိန်အဝါနဲ့ Lee Min Ho ရဲ့ visual ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ပြီးပြည့်စုံမှုဆိုတဲ့ စကားလုံးဟာ အဓိပ္ပာယ်ပေါ်လာခဲ့ပါတယ်။

၂။ တစ်ဖက်တစ်ချက်စီမှာ ထင်ရှားတဲ့ကြယ်သီးလေးတွေပါတဲ့ နက်ပြာရောင် long coat ကလဲ Lee Min Ho ဝတ်ပြီးနောက် အရမ်းရေပန်းစားခဲ့ပါတယ်။ Hermès ကဖြစ်ပြီး တန်ဖိုးကတော့ ထုံးစံအတိုင်း နည်းမှာတော့လုံးဝမဟုတ်ပါဘူး။

၃။ အပိုင်း (၉) မှာ မြင်းဖြူကြီးစီးပြီး ပျိုမေတွေရဲ့အသဲနှလုံးကို ဖမ်းစားသွားခဲ့တာကိုတော့ အားလုံးမှတ်မိကြမယ်ထင်ပါတယ်။ အဲ့ဒီဇာတ်ဝင်ခန်းမှာ ဝတ်ဆင်ထားတဲ့ black coat ကတော့ Dunhill ကဖြစ်ပြီး Dunhill က coat တွေ ဒီစီးရီးမှာ အတော်ဝတ်တာကို တွေ့ရပါတယ်။

၄။ အပိုင်း (၁၀) မှာ Prince Buyeong ရဲ့ ဈာပနကို တက်ရောက်ခဲ့ချိန်မှာ Lee Gon ဟာ လေးနက်တဲ့အသွင်နဲ့ တည်ငြိမ်တဲ့ပုံစံကို ကိုယ်စားပြုတဲ့ Berluti က double-breasted cashmere coat ကို ဝတ်ဆင်ထားပါတယ်။

၅။ Long coat တွေမဟုတ်ပဲ ဒီလိုပေါ့ပေါ့ပါးပါးနဲ့ ဖက်ရှင်ကျတဲ့ ပုံစံကိုလဲ The King ထဲမှာတွေ့ခဲ့ရပါတယ်။ အပိုင်း (၁၀) ရဲ့ဇာတ်ဝင်ခန်းတစ်ခုမှာ ပါဝင်တဲ့ ဒီဝတ်စုံကတော့ အောက်ခံဆွယ်တာက Louis Vuitton ကဖြစ်ပြီး အပေါ်ထပ်အသားရောင် coat ကတော့ Fendi ကပါ။

၆။ အပိုင်း (၁၂) ကဇာတ်ဝင်ခန်းတစ်ခုမှာ ပါတဲ့ ဒီဝတ်စုံကတော့ လက်တလော ရေပန်းအစားဆုံးဖြစ်ပြီး Prada က double-breasted wool coat ဖြစ်ကာ စျေးနှုန်းက $3970 ကျသင့်ပါတယ်။ Lee Min Ho နဲ့တော့ တကယ်ကိုလိုက်တာပါ။ ပရိတ်သတ်တွေရော ဘယ်ဝတ်စုံက ဘုရင်ကြီး Lee Gon နဲ့ အလိုက်ဖက်ဆုံးလို့ ထင်ကြသလဲ ပြောပြပေးသွားပါဦးနော်။

source: preview.ph

Share