အနုပညာရှင်တွေ ကြုံတွေ့ခဲ့ရတဲ့အစွန်းရောက်ပရိတ်သတ်တွေရဲ့ အဆိုးရွားဆုံး အန္တရာယ်ပေးမှုများ(အပိုင်း ၁)

အနုပညာရှင်တွေကို တရားလွန်စွဲလန်းရာကနေ သူတို့ရဲ့ကိုယ်ပိုင်ဘဝကိုပါ ဝင်ရောက်စွက်ဖက်ချင်တဲ့သူတွေကိုတော့ ကိုရီးယားအနုပညာလောကမှာ (Sasaeng Fan) အစွန်းရောက်ပရိတ်သတ်လို့ခေါ်ပါတယ်။ သူတို့တွေရဲ့ ဒုက္ခပေးခြင်းကိုခံခဲ့ရတဲ့ အနုပညာရှင် အချို့ကတော့…

၁။ Kim Yoo Jung
ကလေးဘဝတည်းက သရုပ်ဆောင်လုပ်ခဲ့တာမို့ မူလတန်းကျောင်းသူလေးအရွယ်မှာ အစွန်းရောက်ပရိတ်သတ်တစ်ယောက်က ဆွေမျိုးအယောင်ဆောင်ပြီး ကျောင်းကိုလာကြိုတာမျိုးလုပ်ခဲ့ဖူးပါတယ်။ ကံကောင်းလို့ ဆရာမကရဲကိုခေါ်ခဲ့လို့သာ Yoo Jung လေး အန္တရာယ်ကင်းခဲ့တာပါ။

၂။ 2PM Taecyeon
Taecyeon ကိုတရားလွန် စွဲလန်းတဲ့ အမျိုးသမီးပရိတ်သတ်တစ်ဦးဟာ သူ့ဆီကို “You can’t live witout me” ဆိုတဲ့စာကို သွေးနဲ့ရေးပို့ပြီး ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာတော့ ထိုအမျိုးသမီးက တောင်းပန်ခဲ့ပေမယ့် Taecyeon ကတော့ တော်တော်လေးလန့်သွားမှာပါ။

၃။ EXO
တစ်ဖွဲ့လုံးရိုက်ကူးရေးလုပ်နေတဲ့အချိန် EXO ရဲ့ကား ရပ်ထားတဲ့နေရာမှာ သူတို့ကားနဲ့ပုံစံထပ်တူနီးပါးဆင်တူတဲ့ ကားတစ်စီးကိုငှားပြီး လာရပ်ထားခဲ့ဖူးပါတယ်တဲ့။ သူတို့ကိုပြန်ပေးဆွဲဖို့ ကြံစည်ခဲ့တာ ဖြစ်နိုင်ပြီး မန်နေဂျာက သတိထားမိလိုက်ခဲ့လို့သာ အဆင်ပြေခဲ့တာပါ။

၄။ Girls’ Generation’s Taeyeon
၂၀၁၁ ခုနှစ်တုန်းက စင်မြင့်ပေါ်မှာအဖွဲ့နဲ့အတူ ဖျော်ဖြေနေတုန်း အမျိုးသားတစ်ယောက်က စင်ပေါ်ကိုတက်ပြီး Taeyeon ကိုဆွဲခေါ်သွားဖို့ ကြိုးစားခဲ့ပါတယ်။ ပွဲရဲ့ MC ဖြစ်တဲ့ Oh Jung Tae နဲ့ အဖွဲ့ဝင် Sunny တို့အချိန်မှီ ကာကွယ်လိုက်နိုင်ခဲ့လို့ ဘေးကင်းခဲ့ရပါတယ်။

၅။ Bigbang’s G-Dragon
အစွန်းရောက်ပရိတ်သတ်တွေက အမြဲတမ်းသူ့အိမ်နားအထိ ရောက်လာကြပြီး ချောင်းကြမြောင်းကြလို့ အမေနဲ့အစ်မဖြစ်သူကတောင် ထိတ်လန့်ရပါတယ်တဲ့။ Idol ကိုအားပေးတာတော့ ကောင်းပေမယ့် ကိုယ်ပိုင်ဘဝအထိ စွက်ဖက်တာကတော့ သူတို့ကိုအနေခက်စေပါတယ်။

၆။ TVXQ Yunho
လက်မှတ်ထိုးပွဲကို တက်ရောက်လာတဲ့ ပရိတ်သတ်ကပေးတဲ့ဖျော်ရည်ကို ယုံယုံကြည်ကြည် သောက်ခဲ့ပြီးမှ ထိုအအေးထဲမှာ super glue တွေထည့်ထားတာကြောင့် အရေးပေါ်ကုသမှုခံခဲ့ရပြီး အသက်အန္တရာယ်ပါ စိုးရိမ်ရတဲ့အခြေအနေဖြစ်ခဲ့ပါတယ်။ အပိုင်း (၂) ကိုလည်း Myanmar Cele Bar Page မှာဆက်လက်တင်ပေးသွားပါဦးမယ်ရှင့်။

Source: DaR DaR

Share