Most beautiful woman in the world လို့သတ်မှတ်ခံလိုက်ရတဲ့ Son Ye Jin

Son Ye Jin ဟာ Crash Landing on You ဇာတ်လမ်းတွဲတွင် မင်းသား Hyun bin နှင့်အတူ တွဲဖက်သရုပ်ဆောင်ခဲ့ပြီး အောင်မြင်မှုများစွာရရှိခဲ့ပါတယ်။ သူမ၏ အရွယ်နှင့်မလိုက်အောင် နုပျိုသည့်ရုပ်ရည်၊ စမတ်ကျလှသော အဝတ်အစားဖက်ရှင်များကြောင့်လည်း အမျိုးသမီးတိုင်း၏ အလှအပရေးရာ စံပြတစ်ဦးလည်း ဖြစ်ပါတယ်။

Son Ye Jin ဟာ ကမ္ဘာအလှဆုံး အမျိုးသမီးများစာရင်းတွင် winner ဖြစ်ခဲ့ပါတယ်။ Starmometer မှဦးစီး၍ ပြုလုပ်သော Online voting တွင် လူပေါင်း ၁၄သန်းခန့် ပါဝင်ပီး vote ပေးခဲ့ကြပါတယ်။

အသက် ၂၀ နှင့် ၄ဝ ကြားရှိသော နိုင်ငံအသီးသီးမှ အမျိုးသမီးအနုပညာရှင်များကို ရွေးချယ်ပီး online ပြိုင်ပွဲတစ်ခုကဲ့သို့ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ၁လခန့်ပြုလုပ်သော ပြိုင်ပွဲအပီးတွင်တော့ Son Ye Jin မှ Vote လေးသန်းဖြင့် နံပါတ် ၁ နေရာတွင် ရပ်တည်ခဲ့ပါတယ်။

Blackpink အဖွဲ့ဝင် Lisa ကတော့ vote အရေအတွက် ၃သန်းကျော်နှင့် ဒုတိယဖြစ်ခဲ့ပါတယ်။ တတိယနေရာကိုတော့ Twiceအဖွဲ့ဝင် Tzuyu နှင့် စတုထ္ထကိုတော့ ထိုင်းမင်းသမီး Urassaya (yaya) တို့မှရရှိခဲ့ပါတယ်။ Top ten စာရင်းတွင်တော့ Song Hye Kyo, Blackpink’s Jisoo, Blackpink’s Rose, Blackpink’s Jennie တို့လည်း ပါဝင်ခဲ့ပါတယ်။

(Zawgyi) Most beautiful woman in the world လို့သတ်မှတ်ခံလိုက်ရတဲ့ Son Ye Jin





Source: Candymag

Share