Nation’s Title ရရှိထားကြတဲ့ နာမည်ကျော် ကိုရီးယားအနုပညာရှင်များ (အပိုင်း ၁)

တောင်ကိုရီးယားမှာ အနုပညာရှင်တွေကို တစ်နိုင်ငံလုံးအနေအထားနဲ့ ဝိုင်းဝန်းချစ်ခင်အားပေးကြပြီဆိုရင် နိုင်ငံလုံးဆိုင်ရာဂုဏ်ပုဒ်နဲ့ ချီးမြင့်သတ်မှတ်တတ်ကြပါတယ်။ Nation’s title ကတော့ အနုပညာရှင်တွေအတွက် တကယ်ကိုဂုဏ်ယူစရာ မှတ်တိုင်တစ်ခုပါပဲ။

Son Ye Jin (Nation’s 1st Love)
၂၀၀၀ ပြည့်နှစ်ပတ်ဝန်းကျင်လောက်မှာ တစ်နိုင်ငံလုံး ချစ်ခင်အားပေးခဲ့ရတဲ့ သူမရဲ့ဖြူစင်တဲ့မျက်နှာလေးနဲ့ သိမ်မွေ့တဲ့အလှတရားဟာ လူတိုင်းအတွက် အချစ်ဦးကိုသတိရစေနိုင်ခဲ့တာမို့ Nation’s 1st love ဆိုတဲ့ ဂုဏ်ပုဒ်ကိုရရှိခဲ့ပါတယ်။

Yoo Jae Suk (Nation’s MC)
ပွဲတစ်ခုခု အစီအစဉ်တစ်ခုခုကို တင်ဆက်ရပြီဆိုရင် သူ့ရဲ့လူကြီးလူကောင်းပီသမှု စကားကြွယ်မှုနဲ့ ဟာသဉာဏ်ပြည့်ဝမှုတို့ကြောင့် Nation’s MC အဖြစ် ပြည်သူတွေအားလုံးက သတ်မှတ်ခဲ့ကြပြီး သူ့ကိုမုန်းတဲ့သူ လုံးဝမရှိပါဘူး။

Suzy (Nation’s 1st Love)
အဆိုတော်လဲဖြစ် မင်းသမီးလဲဖြစ်တဲ့ Suzy ကလဲ သူ့ရဲ့ဖြူစင်တဲ့အလှတရားနဲ့ သဘာဝအတိုင်းကြည်ကြည်လင်လင်လေး ချစ်စရာကောင်းတဲ့မျက်နှာကြောင့် ပြီးပြည့်စုံတဲ့အချစ်ဦးပုံရိပ်ကို ပိုင်ဆိုင်ထားပြီး Nation’s 1st Love တွေထဲမှာ အပါအဝင်ပါ။

Yoo Seung Ho (Nation’s Little Brother)
ကလေးဘဝတည်းက အနုပညာလောကထဲကိုဝင်ရောက်လာခဲ့တဲ့ ဒီမင်းသားလေးကတော့ တစ်နိုင်ငံလုံးရဲ့မျက်စိရှေ့မှာတင် ကြီးပြင်းလာတာမို့ အားလုံးကသဲသဲလှုပ်ချစ်ကြပြီး Nation’s little brother လို့ တညီတညွတ်တည်း သတ်မှတ်ထားကြတာပါ။

IU (Nation’s Little Sister)
ပွဲဦးထွက်စတည်းက သူများရဲ့အပြစ်ကင်းစင်တဲ့မျက်နှာလေး၊ သေးသေးကွေးကွေးအချိုးအဆစ်လေးနဲ့ ကြည်လင်ချိုမြတဲ့အသံကြောင့် တစ်နိုင်ငံလုံးရဲ့အသဲနှလုံးကိုသိမ်းပိုက်ခဲ့ပြီး Nation’s Little Sister/Nation’s Sweetheart လို့ခေါ်ဝေါ်ကြပါတယ်။

Lee Seung Gi (Nation’s Uhm-Chin-Ah)
엄찬아 ဆိုတာကတော့ အမေ့သူငယ်ချင်းရဲ့သားကို အတိုကောက်ခေါ်တာဖြစ်ပြီး Lee Seung Gi ချောတဲ့အပြင်ထက်မြက်လို့ ကိုရီးယားကောင်လေးတွေ အမြဲနှိုင်းယှဉ်ခံရတဲ့ အရမ်းတော်တဲ့ အမေ့သူငယ်ချင်းရဲ့သားလိုပုံစံမျိုးမို့ အဲ့ဒီလိုခေါ်တွင်ကြတာပါတဲ့။

Park Bo Gum (Nation’s Crown Prince)
သူ့ရဲ့အဆင့်အတန်းမြင့်တဲ့ ပုံရိပ်နဲ့ ချောမောခန့်ညားမှူကြောင့် နိုင်ငံ့အိမ်ရှေ့စံလို့ ချစ်စနိုးခေါ်ကြသလို၊ Nation’s Boyfriend လို့တစ်မျိုး ကောင်းမွန်တဲ့ကိစ္စတွေပဲ အမြဲလုပ်တဲ့ လူလိမ္မာလေးမို့ Nation’s Man of Good Influence လို့တစ်ဖုံ ခေါ်ဆိုကြပါသေးတယ်။

Rain (Nation’s Thief)
သီချင်းတွေများစွာနဲ့ ကမ္ဘာတစ်ဝှမ်းက fan တွေရဲ့ အချစ်တော် Rain ရဲ့ Nation’s Title ကတော့ ရယ်ရခက်ငိုရခက်ပါပဲ။ ပြိုင်စံရှားအလှပဂေးKim Tae Hee နဲ့ လက်ထပ်လိုက်တာမို့ တစ်နိုင်ငံလုံးရဲ့အသဲနှလုံးကို ခိုးယူသွားသူဆိုပြီး ချစ်စနိုးနဲ့ စနောက်ကြပါတယ်။

Kim Tae Hee (Nation’s Goddess)
​တွေ့မြင်ရခဲတဲ့အလှမျိုးနဲ့ တစ်မျက်နှာလုံးအပြစ်ပြောစရာမရှိအောင် လှလွန်းသလို ပညာရေးမှာလဲ သူမတူအောင်ထူးချွန်တာကြောင့် တစ်နိုင်ငံလုံးက နတ်ဘုရားမလေးလို့တင်စားပြီး Nation’s Goddess လို့ ချစ်စနိုးနဲ့ခေါ်ကြပါတယ်။

Yeo Jin Goo (Nation’s Little Brother)
Hotel Del Luna ဇာတ်လမ်းတွဲရဲ့ မင်းသားချောလေးကလဲ ငယ်ငယ်ကတည်းက ကလေးသရုပ်ဆောင်ဘဝနဲ့ ပရိတ်သတ်တွေချစ်ခဲ့ရသူလေးမို့ Nation’s little brother ဆိုတဲ့ ဂုဏ်ပုဒ်ကိုပိုင်ဆိုင်ထားသူပါ။

ဒါကတော့ Nation’s title ရရှိထားတဲ့ ဂုဏ်ယူစရာ အနုပညာရှင်တွေအများကြီးထဲကမှ အချို့ကိုအပိုင်း (၁) အဖြစ် ကောက်နှုတ်ဖော်ပြထားခြင်း ဖြစ်ပါတယ်။ လကုန်ရင်လည်း ညီမတို့ Cele Bar page မှာ Hoodies လေးတွေ Giveaway ပေးသွားဖို့ရှိပါတယ်ရှင့်…။

source : koreaboo

Share