၂၀၁၉ ခုနှစ်ကမှ အနုပညာလောကကမဟုတ်တဲ့ ချစ်သူကောင်မလေးနဲ့တွဲနေပြီလို့ ပရိတ်သတ်တွေကို အသိပေးခဲ့တဲ့ TVXQ အဖွဲ့ဝင် Changmin ဟာ ဒီနေ့မှာပဲ fan cafe မှာ လက်ရေးစာတစ်စောင်တင်ပြီး သူလက်ထပ်တော့မှာဖြစ်ကြောင်းကို အသိပေးခဲ့တာပါ။
“အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော် TVXQ အဖွဲ့ရဲ့ Changmin ပါ။ ပရိတ်သတ်အားလုံးကို ကိုယ်တိုင်ပြောပြချင်တဲ့ စကားလေးရှိလို့ ဒီစာကိုသတ္တိမွေးပြီး ရေးလိုက်ပါတယ်။ ပေါ့ပြက်ပြက်ပြောလို့ရတဲ့ ကိစ္စမဟုတ်လို့ စာတစ်လုံးရေးတိုင်းမှာ ရင်တုန်နေပါတယ်။
ကျွန်တော့်ကိုအစဉ်တစိုက်အားပေးလာတဲ့ ပရိတ်သတ်တွေအနေနဲ့ ရုတ်တရက်ထွက်လာတဲ့ သတင်းကြောင့် ထိတ်လန့်ရမယ်ဆိုတာသိပါတယ်။ အဲ့အတွက်ဝမ်းလဲနည်းတယ်။ ဒါပေမယ့်ဒီလိုကိစ္စမျိုးကို ကျွန်တော်ကိုယ်တိုင်အသိပေးတာမျိုးမဟုတ်ပဲ အခြားကပြန်သိတာမျိုး မဖြစ်စေချင်ပါဘူး။
ကျွန်တော်အဆိုတော်အဖြစ်ရပ်တည်ခဲ့တာ ၁၇ နှစ်ကျော်ပါပြီ။ စစချင်းမှာတော့ ဘာမှမသိသေးပဲ မရင့်ကျက်တဲ့ကျောင်းသားလေးဖြစ်ခဲ့ပေမယ့် အခုတော့ကျွန်တော်ဟာ အသက်သုံးဆယ်ကျော် ယောက်ျားသားတစ်ယောက်ဖြစ်နေပါပြီ” လို့အစချီပြီး အဖွဲ့ဝင် Yunho ရယ် ပရိတ်သတ်တွေရယ်နဲ့ ရှိခဲ့တဲ့အမှတ်တရတွေကို ပြန်ပြောင်းပြောဆိုခဲ့ပါတယ်။
ဆက်လက်ပြီးတော့ Changmin က “ကျွန်တော့်မှာတွဲနေတဲ့မိန်းကလေးရှိတာ အားလုံးသိကြပြီးဖြစ်မှာပါ။ နှစ်ယောက်သား ယုံကြည်မှု သစ္စာရှိမှုတွေနဲ့ relationship ကို တည်ဆောက်ထားပါတယ်။
အခုအဲ့ဒီမိန်းကလေးနဲ့ ကျွန်တော့်ဘဝကိုဝေမျှဖို့ ဆုံးဖြတ်လိုက်ပါပြီ။ နွေရာသီရဲ့အပူတွေကုန်ဆုံးသွားတဲ့ September လမှာ မင်္ဂလာပွဲကျင်းပပါမယ်” လို့ ဒီနှစ်ကိုးလပိုင်းမှာ ချစ်သူနဲ့လက်ထပ်တော့မယ့်အကြောင်းကို အသိပေးခဲ့ပါတယ်။
Changmin ဟာ အဆိုတော်အဖြစ်ရပ်တည်လာတဲ့ သက်တမ်းတစ်လျှောက် တကယ်ကိုအေးဆေးသူဖြစ်ပြီး လူကြီးလူကောင်းပီသကာ ရင့်ကျက်တာကြောင့် ပရိတ်သတ်တွေကတော့ သူ့ရဲ့အိမ်ထောင်ဖက်ဟာ အရမ်းကံကောင်းတယ်လို့ဆိုပြီး ချစ်သူနှစ်ယောက် ရွှေလက်တွဲနိုင်ဖို့ကို ဆုမွန်ကောင်းတောင်းပေးနေကြပါတယ်။ Changmin နဲ့သူ့ချစ်သူ ဘဝတစ်လျှောက်လုံး သာယာပျော်ရွှင်ဖို့ Myanmar Cele Bar အဖွဲ့သားများကလဲ တောင်းဆုခြွေလိုက်ပါတယ်။
(Zawgyi) ခ်စ္သူနဲ႔ လက္ထပ္ေတာ့မယ့္အေၾကာင္း ပရိတ္သတ္ကိုအသိေပးလိုက္တဲ့ TVXQ’s Changmin
၂၀၁၉ ခုႏွစ္ကမွ အႏုပညာေလာကကမဟုတ္တဲ့ ခ်စ္သူေကာင္မေလးနဲ႔တြဲေနၿပီလို႔ ပရိတ္သတ္ေတြကို အသိေပးခဲ့တဲ့ TVXQ အဖြဲ႕ဝင္ Changmin ဟာ ဒီေန႔မွာပဲ fan cafe မွာ လက္ေရးစာတစ္ေစာင္တင္ၿပီး သူလက္ထပ္ေတာ့မွာျဖစ္ေၾကာင္းကို အသိေပးခဲ့တာပါ။
“အားလုံးပဲ မဂၤလာပါ။ ကၽြန္ေတာ္ TVXQ အဖြဲ႕ရဲ့ Changmin ပါ။ ပရိတ္သတ္အားလုံးကို ကိုယ္တိုင္ေျပာျပခ်င္တဲ့ စကားေလးရွိလို႔ ဒီစာကိုသတၱိေမြးၿပီး ေရးလိုက္ပါတယ္။ ေပါ့ျပက္ျပက္ေျပာလို႔ရတဲ့ ကိစၥမဟုတ္လို႔ စာတစ္လုံးေရးတိုင္းမွာ ရင္တုန္ေနပါတယ္။
ကၽြန္ေတာ့္ကိုအစဥ္တစိုက္အားေပးလာတဲ့ ပရိတ္သတ္ေတြအေနနဲ႔ ႐ုတ္တရက္ထြက္လာတဲ့ သတင္းေၾကာင့္ ထိတ္လန႔္ရမယ္ဆိုတာသိပါတယ္။ အဲ့အတြက္ဝမ္းလဲနည္းတယ္။ ဒါေပမယ့္ဒီလိုကိစၥမ်ိဳးကို ကၽြန္ေတာ္ကိုယ္တိုင္အသိေပးတာမ်ိဳးမဟုတ္ပဲ အျခားကျပန္သိတာမ်ိဳး မျဖစ္ေစခ်င္ပါဘူး။
ကၽြန္ေတာ္အဆိုေတာ္အျဖစ္ရပ္တည္ခဲ့တာ ၁၇ ႏွစ္ေက်ာ္ပါၿပီ။ စစခ်င္းမွာေတာ့ ဘာမွမသိေသးပဲ မရင့္က်က္တဲ့ေက်ာင္းသားေလးျဖစ္ခဲ့ေပမယ့္ အခုေတာ့ကၽြန္ေတာ္ဟာ အသက္သုံးဆယ္ေက်ာ္ ေယာက္်ားသားတစ္ေယာက္ျဖစ္ေနပါၿပီ” လို႔အစခ်ီၿပီး အဖြဲ႕ဝင္ Yunho ရယ္ ပရိတ္သတ္ေတြရယ္နဲ႔ ရွိခဲ့တဲ့အမွတ္တရေတြကို ျပန္ေျပာင္းေျပာဆိုခဲ့ပါတယ္။
ဆက္လက္ၿပီးေတာ့ Changmin က “ကၽြန္ေတာ့္မွာတြဲေနတဲ့မိန္းကေလးရွိတာ အားလုံးသိၾကၿပီးျဖစ္မွာပါ။ ႏွစ္ေယာက္သား ယုံၾကည္မႈ သစၥာရွိမႈေတြနဲ႔ relationship ကို တည္ေဆာက္ထားပါတယ္။
အခုအဲ့ဒီမိန္းကေလးနဲ႔ ကၽြန္ေတာ့္ဘဝကိုေဝမၽွဖို႔ ဆုံးျဖတ္လိုက္ပါၿပီ။ ေႏြရာသီရဲ့အပူေတြကုန္ဆုံးသြားတဲ့ September လမွာ မဂၤလာပြဲက်င္းပပါမယ္” လို႔ ဒီႏွစ္ကိုးလပိုင္းမွာ ခ်စ္သူနဲ႔လက္ထပ္ေတာ့မယ့္အေၾကာင္းကို အသိေပးခဲ့ပါတယ္။
Changmin ဟာ အဆိုေတာ္အျဖစ္ရပ္တည္လာတဲ့ သက္တမ္းတစ္ေလၽွာက္ တကယ္ကိုေအးေဆးသူျဖစ္ၿပီး လူႀကီးလူေကာင္းပီသကာ ရင့္က်က္တာေၾကာင့္ ပရိတ္သတ္ေတြကေတာ့ သူ႔ရဲ့အိမ္ေထာင္ဖက္ဟာ အရမ္းကံေကာင္းတယ္လို႔ဆိုၿပီး ခ်စ္သူႏွစ္ေယာက္ ေရႊလက္တြဲနိုင္ဖို႔ကို ဆုမြန္ေကာင္းေတာင္းေပးေနၾကပါတယ္။ Changmin နဲ႔သူ႔ခ်စ္သူ ဘဝတစ္ေလၽွာက္လုံး သာယာေပ်ာ္ရႊင္ဖို႔ Myanmar Cele Bar အဖြဲ႕သားမ်ားကလဲ ေတာင္းဆုေႁခြလိုက္ပါတယ္။
source : koreaboo