ဆုပေးပွဲတွေရဲ့ ကော်ဇောနီထက်မှာ Suzy ဆင်မြန်းခဲ့တဲ့ အလှပဆုံးဝတ်စုံများ

ကေဒရမ်မာပရိတ်သတ်တွေ အားလုံးချစ်ကြတဲ့ Suzy ကတော့ အပြစ်ကင်းစွာလှပတဲ့မျက်နှာလေးရယ် လူတိုင်းအားကျရတဲ့အသားအရည်ရယ် နွဲ့နှောင်းသွယ်လျတဲ့ အချိုးအဆစ်လေးရယ်နဲ့ ဘာဝတ်ဝတ်လှတယ်ဆိုတာ အားလုံးသိကြမှာပါ။ Suzy ရဲ့အလှကို ပိုပြီးထင်ပေါ်လာစေတဲ့ ဝတ်စုံတွေကတော့…

၁။ 2018 ခုနှစ် Asia Artist Awards မှာ ဝတ်ဆင်ခဲ့တဲ့ လက်ပြတ်ဂါဝန်ရှည်လေးဟာ Suzy ရဲ့အသားအရည်နဲ့တကယ်ကိုလိုက်ဖက်ပါတယ်။ ရိုးရှင်းတဲ့ စစ်စိမ်းရောင်လေးနဲ့ ပေါ့ပေါ့ပါးပါး စိန်ထည်လေးတွေ တွဲဖက်လိုက်တဲ့အခါ အရိုးရှင်းဆုံးနဲ့ အလှပဆုံးဖြစ်သွားခဲ့ပါတယ်။

၂။ ၂၀၁၉ ခုနှစ် SBS Drama Awards မှာ လုံလုံခြုံခြုံ ဂါဝန်လက်ရှည်လေးနဲ့ ပွဲတက်လာတဲ့ ကျက်သရေရှိတဲ့ Suzy ရဲ့အလှဟာ ရေပန်းစားခဲ့ပါတယ်။ ရိုးရိုးလေးနဲ့တင့်တယ်တဲ့ ဒီဇိုင်းဟာ Suzy ကိုတော်ဝင်မင်းသမီးလေးအသွင် ပြောင်းလဲပေးခဲ့တာပါ။

၃။ ၂၀၁၉ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ၅၅ ကြိမ်မြောက် Baeksang Awards မှာ အစီအစဉ်တင်ဆက်ခဲ့တဲ့ Suzy ဟာ ပုံပြင်ထဲကမင်းသမီးလေးလိုပါပဲ။ ပန်းနုရောင်ဝတ်စုံလေးနဲ့ အိပ်မက်ဆန်ဆန်လှနေတဲ့သူမကို လူတိုင်းငေးကြည့်ခဲ့ရတဲ့ ပွဲပါ။

၄။ Baeksang Awards ပွဲတွေမှာ နှစ်တိုင်းလိုလို အစီအစဉ်တင်ဆက်ခဲ့တဲ့ Suzy ရဲ့ ၂၀၁၈ ခုနှစ်က ပွဲတက်ဝတ်စုံကိုလဲ ချန်ထားလို့မရပါဘူး။ အဖြူလွှလွှ ဝတ်စုံလေးနဲ့ သိမ်မွေ့စွာလှနေခဲ့ပုံဟာ နတ်သမီးလေးတစ်ပါး နတ်သက်ကြွေလာသလိုပါပဲ။

၅။ ၂၀၁၇ ခုနှစ် SBS Drama Awards မှာ Suzy ဝတ်ဆင်ခဲ့တဲ့ ဖက်ရှင်ကလဲ အခုထိမှတ်မိစရာဖြစ်နေပါတယ်။ အပြာနုနဲ့အပြာရင့်ကို တောက်ပစွာ တွဲဖက်ထားတဲ့ ဝတ်စုံလေးက သူမရဲ့အလှကို လူပုံအလည်မှာ ထင်ရှားစေခဲ့ပါတယ်။

၆။ မကြာသေးခင်ကမှ ကျင်းပခဲ့တဲ့ Baeksang Awards 2020 မှာလဲ Suzy ဟာ နို့နှစ်ရောင်ဝတ်စုံလေးနဲ့ အရမ်းလှနေခဲ့ပါတယ်။ ထူးခြားတာက လက်ဝတ်ရတနာဆိုလို့ နားကပ်လေးပဲဝတ်ထားပြီး ပြောင်ရှင်းနေတဲ့လည်တိုင်အလှကိ​ု အသားပေးထားခဲ့ပါတယ်။

ပရိတ်သတ်တွေရော Suzy ရဲ့ ဘယ်လိုဝတ်စုံလေးကို အကြိုက်ဆုံးဖြစ်ပြီး ဘယ်ဝတ်စုံလေးက Suzy နဲ့အလိုက်ဖက်ဆုံးလို့ ထင်သလဲဆိုတာ မှတ်ချက်လေးတွေပေးသွားကြပါဦးနော်။

source : Dar Dar

Share