1. IU
အားလုံးချစ်ရတဲ့ IU ဟာဆိုရင် ဝိတ်ချခဲ့တဲ့အချိန်တုံးက တနေ့ကို ပန်းသီးတစ်လုံး၊ ကန်စွန်းဉနဲ့ Protein shake သာ စားသောက်ခဲ့ပါတယ်တဲ့။ ဒါ့အပြင် နေ့စဉ်လေ့ကျင့်ခန်းလည်း ကြိုးကြိုးစားစား လုပ်ခဲ့ပါသေးတယ်။ IU ဟာ ၄ ရက်အတွင်းမှာပဲ ကိုယ်အလေးချိန် ၄ ကီလို ကျခဲ့ပါတယ်။
2. Ailee
Vocal power ကောင်းကောင်းနဲ့ Aliee ကျင့်သုံးခဲ့တဲ့ diet ဟာလည်း ထင်ရှားပါတယ်။ Ailee ဟာ တနေ့ကို ကယ်လိုရီ ၅၀၀ ပဲ စားသုံးခဲ့ပါတယ်။ ဥပမာ နံနက်စာအတွက် ငှက်ပျောသီးတစ်လုံး၊ နေ့လည်စာအတွက် ကြက်ရင်အုံသား၊ ညစာအနေနဲ့ ဟင်းသီးဟင်းရွက်သာ စားသုံးခဲ့ပါတယ်။ ဒါ့ကြောင့် Ailee ဟာ တလ အတွင်း ၂၂ ပေါင် ကျခဲ့ပါတယ်။
3. Soyou
Sistar အဖွဲ့ရဲ့ Soyou ဟာလည်း တနေ့ကို တနပ်သာ စားပြီး ၁၈ ပေါင်ခဲ့ ဝိတ်ကျအောင် ကြိုးစားခဲ့ပါတယ်။ သူမဟာ တနေ့ကို အနှစ်မပါတဲ့ ငုံးဥလေးလုံး နဲ့ နွားနို့ တခွက် သာ စားသုံးခဲ့ပါတယ်။ ဒါ့အပြင် ကယ်လိုရီများများ ပို ကျနိုင်အောင် နေ့စဉ် လေ့ကျင့်ခန်း လည်း လုပ်ခဲ့ပါသေးတယ်တဲ့။
4. Suzy
အလှပဂေး Suzy ဟာလည်း အံ့ဩစရာ ဝိတ်ချနိုင်ခဲ့မှုကြောင့် ထင်ရှားပါသေးတယ်။ သူမဟာ ယခုလို ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ရဖို့ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ မနက်စာအတွက် ကြက်ရင်အုံ တစ်တုံး၊ နေ့လည်စာအနေနဲ့ Brown rice နဲ့ ဟင်းသီးဟင်းရွက် အနည်းငယ်၊ ညစာအနေနဲ့ ကန်စွန်းဥ နှစ်လုံးသာ စားသုံးပြီး ဝိတ်ချနိုင်ခဲ့ပါတယ်။
5. 2AM’s Changmin
2AM ရဲ့ Changmin ဟာဆိုရင်လည်း အရမ်းခက်ခဲ တင်းကျပ်တဲ့ Diet နဲ့ ဝိတ်ချခဲ့ပါတယ်။ ကျန်းမာတဲ့ ခန္ဓာကိုယ်ရဖို့ တို့ဖူး၂ တုံးဟာ သူ့ရဲ့ တနေ့စာဖြစ်ခဲ့ပြီး တနေ့ကို ၆ နာရီ အပြေးလေ့ကျင့်ပြီး ကြိုးစားခဲ့ပါတယ်။
6. Big Bang’s T.O.P
T.O.P ဟာလည်း ရက် ၄၀ အတွင်းမှာ ၄၄ ပေါင် ကျအောင် ဝိတ်ချနိုင်ခဲ့ပါတယ်။ သူဟာ တနေ့စာအတွက် ရေနဲ့ ပဲနီ ဂျယ်လီပဲ စားပြီး နေ့စဉ် လေ့ကျင့်ခန်း လုပ်ခဲ့ပါတယ်။
7. EXO’s Xiumin
Xiumin ဟာ လည်း ခက်ခဲတဲ့ Diet နဲ့ ဝိတ်ချခဲ့ပါတယ်။ ဝိတ်ချခဲ့စဉ် တချိန်က ” Coffee diet” တစ်ခုကို ကျင့်သုံးခဲ့ပါတယ်။ Xiumin ရဲ့ ” Coffe diet” ဟာ နှစ်ရက်မှ တစ်ခါ အစား စားပြီး ကော်ဖီသာ သောက်ခြင်းပဲ ဖြစ်ပါတယ်။
8. TVXQ
KPOP ရဲ့ ဂန္တဝင်အဖွဲ့ TVXQ ဟာဆိုရင် အဆိုးရွားဆုံး Diet လို့တောင် ပြောလို့ရတဲ့ Diet Plan လုပ်ခဲ့ရပါတယ်တဲ့။ တရားဝင် ပြောကြားခြင်း မရှိခဲ့ပေမယ့် TVXQ အဖွဲ့ဝင် ငါးယောက်ဟာ ပွဲဦးမထွက်ခင်က အစာမစားပဲ ရေသာသောက်ပြီး ကိုယ်အလေးချိန် ထိန်းသိမ်းခဲ့ရတယ်လို့ သတင်းအချို့က ဖော်ပြကြပါတယ်။ တွေးကြည့်တာနဲ့တင် မယုံနိုင်စရာပါပဲ။
Source: Allkpop
Written by: Gyi Gyi