အချောဆုံးမျက်နှာပိုင်ရှင် ( Best Face In The World) အဖြစ် ၂ နှစ်ဆက်တိုက် ရွေးချယ်ခံခဲ့ရတဲ့ BTS ရဲ့ V

BTS ရဲ့ V ကတော့ Starmometer က ရွေးတဲ့ ၂၀၂၀ အတွက် အချောဆုံးမျက်နှာရှင် ( Best Face In The World) အဖြစ် အရွေးချယ်ခံလိုက်ရပြန်ပါပီ။ ၂၀၁၉ မှာလည်း အချောဆုံးအဖြစ် ရွေးချယ်ခံခဲ့ရတဲ့အတွက် ဒီနှစ်နဲ့ဆို ၂ နှစ်မြောက်ပါ။

Starmometer ဆိုတာ ကမ္ဘာအရပ်ရပ်က အနုပညာသတင်းတွေတင်တဲ့ သတင်းစာမျက်နှာ တစ်ခုပါ။ ဒီအဆင့်သတ်မှတ်ချက်အတွက် ကမ္ဘာအရပ်ရပ်က ပရိသတ်များဟာ မေလ ၆ ရက်မှ ဇွန်လ ၅ ရက်အတွင်း လူမှုကွန်ယက်တွေဖြစ်တဲ့ Twitter, Facebook နဲ့ Instagram တို့မှ တဆင့် မဲပေးခဲ့ကြပါတယ်။ V ကတော့ မဲပေးမှုပေါင်း 1,705,681 ခုနဲ့ ပထမနေရာ အဖြစ် ရွေးချယ်ခံခဲ့ရတာပါ။

BTS V အတွက် ဒီလို နိုင်ငံတကာက ရွေးချယ်မှုမှာ ထိပ်တန်းအဆင့်ရတာဟာ တစ်ကြီမ်မကတော့ပါဘူး။ Youtube မှာရွေးတဲ့ “ကမ္ဘာ့အချောဆုံး ၁၀ ယောက်” မှာလည်း ထိပ်တန်းနေရာ အရွေးချယ်ခံခဲ့ရပါသေးတယ်။ V မှာ ထင်ရှားတဲ့ မျက်မှာအစိတ်အပိုင်းတွေနဲ့ ဆွဲဆောင်မှုရှိတဲ့ မျက်နှာ ပိုင်ဆိုင်ထားတဲ့အတွက် ဒီလို ရွေးချယ်ခံရတာဟာ အံ့ဩစရာတော့ မဟုတ်ပါဘူး။

(Zawgyi) အေခ်ာဆုံးမ်က္ႏွာပိုင္ရွင္ ( Best Face In The World) အျဖစ္ ၂ ႏွစ္ဆက္တိုက္ ေရြးခ်ယ္ခံခဲ့ရတဲ့ BTS ရဲ့ V

BTS ရဲ့ V ကေတာ့ Starmometer က ေရြးတဲ့ ၂၀၂၀ အတြက္ အေခ်ာဆုံးမ်က္ႏွာရွင္ ( Best Face In The World) အျဖစ္ အေရြးခ်ယ္ခံလိုက္ရျပန္ပါပီ။ ၂၀၁၉ မွာလည္း အေခ်ာဆုံးအျဖစ္ ေရြးခ်ယ္ခံခဲ့ရတဲ့အတြက္ ဒီႏွစ္နဲ႔ဆို ၂ ႏွစ္ေျမာက္ပါ။

Starmometer ဆိုတာ ကမၻာအရပ္ရပ္က အႏုပညာသတင္းေတြတင္တဲ့ သတင္းစာမ်က္ႏွာ တစ္ခုပါ။ ဒီအဆင့္သတ္မွတ္ခ်က္အတြက္ ကမၻာအရပ္ရပ္က ပရိသတ္မ်ားဟာ ေမလ ၆ ရက္မွ ဇြန္လ ၅ ရက္အတြင္း လူမႈကြန္ယက္ေတြျဖစ္တဲ့ Twitter, Facebook နဲ႔ Instagram တို႔မွ တဆင့္ မဲေပးခဲ့ၾကပါတယ္။ V ကေတာ့ မဲေပးမႈေပါင္း 1,705,681 ခုနဲ႔ ပထမေနရာ အျဖစ္ ေရြးခ်ယ္ခံခဲ့ရတာပါ။

BTS V အတြက္ ဒီလို နိုင္ငံတကာက ေရြးခ်ယ္မႈမွာ ထိပ္တန္းအဆင့္ရတာဟာ တစ္ႀကီမ္မကေတာ့ပါဘူး။ Youtube မွာေရြးတဲ့ “ကမၻာ့အေခ်ာဆုံး ၁၀ ေယာက္” မွာလည္း ထိပ္တန္းေနရာ အေရြးခ်ယ္ခံခဲ့ရပါေသးတယ္။ V မွာ ထင္ရွားတဲ့ မ်က္မွာအစိတ္အပိုင္းေတြနဲ႔ ဆြဲေဆာင္မႈရွိတဲ့ မ်က္ႏွာ ပိုင္ဆိုင္ထားတဲ့အတြက္ ဒီလို ေရြးခ်ယ္ခံရတာဟာ အံ့ဩစရာေတာ့ မဟုတ္ပါဘူး။

Source: Koreaboo
Written: Gyi Gyi

Share