အသစ်ထွက်ရှိမည့် Wonderland ရုပ်ရှင်ရိုက်ကွင်းတွင် တွေ့ရသည့် Suzy နှင့် Park Bo Gum

မင်းသား Park Bo Gum နှင့် မင်းသမီး Suzy တို့ဟာ သူတို့၏ အသစ်ထွက်ရှိမည့် Wonderland ရုပ်ရှင်အတွက် ရိုက်ကူးရေးအတူတူပြုလုပ်နေကြပါပီ။ ဇွန်လ ၁၁ရက်နေ့တွင် Suzy နှင့် Bo Gum တို့၏ ရိုက်ကူးရေးလုပ်နေသည့် ဓာတ်ပုံများ ပျံနှံ့ခဲ့ပါတယ်။

ဓာတ်ပုံထဲမှာဆိုရင်တော့ Suzy နှင့် Bo Gum တို့က ပန်းခြံထဲမှာ အတူတူလမ်းလျှောက်ပြီး Date လုပ်နေဟန်တူပါတယ်။ Wonderland ရုပ်ရှင်ဟာ အပြင်လက်တွေ့မှာမရှိသည့် စိတ်ကူးယဉ်ထားသည့် ကမ္ဘာတစ်ခုအကြောင်းပဲ ဖြစ်ပါတယ်။

Coma ဝင်နေသည့် ချစ်သူကို စိတ်ကူးယဉ်ကမ္ဘာထဲမှာပြန်တွေ့ချင်နေသော အသက်၂ဝကျော် ကောင်မလေးတစ်ဦးနှင့် သေဆုံးသွားသည့် ဇနီးသည်ကို လွမ်းဆွတ်တမ်းတနေသော ၄ဝကျော် အမျိုးသားတစ်ဦး ၊သူတို့နှစ်ဦးကြားမှာပဲ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ရုပ်ရှင်ထွက်ရှိရင်တော့ ကြည့်လိုက်ပါနော်။

Park Bo Gum နှင့် Suzy ကတော့ အသက်ငယ်ငယ်စုံတွဲအဖြစ် ပါဝင်မယ်လို့သိရပါတယ်။ အဆိုပါရုပ်ရှင်တွင် နာမည်ကြီးမင်းသားဖြစ်သော Gong Yoo, တရုတ်မင်းသမီး Tang Wei, Choi Wooshik နှင့် Jung Yoomi စသည့်နာမည်ကြီး အနုပညာရှင်များလည်း ပါဝင်မှာပါ။

ရုပ်ရှင်ကိုတော့ ၂၀၂၁ခုနှစ် နှစ်စပိုင်းတွင် ထုတ်လွှင့်မည်ဟု ထုတ်ပြန်ထားပါတယ်။ ဒိတ်ဒိတ်ကြဲ သရုပ်ဆောင်တွေပါဝင်ထားသည့် အဆိုပါရုပ်ရှင်ကို ပရိတ်သတ်များက များစွာမျှော်လင့်ထားကြပါတယ်။ ရုပ်ရှင်ထွက်လာရင်လည်း အားပေးဖို့ မမေ့ကြပါနဲ့ဦးနော်။

(Zawgyi) အသစ္ထြက္ရွိမည့္ Wonderland ႐ုပ္ရွင္ရိုက္ကြင္းတြင္ ေတြ႕ရသည့္ Suzy ႏွင့္ Park Bo Gum

မင္းသား Park Bo Gum ႏွင့္ မင္းသမီး Suzy တို႔ဟာ သူတို႔၏ အသစ္ထြက္ရွိမည့္ Wonderland ႐ုပ္ရွင္အတြက္ ရိုက္ကူးေရးအတူတူျပဳလုပ္ေနၾကပါပီ။ ဇြန္လ ၁၁ရက္ေန႔တြင္ Suzy ႏွင့္ Bo Gum တို႔၏ ရိုက္ကူးေရးလုပ္ေနသည့္ ဓာတ္ပုံမ်ား ပ်ံႏွံ့ခဲ့ပါတယ္။

ဓာတ္ပုံထဲမွာဆိုရင္ေတာ့ Suzy ႏွင့္ Bo Gum တို႔က ပန္းၿခံထဲမွာ အတူတူလမ္းေလၽွာက္ၿပီး Date လုပ္ေနဟန္တူပါတယ္။ Wonderland ႐ုပ္ရွင္ဟာ အျပင္လက္ေတြ႕မွာမရွိသည့္ စိတ္ကူးယဥ္ထားသည့္ ကမၻာတစ္ခုအေၾကာင္းပဲ ျဖစ္ပါတယ္။

Coma ဝင္ေနသည့္ ခ်စ္သူကို စိတ္ကူးယဥ္ကမၻာထဲမွာျပန္ေတြ႕ခ်င္ေနေသာ အသက္၂ဝေက်ာ္ ေကာင္မေလးတစ္ဦးႏွင့္ ေသဆုံးသြားသည့္ ဇနီးသည္ကို လြမ္းဆြတ္တမ္းတေနေသာ ၄ဝေက်ာ္ အမ်ိဳးသားတစ္ဦး ၊သူတို႔ႏွစ္ဦးၾကားမွာပဲ ဘယ္လိုေတြဆက္ျဖစ္ၾကမလဲဆိုတာကိုေတာ့ ႐ုပ္ရွင္ထြက္ရွိရင္ေတာ့ ၾကည့္လိုက္ပါေနာ္။

Park Bo Gum ႏွင့္ Suzy ကေတာ့ အသက္ငယ္ငယ္စုံတြဲအျဖစ္ ပါဝင္မယ္လို႔သိရပါတယ္။ အဆိုပါ႐ုပ္ရွင္တြင္ နာမည္ႀကီးမင္းသားျဖစ္ေသာ Gong Yoo, တ႐ုတ္မင္းသမီး Tang Wei, Choi Wooshik ႏွင့္ Jung Yoomi စသည့္နာမည္ႀကီး အႏုပညာရွင္မ်ားလည္း ပါဝင္မွာပါ။

႐ုပ္ရွင္ကိုေတာ့ ၂၀၂၁ခုႏွစ္ ႏွစ္စပိုင္းတြင္ ထုတ္လႊင့္မည္ဟု ထုတ္ျပန္ထားပါတယ္။ ဒိတ္ဒိတ္ၾကဲ သ႐ုပ္ေဆာင္ေတြပါဝင္ထားသည့္ အဆိုပါ႐ုပ္ရွင္ကို ပရိတ္သတ္မ်ားက မ်ားစြာေမၽွာ္လင့္ထားၾကပါတယ္။ ႐ုပ္ရွင္ထြက္လာရင္လည္း အားေပးဖို႔ မေမ့ၾကပါနဲ႔ဦးေနာ္။

Source: Kstarlive
Written: Phoo Phoo

Share