လက်ထပ်ထားသည်မှာ ဆယ်စုနှစ်တစ်ခုကြာခဲ့ပြီဖြစ်သော်လည်း ယခုအချိန်အထိ ခိုင်ခိုင်မြဲမြဲလက်တွဲထားကြသည့် တောင်ကိုရီးယားအနုပညာရှင်များ

စုံတွဲတစ်တွဲဟာ ၁ဝစုနှစ်ခုကြာချိန်အထိ ခိုင်ခိုင်မြဲမြဲလက်တွဲထားဖို့မှာ အလွန်ပင်ခက်ခဲလှပါတယ်။ အနုပညာရှင်များအတွက်ဆို ပိုမို၍ခက်ခဲ့လှပါတယ်။ လက်ထပ်ပြီးသိပ်မကြာခင်မှာပဲ ကွာရှင်းပြတ်စဲသွားကြသည့် အနုပညာရှင်များကိုလည်း အများကြီး တွေ့ဖူးကြမှာပါ။ ယခုဖော်ပြပေးမည့် စုံတွဲများကတော့ ဆယ်စုနှစ်တစ်ခုကြာသည့်တိုင် ခိုင်ခိုင်မြဲမြဲ လက်တွဲထားကြသည့် အနုပညာရှင်များပဲ ဖြစ်ပါတယ်။

1. Yoo Jae Suk & Na Kyung Eun
Nation MC ဖြစ်သည့် Yoo Jae Suk ဟာဆိုရင် သူ့၏အမျိုးသမီးဖြစ်သူ Na Kyung Eun နှင့် Infinite Challenge အစီအစဉ်မှာ အလုပ်အတူတူလုပ်ကြရင်း ဆုံတွေ့ခဲ့တာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွင် ရင်းနှီးရာမှ ချစ်သူတွေဖြစ်ခဲ့ကြပြီး ၂၀၀၈ ခုနှစ်တွင် လက်ထပ်ခဲ့ပါတယ်။ ယခုအချိန်မှာတော့ သားသမီးနှစ်ယောက် ထွန်းကားနေပြီပဲ ဖြစ်ပါတယ်။

2. Han Ga In & Yeon Jung Hoon
မင်းသမီး Han Ga In နှင့် မင်းသား Yeon Jung Hoon ဟာ Yellow Hankerchief ဆိုသည့် ဇာတ်လမ်းတွဲရိုက်ကူးရင်း ဆုံတွေ့ခဲ့ကြတာပါ။ ၂၀၀၅ခုနှစ်တွင် လက်ထပ်ခဲ့ပြီး ယခုဆိုလျှင် ကလေးနှစ်ယောက်ပင် ရရှိနေပြီပဲ ဖြစ်ပါတယ်။

3.Tablo (Epik High) & Kang Hye Jung
သူတို့နှစ်ဦးကတော့သူငယ်ချင်းများကြောင့် ဖူးစာဆုံခဲ့တာပဲ ဖြစ်ပါတယ်။ ၂၀၀၉ခုနှစ်တွင် လက်ထပ်ခဲ့ကြပြီး ယခုဆိုလျှင် Haru ဆိုသည့်သမီးလေးတစ်ယောက် ရှိနေပြီပဲ ဖြစ်ပါတယ်။

4. Tiger JK & Yoon Mi Rae
သူတို့နှစ်ဦးကတော့ ချစ်သူအဖြစ် ခုနှစ်ကြာ လက်တွဲပြီးမှ ၂ဝဝရခုနှစ်တွင် လက်ထပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

5. Kwon Sang Woo & Son Tae Young
ဒီစုံတွဲလေးကတော့ ချစ်သူအဖြစ်လက်တွဲပြီး လပိုင်းအကြာမှာပင် လက်ထပ်ခဲ့ကြာပဲ ဖြစ်ပါတယ်။ မြန်မြန်ဆန်ဆန် လက်ထပ်ခဲ့ခြင်းကြောင့် ဝေဖန်မှုများရှိခဲ့သော်လည်း ၂၀၀၈ခုနှစ်တွင်တော့ တရားဝင်လက်ထပ်ခဲ့ကြပြီးကလေးနှစ်ယောက် ထွန်းကားခဲ့ပါတယ်။

6.Kim Seung Woo & Kim Nam Joo
သူတို့နှစ်ဦးကတော့ အနုပညာရှင်တွေ၏ဆုံတွေ့ပွဲတစ်ခုမှာ တွေ့ဆုံခဲ့ကြပြီး ရင်းနှီးခဲ့ကြာတာပဲ ဖြစ်ပါတယ်။ ၂၀၀၅ခုနှစ်တွင်တော့ လက်ထပ်ခဲ့ပြီး ယခုဆိုလျှင် ကလေး နှစ်ဦးထွန်းကားနေပြီပဲ ဖြစ်ပါတယ်။

7. Ricky Kim & Ryu Seung Joo
သူတို့နှစ်ဦးကတော့ Volunteer အတူတူလုပ်ရင်းဆုံတွေ့ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ၂၀၀၉ခုနှစ်တွင်တော့ လက်ထပ်ခဲ့ပြီး ယခုအချိန်တွင်တော့ ကလေးသုံးယောက်တောင် ရှိနေပြီပဲ ဖြစ်ပါတယ်။

8.Shoo ( Former member of S.E.S) & Im Hyo Sung
Shoo နှင့် Im Hyo Sung တို့ကတော့ ၂၀၁ဝခုနှစ်တွင် လက်ထပ်ပြီး ယခုဆိုလျှင် သမီးအမွှာလေးတစ်စုံ ရှိနေပါပြီ။

9.Kim Hee Sun & Park Ju Young
Kim Hee Sun ဟာသူမ၏ အမျိုးသားနှင့် ၂ဝဝရနှစ်မှာ ဆုံခဲ့တာဖြစ်ပြီး တစ်နှစ်ခန့်ချစ်သူဖြစ်ပီးနောက် ၂၀၀၈ခုနှစ်တွင်လက်ထပ်ခဲ့ပါတယ်။ သမီးလေးတစ်ယောက်လည်း ထွန်းကားနေပြီပဲ ဖြစ်ပါတယ်။

10. Cha Tae Hyun & Choi Suk Eun
၁ဝနှစ်ခန့်ချစ်သူဖြစ်လာခဲ့ပြီးမှ သူတို့နှစ်ဦးဟာ ၂၀၀၆ခုနှစ်တွင် လက်ထပ်ခဲ့တာပဲဖြစ်ပါတယ်။ ယခုဆိုလျှင်တော့ သားသမီးသုံးယောက် ရှိနေပြီပဲ ဖြစ်ပါတယ်။

ယခုကဲ့သို့ဆယ်စုနှစ်တစ်ခုကိုကျော်လာအပြီး ခိုင်ခိုင်မြဲမြဲလက်တွဲထားနိုင်ကြသော အနပညာရှင်များအားလုံးအတွက် သူတို့၏ကိုယ်စားဝမ်းသာမိပါတယ်။ နောက်ဆက်လာမည့် ဆယ်စုနှစ်များစွာကိုလည်း အတူတူဖြတ်သန်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Source: Koreaboo
Written: Phoo Phoo

Share