လက်နဲ့ထိရုံနဲ့တောင် ပစ္စည်းတွေရောင်းထွက်တယ်လို့တင်စားရတဲ့ ကိုရီးယားက ကြော်ငြာမင်းသမီး (၈)ယောက်

ကိုရီးယားအနုပညာလောကမှာ ကြော်ငြာလက်ခံရိုက်ကူးတာကလည်း မင်းသားမင်းသမီးတွေကိုဝင်ငွေတိုးတက်စေတဲ့ အချက်တစ်ချက်ပါပဲ။ ယခုတော့ လက်နဲ့ထိရုံနဲ့တောင်ရောင်းထွက်တယ်လို့တင်စားကြတဲ့ CF မင်းသမီးတွေအကြောင်းဖော်ပြပေးလိုက်ပါတယ်။

၁။ IU

ပထမဆုံးတစ်ယောက်ကတော့ ပရိတ်သတ်အချစ်တော် IU ပဲဖြစ်ပါတယ်။ ယခုအချိန်မှာChamisul soju, Binggrae banana flavored milk နဲ့ Samdasoo water စတဲ့ brand တွေအတွက်အလုပ်လုပ်ပေးနေပါတယ်။

၂။ Irene (Red Velvet)

ကြော်ငြာအကြောင်းပြောရရင် Red Velvet အဖွဲ့ကအလှလေး Irene ကလည်းမပါမဖြစ်ပေါ့နော်။ သူမဟာ ယခုလက်ရှိ Damiani luxury jewelry, Clinique makeup and skincare နဲ့ Chamisul soju တို့နဲ့ အလုပ်တွဲလုပ်နေပါတယ်။

၃။ Jennie (BLACKPINK)

Jennie ဟာ အဖွဲ့လိုက်လှုပ်ရှားမှုတွေအပြင် ကြော်ငြာတွေလည်း လက်ခံရထားပါတယ်။ သူမဟာယခု Samsung Galaxy S20, HERA makeup နဲ့ Lotte Confectionery chips တို့အတွက်ကြော်ငြာပေးနေပါတယ်။

၄။ Suzy

Suzy ပါဝင်တဲ့ကြော်ငြာတွေကိုလည်း ပရိတ်သတ်တို့တွေ့ဖူးကြမှာပါ။ သူမဟာ ယခုတော့ Lancôme makeup, GUESS jeanနဲ့ Chum Churum Soju တို့နဲ့အတူအလုပ်တွဲလုပ်လျှက်ရှိပါတယ်။

၅။ Chungha

Chungha ကလည်း Sprite, LG U+ နဲ့ သူမနာမည်နဲ့တိုက်တိုက်ဆိုင်ဆိုင်တူညီနေတဲ့ Soju Brand တစ်ခုဖြစ်တဲ့ Chungha Soju တို့နဲ့ အလုပ်တွဲလုပ်နေပါတယ်နော်။

၆။ Hwasa (MAMAMOO)

Hwasa ဟာလည်း ကြော်ငြာတွေလက်ခံရသူတစ်ဦးပါပဲနော်။ သူမပါဝင်တဲ့ ကြော်ငြာတွေက Adidas ရဲ့ “Faster Than” collection ရယ် Lotte Chilsung နဲ့ The sims 4 တို့ပဲဖြစ်ပါတယ်။

၇။ Naeun (Apink)

Apink အဖွဲ့ဝင် Naeun နဲ့တွဲဖက်လုပ်ကိုင်နေတဲ့ brand တွေကတော့ Joeun Day soju, Adidas Originals နဲ့ Cass Beer တို့ပဲဖြစ်ပါတယ်။

၈။ Seolhyun (AOA)

AOA အဖွဲက Seolhyun လက်ခံထားရတဲ့ကြော်ငြာတွေကလည်း မနည်းပါဘူးနော်။ GMarket, Nongshim Ramen နဲ့ Kloud Beer တို့ကသူမနဲ့ယခုလက်ရှိအလုပ်တွဲလုပ်နေပါတယ်။

Source : Koreaboo
Written by helra

Share