ကိုရီးယားအနုပညာလောကရဲ့ ကြောင်တောင်တောင်အနိုင်ဆုံး ကောလဟာလ သတင်းအမှားများ

အနုပညာရှင်တစ်ဦးဖြစ်လာပြီဆိုရင် သတင်းအမှားတွေ ကောလဟာလတွေနဲ့ ထိုးနှက်တာကိုတော့ အနည်းနဲ့အများခံရမှာပါပဲ။ ဒါပေမယ့် ဒီအနုပညာရှင်တွေ ထွက်ရှိခဲ့တဲ့ ကောလဟာလတွေကတော့ တကယ်ကိုကြောင်တောင်တောင်နိုင်ပြီး ရယ်ရခက်ငိုရခက် ဖြစ်ခဲ့ရပါတယ်။

၁။ Mamamoo’s Solar ကို မြောက်ကိုရီးယားကလာတယ်လို့မှားယွင်းစွပ်စွဲမှု

Mamamoo အဖွဲ့စတင် ပွဲဦးထွက်လာတဲ့အခါမှာ အခြားအဖွဲ့ဝင်တွေရဲ့ ငယ်ဘဝပုံရိပ်တွေကို အင်တာနက်မှာ လွယ်လွယ်ကူကူရှာလို့ရခဲ့ပေမယ့် Solar ရဲ့ငယ်ဘဝဓာတ်ပုံကိုတော့ ရှာမတွေ့တာကြောင့် fan တွေက Solar ကိုမြောက်ကိုရီးယားကလို့ စနောက်ခဲ့ကြပါတယ်။

Mamamoo အဖွဲ့ လျှမ်းလျှမ်းတောက် အောင်မြင်လာတဲ့အခါမှာတော့ ပရိတ်သတ်မဟုတ်သူတွေဟာ fan တွေစနောက်ထားတာကို အတည်ကြီးထင်ပြီး Solar ကိုမြောက်ကိုရီးယားက နိုင်ငံကူးခိုလှုံလာတယ်လို့ တကယ်ထင်သွားကြလို့ မနည်းဖြေရှင်းလိုက်ရပြီး ကျောင်းတုန်းပဓာတ်ပုံလေးထွက်လာမှ သတင်းတွေရပ်သွားပါတယ်။

၂။ Yoona နဲ့ PSY ရဲ့ dating news အမှား

၂၀၁၂ ခုနှစ်တုန်းကတော့ Kpop လောကမှာမော်ကွန်းသစ်တွေထိုးခဲ့တဲ့ အဆိုတော်ကြီး PSY ရဲ့ Girls’ Generation အဖွဲ့က အလှပဂေး Yoona နဲ့ အတူတူလျှောက်လည်နေတယ်ဆိုပြီး ဓာတ်ပုံတွေတက်လာခဲ့ပါတယ်။

PSY ကအိမ်ထောင်သည်ဖြစ်တာမို့ ဒီသတင်းဟာ တမဟုတ်ချင်းပဲ ပျံ့နှံ့သွားပြီး ဝေဖန်မှုတွေမြင့်တက်ခဲ့တာပါ။ ဒါပေမယ့် အဖြစ်မှန်ကို သိလိုက်ရတော့ အားလုံးတိတ်သွားခဲ့ပါတယ်။ ပုံထဲကလူဟာ PSY အစစ်မဟုတ်ပဲ PSY နဲ့ရုပ်ချင်းဆင်တဲ့ Yoona ရဲ့ ကင်မရာမန်းပါတဲ့။ သေချာကြည့်ရင် PSY နဲ့ပုံစံကွဲတာကိုတော့ တွေ့ရမှာပါ။

၃။ Lee Min Ho နဲ့ Taylor Swift ရဲ့ ကောလဟာလ

မင်းသား Lee Min Ho ဟာ kpop idol မဟုတ်ပေမယ့် သူထွက်ခဲ့တဲ့ ကောလဟာလဟာ တကယ်ကိုထူးထူးဆန်းဆန်းမို့ ထည့်သွင်းဖော်ပြလိုက်ရပါတယ်။ အဲ့ဒါကတော့ ဘယ်ကစဖြန့်လိုက်မှန်းမသိတဲ့ Lee Min Ho နဲ့ pop star Taylor Swift တို့ တွဲနေတယ်ဆိုတဲ့သတင်းပါ။

ဒီကောလဟာလထွက်ထွက်လာချင်း Lee Min Ho ရဲ့အေဂျင်စီက ငြင်းဆိုခဲ့ပြီး သတင်းကအတော်လေး အဓိပ္ပာယ်မရှိတာမို့ ဒီလိုငြင်းရတာကိုတောင် သူတို့အနေနဲ့ ရယ်စရာဖြစ်ခဲ့ပါတယ်။ ဘယ်သူစဖြန့်လိုက်တဲ့ သတင်းလဲမသိပေမယ့် တော်တော်ကိုမွှေတဲ့သူပါပဲ။

၄။ Cosmic Girls အဖွဲ့ဝင်နှစ်ယောက် လက်ထပ်ထားတယ်ဆိုတဲ့ သတင်း

Cosmic Girls အဖွဲ့နဲ့ရဲ့ တရုတ်နိုင်ငံရဲ့ Rocket Girls အဖွဲ့နဲ့ပါ အတူတူပွဲဦးထွက်ခဲ့တဲ့ Xuan Yi နဲ့ Mei Qi တို့နှစ်ယောက်ရဲ့ ဓာတ်ပုံတစ်ပုံကို fan တစ်ယောက်က “မင်္ဂလာပွဲကျင်းပခဲ့တဲ့ ဘီလျံနာအတွဲ” လို့ စနောက်ပြီးတင်ခဲ့ရာကနေ အင်တာနက်သုံးစွဲသူအချို့က သူတို့နှစ်ယောက်ကို အမျိုးသမီးချင်းချစ်ကြိုက်သူ ဘီလျံနာမလေးတွေအဖြစ် အမှတ်မှားခဲ့ကြလို့ မနည်းကို ပြန်ဖြေရှင်းလိုက်ရတယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ခင်မင်မှုကိုသိတဲ့ ပရိတ်သတ်တွေအတွက်တော့ တကယ်ကိုရယ်မောစရာ ဖြစ်ခဲ့ပါတယ်။

၅။ TVXQ’s Changmin နဲ့ F(x)’s Victoria ရဲ့ အချစ်ရေးသတင်းအမှား

အတော်လေး စေ့စေ့ပေါက်ပေါက်မြင်တတ်ကြတဲ့ ပရိတ်သတ်တွေကြောင့် ထွက်လာတဲ့ ကောလဟာလပါ။ Victoria ဟာ သူ့ရဲ့ထမင်းပွဲကို လူမှုကွန်ယက်ပေါ်မှာတင်ခဲ့ပြီး အဲ့ဒီဓာတ်ပုံရဲ့ ဇွန်းထဲမှာပေါ်နေတဲ့ Changmin ရဲ့ရုပ်ကို မှတ်မိကြတာကြောင့် ဒိတ်နေတယ်ဆိုတဲ့သတင်းတွေထွက်လာတာပါ။

တကယ်တော့ သူတို့နှစ်ယောက်ဟာ အရမ်းခင်တဲ့သူငယ်ချင်းတွေဖြစ်ပြီး အခြားသူငယ်ချင်းတွေနဲ့စုကာ မကြာခဏ ထမင်းအတူစားလေ့ရှိတယ်လို​့ အေဂျင်စီကထုတ်ပြန်တာတောင် အချို့ကမယုံချင်ပါဘူး။ အခုတော့ ကောလဟာလတွေလဲ ပြီးဆုံးသွားပြီး Changmin ကလက်ထပ်တော့မှာပါ။

source: koreaboo
written: Dar Dar

Share