Pirates 2 ဇာတ်ကားမှာပါဝင်သရုပ်ဆောင်ဖို့ သေချာသွားပြီဖြစ်တဲ့ EXO အဖွဲ့ဝင် Sehun

လွန်ခဲ့တဲ့ရက်တွေက Sehun ပါဝင်သရုပ်ဆောင်မယ်လို့ သတင်းမွှေးနေခဲ့တဲ့ Pirates 2 ဇာတ်လမ်းအကြောင်းပရိတ်သတ်တို့လည်း သိပြီးဖြစ်မှာပါ။ ဇွန်လ ၁၆ ရက်နေ့က ဒီဇာတ်လမ်းမှာ Sehun ပါဝင်လာမယ်လို့ SM Entertainment ကအတည်ပြုပေးခဲ့ပါတယ်။

ဒီဇာတ်လမ်းဟာ ၂၀၁၄ တုန်းကအောင်မြင်ခဲ့တဲ့ The Pirates ရုပ်ရှင်ရဲ့ နောက်ဆက်တွဲဇာတ်လမ်းအနေနဲ့ရိုက်ကူးမှာ ဖြစ်ပြီး “Pirates : The Golden Flag” လို့အမည်ရပါတယ်။ ဇာတ်လမ်းထဲမှာ Sehun ကသူရဲ့ချောမောတဲ့ရုပ်ရည်ကြောင့် ထင်ရှားတဲ့ လေးသည်တော်ပင်လယ်ဓားပြတစ်ဦးအနေနဲ့ ပါဝင်လာမှာပါ။ အပြင်လောကကသူ့ရဲ့ ချောမောမှုနဲ့တော့ ကွက်တိပါပဲနော်။

ရှပ်ရှင်ထဲမှာ Kang Ha Neul, Han Hyo Joo, Lee Kwang Soo, Kwan Sang Woo, Chae Soo Bin စတဲ့နာမည်ကြိးသရုပ်ဆောင်တွေလည်းပါဝင်မှာဖြစ်ပြီး Sehun ကတော့ ပါဝင်ဖို့နောက်ဆုံး အတည်ပြုထားတဲ့ သရုပ်ဆောင်ဖြစ်ပြီး July လလယ်မှာစတင်ရိုက်ကူးသွားမှာပါတဲ့။ July ထဲမှာလည်း သူရဲ့ Unit group ဖြစ်တဲ့ EXO- CS ရဲ့ Comeback ရှိသေးလို့ စောင့်မျှော်ရမှာရင်ခုန်စရာပါပဲ။

(Zawgyi) Pirates 2 ဇာတ္ကားမွာပါဝင္သ႐ုပ္ေဆာင္ဖို႔ ေသခ်ာသြားၿပီျဖစ္တဲ့ EXO အဖြဲ႕ဝင္ Sehun

လြန္ခဲ့တဲ့ရက္ေတြက Sehun ပါဝင္သ႐ုပ္ေဆာင္မယ္လို႔ သတင္းေမႊးေနခဲ့တဲ့ Pirates 2 ဇာတ္လမ္းအေၾကာင္းပရိတ္သတ္တို႔လည္း သိၿပီးျဖစ္မွာပါ။ ဇြန္လ ၁၆ ရက္ေန႔က ဒီဇာတ္လမ္းမွာ Sehun ပါဝင္လာမယ္လို႔ SM Entertainment ကအတည္ျပဳေပးခဲ့ပါတယ္။

ဒီဇာတ္လမ္းဟာ ၂၀၁၄ တုန္းကေအာင္ျမင္ခဲ့တဲ့ The Pirates ႐ုပ္ရွင္ရဲ့ ေနာက္ဆက္တြဲဇာတ္လမ္းအေနနဲ႔ရိုက္ကူးမွာ ျဖစ္ၿပီး “Pirates : The Golden Flag” လို႔အမည္ရပါတယ္။ ဇာတ္လမ္းထဲမွာ Sehun ကသူရဲ့ေခ်ာေမာတဲ့႐ုပ္ရည္ေၾကာင့္ ထင္ရွားတဲ့ ေလးသည္ေတာ္ပင္လယ္ဓားျပတစ္ဦးအေနနဲ႔ ပါဝင္လာမွာပါ။ အျပင္ေလာကကသူ႔ရဲ့ ေခ်ာေမာမႈနဲ႔ေတာ့ ကြက္တိပါပဲေနာ္။

ရွပ္ရွင္ထဲမွာ Kang Ha Neul, Han Hyo Joo, Lee Kwang Soo, Kwan Sang Woo, Chae Soo Bin စတဲ့နာမည္ႀကိးသ႐ုပ္ေဆာင္ေတြလည္းပါဝင္မွာျဖစ္ၿပီး Sehun ကေတာ့ ပါဝင္ဖို႔ေနာက္ဆုံး အတည္ျပဳထားတဲ့ သ႐ုပ္ေဆာင္ျဖစ္ၿပီး July လလယ္မွာစတင္ရိုက္ကူးသြားမွာပါတဲ့။ July ထဲမွာလည္း သူရဲ့ Unit group ျဖစ္တဲ့ EXO- CS ရဲ့ Comeback ရွိေသးလို႔ ေစာင့္ေမၽွာ္ရမွာရင္ခုန္စရာပါပဲ။

source : allkpop
written by helra

Share