ရုပ်ချောတဲ့ idol တွေရဲ့ နောက်ကွယ်မှာ သူတို့လိုပဲ ချောမောလှပတဲ့ မျိုးရိုးဗီဇတွေ အပြည့်ပါလာတဲ့ မောင်နှမရင်းချာတွေ ရှိတတ်ကြပါတယ်။ ဒီအမျိုးသား idol (၅) ဦးကတော့ သူတို့ကိုယ်တိုင် ချောမောရုံသာမက လှပပြီးနာမည်ကြီးတဲ့ အစ်မတွေကိုလဲ ပိုင်ဆိုင်ထားကြပါသေးတယ်။
၁။ MBLAQ’s Thunder
နာမည်ကျော်အဆိုတော်အဖွဲ့ဖြစ်တဲ့ MBLAQ ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ အချောလေး Thunder ဟာ 2NE1 အဖွဲ့ဝင်ဟောင်း Sandara Park နဲ့မောင်နှမအရင်းတော်စပ်ပါတယ်။ Thunder ကတော့ ဒီလိုအစစအရာရာပြည့်စုံတဲ့ဘဝမရောက်ခင်ကတည်းက သူတို့ကိုရှာကျွေးခဲ့တဲ့ အစ်မဖြစ်သူကို အရမ်းချစ်ပြီး သူ့အဖွဲ့ထဲကတောင် ဘယ်သူနဲ့မှသဘောမတူနိုင်ဘူးလို့ ကြုံးဝါးထားခဲ့ဖူးပါတယ်။ မောင်နှမနှစ်ယောက် ရုပ်ချင်းလဲအတော်ဆင်ပြီး သူတို့နှစ်ယောက်ကြားမှာ မွေးချင်းတစ်ယောက်ရှိပါသေးတယ်။
၂။ EXO’s Chanyeol
Chanyeol ရဲ့အစ်မဖြစ်သူကိုတော့ EXO-L တွေ အကုန်လုံးဝိုင်းချစ်ကြတာပါ။ Chanyeol နဲ့ခွဲမရအောင်တူတဲ့ မျက်နှာလေးကိုပိုင်ဆိုင်ထားတာမို့ အလှပဂေးလေးဖြစ်ပြီး YTN ရုပ်သံလိုင်းမှာ သတင်းကြေညာသူ Park Yura အဖြစ် လူသိများပါတယ်။မကြာသေးမီက သူ့အစ်မရဲ့မင်္ဂလာဆောင်မှာ မောင်နှမနှစ်ယောက် လက်ကိုကျစ်ကျစ်ပါအောင် ဆုပ်ထားပုံလေးက ပရိတ်သတ်တွေကို ကြည်နူးစေခဲ့တာပါ။ အစ်မအတွက် Mercedes Benz ကားတစ်စီးလဲ Chanyeol ကဝယ်ပေးဖူးပါတယ်။
၃။ iKON’s June
iKON အဖွဲ့ရဲ့ main vocal ဖြစ်တဲ့ June ရဲ့အစ်မဟာလဲ အလှအပကြောင့် fan တွေကြားမှာ နာမည်ကြီးပါတယ်။ June လိုပဲ လူကြားထဲမှာထင်းနေတဲ့ ရုပ်ရည်မျိုးရှိပြီး Oh My Partner ဆိုတဲ့ ရုပ်သံအစီအစဉ်မှာတောင် ပါဝင်ခဲ့ဖူးပါတယ်။ မောင်နှမနှစ်ယောက် အမြဲတတွဲတွဲတွေ့ရပြီး June ရဲ့ပွဲတိုင်းကိုလဲ အစ်မဖြစ်သူက မပျက်မကွက်ကို လာရောက်အားပေးတာပါ။ တကယ်ကိုချစ်စရာကောင်းတဲ့ မောင်နှမဆက်ဆံရေးပါပဲနော်။
၄။ BTS’s JHope
အစ်မလှလှလေးတွေရှိတဲ့ idol တွေအကြောင်းပြောရင်တော့ BTS အဖွဲ့က Jhope ကို ချန်ထားလို့ဘယ်ဖြစ်ပါ့မလဲနော်။ Jhope မှာလဲ သူနဲ့ရုပ်ချင်းအရမ်းဆင်ပြီး သူ့လိုပဲအပြုံးချိုချိုလေးရှိတဲ့ အစ်မတစ်ဦးရှိပါတယ်။ သူ့ရဲ့အစ်မကတော့ လူမှုကွန်ယက်မှာအရမ်းနာမည်ကြီးပြီး အခုဆို ဖက်ရှင်လုပ်ငန်းတစ်ခုကို ဦးစီးနေပါတယ်။ မောင်နှမနှစ်ယောက်လုံး နယ်ပယ်တစ်ခုစီမှာ အောင်မြင်နေကြတာ တကယ်ကိုအားကျစရာကောင်းပါတယ်။
၅။ Victon’s Han Seung Woo
X1 အဖွဲ့ဝင်ဟောင်းဖြစ်သလို လက်ရှိမှာ Victon အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ Han Seungwoo ဟာလဲ မင်းသမီးချော Han Sunhwa ရဲ့မောင်အရင်းပါ။ မောင်နှမနှစ်ယောက်လုံး အရပ်ရှည်ရှည် သွယ်လျတဲ့အချိုးအဆစ်နဲ့ ဖြူဖွေးတဲ့အသားအရည်ကို အမွေရထားပြီး တကယ်ကိုဆွဲဆောင်မှုရှိသူတွေပါပဲ။ အမြဲအတူတူသွားလာကြသလို Han Sunhwa က သူ့မောင်လေးရဲ့ အနုပညာလှုပ်ရှားမှုတိုင်းကို အားတက်သရောပံ့ပိုးပေးပါတယ်။
written by Dar Dar