Ji Chang Wook နဲ့ Kim Yoo Jung တို့ရဲ့ ဇာတ်လမ်းတွဲအသစ်မှာ ဇာတ်ဝင်တေးပါဝင်အားဖြည့် သီဆိုသွားမယ့် Kang Daniel

Kang Daniel ကတော့ သူ့ရဲ့ ပထမဆုံး ဇာတ်ဝင်တေးကို သီဆိုရပါတော့မယ်။ ဇွန်လ ၁၅ ရက်မှာတော့ Daniel ရဲ့ အေဂျင်စီ Konnect က Daniel ဟာ Ji Chang Wook နဲ့ Kim Yoo Jung တို့ရဲ့ ဇာတ်လမ်းတွဲအသစ် ( Backstreet Rookie) မှာ ဇာတ်ဝင်တေးသီဆိုသွားမယ်ဆိုပြီး သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဇာတ်ဝင်တေးနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေတော့ သေချာမသိရသေးဘူးလို့ ဆက်လက် ပြောကြားထားပါတယ်။ ဒီဇာတ်ဝင်တေးဟာ Daniel ရဲ့ ပထမဆုံးဇာတ်ဝင်တေးဖြစ်လို့ လူအများကလည်း သိချင်စိတ်ပြင်းထန်နေကြပါပီ။

“Backstreet Rookie” ဇာတ်လမ်းတွဲဟာ ၂၄ နာရီ Convenience store ပိုင်ရှင် နဲ့ အချိန်ပိုင်းအလုပ်သမားကြားက အချစ်ဇာတ်ကြောင်းကို ပုံဖော်ထားတဲ့ အချစ်ဟာသ ဇာတ်လမ်းတွဲပါ။

Ji Chang Wook နဲ့ Kim Yoo Jung တို့ရဲ့ Backstreet Rookie ကို ဇွန်လ ၁၉ ရက်နေ့မှ စတင်ပြသသွားမယ်လို့ ကြေညာထားပါတယ်။ ဇာတ်လမ်းတွဲလည်းစောင့်ရင်း Kang Daniel ရဲ့ ဇာတ်ဝင်တေးလေးလည်း မျှော်ကြတာပေါ။

(Zawgyi) Ji Chang Wook နဲ႔ Kim Yoo Jung တို႔ရဲ့ ဇာတ္လမ္းတြဲအသစ္မွာ ဇာတ္ဝင္ေတးပါဝင္အားျဖည့္ သီဆိုသြားမယ့္ Kang Daniel

Kang Daniel ကေတာ့ သူ႔ရဲ့ ပထမဆုံး ဇာတ္ဝင္ေတးကို သီဆိုရပါေတာ့မယ္။ ဇြန္လ ၁၅ ရက္မွာေတာ့ Daniel ရဲ့ ေအဂ်င္စီ Konnect က Daniel ဟာ Ji Chang Wook နဲ႔ Kim Yoo Jung တို႔ရဲ့ ဇာတ္လမ္းတြဲအသစ္ ( Backstreet Rookie) မွာ ဇာတ္ဝင္ေတးသီဆိုသြားမယ္ဆိုၿပီး သတင္းထုတ္ျပန္ခဲ့ပါတယ္။

ဇာတ္ဝင္ေတးနဲ႔ ပတ္သက္တဲ့ အေသးစိတ္အခ်က္အလက္ေတြေတာ့ ေသခ်ာမသိရေသးဘူးလို႔ ဆက္လက္ ေျပာၾကားထားပါတယ္။ ဒီဇာတ္ဝင္ေတးဟာ Daniel ရဲ့ ပထမဆုံးဇာတ္ဝင္ေတးျဖစ္လို႔ လူအမ်ားကလည္း သိခ်င္စိတ္ျပင္းထန္ေနၾကပါပီ။

“Backstreet Rookie” ဇာတ္လမ္းတြဲဟာ ၂၄ နာရီ Convenience store ပိုင္ရွင္ နဲ႔ အခ်ိန္ပိုင္းအလုပ္သမားၾကားက အခ်စ္ဇာတ္ေၾကာင္းကို ပုံေဖာ္ထားတဲ့ အခ်စ္ဟာသ ဇာတ္လမ္းတြဲပါ။

Ji Chang Wook နဲ႔ Kim Yoo Jung တို႔ရဲ့ Backstreet Rookie ကို ဇြန္လ ၁၉ ရက္ေန႔မွ စတင္ျပသသြားမယ္လို႔ ေၾကညာထားပါတယ္။ ဇာတ္လမ္းတြဲလည္းေစာင့္ရင္း Kang Daniel ရဲ့ ဇာတ္ဝင္ေတးေလးလည္း ေမၽွာ္ၾကတာေပါ။

Source: Soompi
Written:Gyi Gyi

Share