မိမိကြောင့် အခြားအဖွဲ့ဝင်တွေ မထိခိုက်ရအောင် အဖွဲ့ထဲမှ ထုတ်ပယ်ခံခဲ့ရတဲ့ Idol များ

တချို့ အထုတ်ခံခဲ့ရတဲ့ အကြောင်းပြချက်တွေကတော့ အဓိပ္ပါယ်မရှိပါဘူး။ K-pop idol တွေဟာ လူတိုင်းရဲ့ မျက်စိတောက်ထောက် အကြည့်ခံနေရတာပါ။ ဒါ့ကြောင့် အရှုပ်အထွေးတစ်ခုခုဖြစ်ခဲ့ရင်တော့ အတော်များများဟာ မိမိကြောင့် အခြားအဖွဲ့ဝင်တွေ မထိခိုက်ရအောင် Volunteer လုပ် ပြီး ကိုယ်တိုင်ထွက်ကြပါတယ်။ ခုဖော်ပြပေးမယ့် သူတွေကတော့ အဖွဲ့ထဲကနေ ထုတ်ပယ်ခြင်းခံခဲ့ရတဲ့ သူတွေပါ။

1. Sally ( gugudan ရဲ့ အဖွဲ့ဝင်ဟောင်း)

မကြာသေးမီက Sally ဟာ သူ့ရဲ့ အဆောင်မှ နှင်ထုတ်ခံရပြီး အေဂျင်စီမှ ထုတ်ပယ်ခံခဲ့ရတဲ့အကြောင်းကို ဖွင့်ဟခဲ့ပါတယ်။ “၂၀၁၉ အစပိုင်းမှာ ကျွန်မရဲ့ အေဂျင်စီက ကျွန်မကို အဆောင်ကနေ အိမ်ကို ပြန်သွားဖို့ပြောပါတယ်။

ဘယ်တော့ ပြန်လာရမလဲလို့ ကျွန်မမေးတဲ့အခါမှာတော့ ပြန်လာစရာမလိုတော့ဘူးလို့ သူတို့က ပြောခဲ့ပါတယ်။ ” ဒီသတင်းကြောင့် gugudan ရဲ့ ပရိသတ်တွေဟာ gugudan အဖွဲ့ ကွဲတော့မှာလားဆိုတဲ့ စိုးရိမ်မှုတွေ ဖြစ်ခဲ့ရပါတယ်။

2. Dahee ( GLAM ရဲ့ အဖွဲ့ဝင်ဟောင်း)

၂၀၁၄ ခုနှစ်မှာတော့ Dahee ဟာ မော်ဒယ် Lee Ji Yeon နဲ့အတူ မင်းသား လီဗြောင်ဟွန်းကို ငွေညစ်ခဲ့ တယ်ဆိုပီး သတင်းထွက်ခဲ့ပါတယ်။ မကြာမီမှာတော့ သူတို့နှစ်ယောက်လုံးဟာ တရားဆွဲခံခဲ့ရပီး ထောင်ဒဏ်တစ်နှစ် ကျခဲ့ပါတယ်။ ဒီကိစ္စကြောင့် Dahee ဟာအဖွဲ့ထဲက နှင်ထုတ်ခံခဲ့ရသလို၊ GLAM အဖွဲ့တစ်ဖွဲ့လုံးလည်း အဖွဲ့ ရုတ်သိမ်းခဲ့ရပါတယ်။

3. Dawn ( PENTAGON ရဲ့ အဖွဲ့ဝင်ဟောင်း)

Dawn ကတော့ HyunA နဲ့တွဲတာ အတည်ပြုပြီးနောက် အဖွဲ့က ထုတ်ပယ်ခံခဲ့ရတာပါ။ သူတို့နှစ်ယောက်တွဲနေတဲ့သတင်းတွေ ထွက်ခဲ့တဲ့အခါတော့ အစောပိုင်းမှာ သူတို့ရဲ့ အေဂျင်စီ Cube Entertainment က ငြင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် နှစ်ယောက်သားကတော့ ကိုယ်တိုင်ပဲ တွဲနေပါတယ်ဆိုပီး အတည်ပြုခဲ့ပါတယ်။ Cube Entertainment ကတော့ သူတို့နှစ်ယောက်ကို ဆက်ပြီး တစ်ဖက်နဲ့တစ်ဖက် ယုံကြည်ဖို့ မဖြစ်နိုင်တော့ဘူးဆိုကာအေဂျင်စီမှ ထုတ်ပယ်ခဲ့ပါတယ်။ တဆက်တည်း Dawn ဟာလည်း PENTAGON အဖွဲ့မှ ထုတ်ပယ်ခံခဲ့ရပါတယ်။

4. Hwayoung ( BOYS24 အဖွဲ့ဝင်ဟောင်း)

Hwayoung ဟာ BOYS24 ဆိုတဲ့ ပြိုင်ပွဲကနေ BOYS24 အဖွဲ့ဝင်အဖြစ် အရွေးချယ်ခံခဲ့ရသူပါ။ သို့သော် သူရဲ့ အသံဖိုင်တစ်ခု အင်တာနက်ပေါ်မှာ ပျံ့နှံ့ပြီးတဲ့နောက်တော့ သူဟာ အဖွဲ့ထဲမှ ထုတ်ပယ်ခံလိုင်ရပါတယ်။

အသံဖိုင်ထဲမှာတော့ သူဟာ ဒီလိုပြောထားတာပါ။ ” ငါ အိုပါးလို့ အခေါ်ခံရတာကြိုက်တာပေါ့။ ဒါပေမယ့် fan တွေဆီကတော့ မဟုတ်ဘူး။ သူတို့ဆီက ကြားရတာ အရမ်းမုန်းတယ်။ Hi-Touch အစီအစဉ်တွေ လုပ်ရတဲ့အခါလည်း အရမ်းစိတ်ညစ်တယ်။

သိတယ်မလား Hi-Touch ဆိုတာ။ ပွဲပြီးတာနဲ့ Fan တွေကို လက်ကိုင်ပီး နှုတ်ဆက်ရတာလေ။ တနေ့တနေ့ လူ ၇၀၀~ ၈၀၀ နဲ့ ဒီလိုနှုတ်ဆက်နေရတာ အန်တောင်အန်ချင်တယ်။” ဒီအသံဖိုင် ပျံ့နှံ့ပီးတဲ့ နောက်မှာတော့ Hwayoung ဟာ ချက်ချင်း အဖွဲ့ထဲမှ ထုတ်ပယ်ခံရပါတော့တယ်။

5. Victor ( About U ရဲ့ အဖွဲ့ဝင်ဟောင်း)

Victor က Kpop-idol တော့မဟုတ်ပေမယ့် သူအဖွဲ့မှ ထုတ်ပယ်ခံရတဲ့ အကြောင်းကတော့ မယုံနိုင်စရာပါ။ သူဟာ ဖျော်ဖြေမှုအတွင်းမှာ သူ့ရဲ့ drumstick ကျိုးအောင် လုပ်မိတဲ့အတွက် အထုတ်ခံလိုကိရတာပါတဲ့။

Source: Koreaboo
Written:Gyi Gyi

Share