ကြည့်ရှုမှုနှုန်း ကျဆင်းမှုကြောင့် ဇာတ်လမ်းချုံ့ခဲ့ရသော ကိုရီးယားဇာတ်လမ်းတွဲများ

ကိုရီးယားဇာတ်လမ်းတွဲများဟာ လူကြိုက်များ အောင်မြင်ကြပေမယ့် ဇာတ်လမ်းတွဲတိုင်းတော့ အောင်မြင်ကြတာမဟုတ်မပါဘူး။ အချို့ဇာတ်လမ်းတွဲများဟာ စိတ်မကောင်းစရာ ကြည့်ရှုနှုန်းအားကျဆင်းမှု အန္တာရယ် ကြုံတွေ့ရပါတယ်။ ခုဖော်ပြပေးမယ့် ဇာတ်လမ်းတွဲတွေကတေ့ ကြည့်ရှုနှုန်း ကျဆင်းမှုကြောင့် ထုတ်လွှင့်ပြသမှု ချုံ့ခဲ့ရတဲ့ ဇာတ်လမ်းတွဲများပဲ ဖြစ်ပါတယ်။

1. A Beautiful Mind

A Beautiful Mind ဇာတ်လမ်းတွဲဟာ မူလက ၁၆ ပိုင်းထုတ်လွှင့်ရန် စီစဉ်ထားခဲ့ပါတယ်။ သို့သော် ကိုရီးယားပရိသတ် ကြည့်ရှုနှုန်းကျ ဆင်းခဲ့မှုကြောင့် ၁၄ ပိုင်းထိ ချုံ့ကာ ဖြတ်တောက်ပြသခဲ့ပါတယ်။

2. Mom is Acting up

ဒီဇာတ်လမ်းတွဲကတော့ မူလက အပိုင်း ၁၂၀ ထိ ထုတ်လွှင့်ပြသဖို့ ရည်ရွယ်ခဲ့တာပါ။ ကြည့်ရှုနှုန်းဇာတ်တိုက်ကျဆင်းခဲ့မှုကြောင့် ရုပ်သံလိုင်းဟာ ၂၇ ပိုင်းထိပဲ ဖြတ်တောက် ထုတ်လွှင့်ခဲ့ရပါတယ်။

3. A Piece of Your Mind

မကြာသေးမီက မင်းသားချော Jung Hae In ပါဝင်သရုပ်ဆောင်ခဲ့တဲ့ A Piece of Your Mind ဟာလည်း ၁၆ ပိုင်း ရှိမယ့် ဇာတ်လမ်းတွဲပါပဲ။ ကြည့်ရှုသူများရဲ့ ပျင်းရိစရာဇာတ်အိမ်ဆိုတဲ့ ဝေဖန်မှုများကြောင့် ၁၂ ပိုင်းထိပဲ ချုံ့ကာ ဖြတ်တောက်ပြသခဲ့ရပါတယ်။

4. Ex-Girlfriends’ club

Ex-Girlfriends’ club ကလည်း မူလက ၁၆ ပိုင်း ထုတ်လွှင့်ပြသမယ့် ကားပါပဲ။ စတင်ပြသခဲ့တဲ့ အပိုင်း (၁) ကစလို့ ဆက်တိုက် ကြည့်ရှုမှုနှုန်း ကျဆင်းခြင်းအန္တာရယ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါ့ကြောင့် ဒီဇာတ်လမ်းတွဲဟာလည်း အပိုင်း (၁၂) ပိုင်းထိ သာ ဖြတ်တောက်ပြသခဲ့ရပါတယ်။

5. Love Frequency 37.2

Love Frequency 37.2 က တော့ အပိုင်း (၁၂ ) ပိုင်းနဲ့ ပုံဖော်မယ့် ဇာတ်လမ်းတွဲပါ။ ကြည့်ရှုသူ အချို့အတွက်တော့ စိတ်ဝင်စားစရာ ဇာတ်လမ်းတွဲ ဖြစ်ခဲ့ပေမယ့် လူအများစုကိုတော့ ဆွဲဆောင်နိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါ့ကြောင့် အပိုင်း (၆) ပိုင်းသာ ဖြတ်တောက်ပြသခဲ့ပါတယ်။ ဒီကားတွေထဲမှာ အားပေးခဲ့ရတဲ့ ဇာတ်လမ်းတွဲတွေ ပါ ပါလား?

Source: Koreaboo
Written: Gyi Gyi

Share