Hanbok (ကိုရီးယားရိုးရာဝတ်စုံ) နှင့်လိုက်ဖက်လှသော မင်းသမီးများ (အပိုင်း ၂)

Hanbok ဆိုတာဟာ တောင်ကိုရီးယားရှေ့ခေတ်အမျိုးသမီးများ ဝတ်ဆင်ကြသည့် ဝတ်စုံပဲဖြသ်ပါတယ်။ယခုခေတ်တွင်တော့ အခါကြီးရက်ကြီးများတွင်သာ တောင်ကိုရီးယားအမျိုးသမီးများက ထယုတယဝတ်ဆင်ကြပါတယ်။

ယခုခေတ်တွင်တော့ Hanbok ကိုအရောင်အသွေးကာလာမျိုးစုံဖြင့် လှပစွာဒီဇိုင်းများပြုလုပ်ပြီး ဝတ်ဆင်ကြပါတယ်။တောင်ကိုရီးယားမင်းသမီးများကလည်း ရှေ့ခေတ်ရုပ်ရှင်များ ၊ နန်းတွင်းဇာတ်လမ်းတွဲများရိုက်ကူးလျှင် Hanbok ကို မဖြစ်မနေ ဝတ်ဆင်ကြရပါတယ်။

နဂိုကတည်းက လှပပြီးသားသူများဖြစ်သည့်အတွက် ရိုးရာဝတ်စုံများဝတ်လိုက်သည့်အခါတွင်တော့ အလွန်လိုက်ဖက်နေကြတာပဲ ဖြစ်ပါတယ်။ယခုဖော်ပြမှာကတော့ Hanbok (ရိုးရာဝတ်စုံ)နှင့် လိုက်ဖက်လွန်းသည်ဟု နာမည်ကြီးသော မင်းသမီးအချို့ပဲ ဖြစ်ပါတယ်။

၁.Suzy
Suzy ဟာပင်ဂိုကတည်းက လှပြီးသားမင်းသမီးတစ်ဦးဖြစ်သည့်အတွက် သူမအနေနဲ့ ရိုးရာဝတ်စုံဝတ်လိုက်ဖြင့် တော်တော်ပင်လိုက်သွားပါတယ်။ သူမဟာ Gu Family book ဆိုသည့် ရှေ့ခေတ်ဇာတ်လမ်းတွဲတွင်လည်း ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ထားခဲ့ဖူးပါတယ်။ ထိုဇာတ်လမ်းတွဲတွင် သူမဟာရိုးရာဝတ်စုံနှင့် ဘယ်လောက် လိုက်ဖက်ကြောင်း ပရိတ်သတ်ကို ပြသနိုင်ခဲ့ပါတယ်။

၂.Lee Young Ae
Lee Young Ae ဟာသူမ​​၏ ကောင်းမွန်လှသော အသားအရေ နူးညံလှသည့် မျက်နှာလေးကြောင့် နာမည်ကြီးပါတယ်။ သူမ​၏အလှအပနှင့် သေသပ်လှပစွာချုပ်လုပ်ထားသော ရိုးရာဝတ်စုံများနှင့် ပေါင်းစပ်လိုက်သည့်အခါမှာတော့ ရှေးခေတ်ကိုရီးယားအမျိုးသမီးတို့​၏ ကျက်သရေရှိလှသည့်ပုံရိပ်ကို မြင်လိုက်ရသလိုပင် ဖြစ်နေမှာပါ။

သူမကိုယ်တိုင်ပါဝင် သရုပ်ဆောင်ထားသော Jewel in the palace နှင့် Saimdang ဇာတ်လမ်းတွဲတို့တွင်တော့ သူမနှင့် Hanbok ​၏အလှအပကို တွေ့ရမှာပဲ ဖြစ်ပါတယ်။

၃.Ha Ji Won
Hanbok နှင်လိုက်ဖက်သူများကို ဖော်ပြရာတွင်တော့ Ha Ji Won ကိုပယ်ထားလို့မရပါ။ Damo, Empress Ki စသော ဇာတ်လမ်းတွဲများတွင် သူမဝတ်ဆင်ထားသော Hanbok များဟာ ထူးခြားလှပလှပါတယ်။

သူမ​၏အချိုးအဆစ်လှအပသော ခန္တကိုယ်နှင့် ရှေ့ခေတ်အပြင်အဆင်များ လုပ်လိုက်သည့်အခါတွင်တော့ ပြည့်စုံလွန်းသော ရှေ့ခေတ်တောင်ကိုရီးယား အမျိုးသမီးအသွင်ကို မြင်နေရပါတယ်။

၄.Kim Tae Hee
သဘာဝမင်းသမီးလို့ နာမည်ကြီးတဲ့ Kim Tae Hee ကိုတော့ Hanbok နှင့် My princess , Jang Ok Jeong စသည့် ရှေ့ခေတ်ဇာတ်လမ်းတွဲများတွင် တွေ့ရမှာပါ။ သူမနှင့် ဘယ်လောက်လိုက်ဖက်သလဲဆိုရင်တော့ ဇာတ်လမ်းတွဲကြည့်နေသည့် မိန်းကလေးများပါ Hanbok ကို စမ်းဝတ်ကြည့်ချင်စိတ် ဖြစ်သွားပါတယ်။

5. Han Ga In


The Moon embracing the sun ဇာတ်လမ်းတွဲတွင် သူမ​၏ဝတ်စုံများက နာမည်ကြီးလှပါသည်။ သာမန်လူတန်းစားအမျိုးသမီးများ ဝတ်ဆင်ရသည့် Hanbok ကိုဝတ်ဆင်ခဲ့ရသော်လည်း သူမ​၏မျက်နှာနှင့် အလွန်လိုက်ဖက်လှသဖြင့် အမျိုးသမီးတစ်ဦး​၏ ကျက်သရေရှိလှသည့် ပုံရိပ်ထင်ဟပ်နေပါတယ်။

ယခုဖော်ပြပေးလိုက်တာကတော့ Hanbok နှင့် လိုက်ဖက်လှသည့် တောင်ကိုရီးယားမင်းသမီးများပဲ ဖြစ်ပါတယ်။ အပိုင်း ၁တွင်လည်း မင်းသမီးအချို့ကို ဖော်ပြပေးလိုက် ပြီးပါပြီ။ကျန်ရှိနေသောသူများကိုတော့ နောက်တွင်ဆက်လက် ဖော်ပြပေးသွားပါမည်။ အချိန်ပေးပြီး ဖတ်ရှုပေးတာကို ကျေးဇူးတင်ပါတယ်။ အစဉ်ကြိုးစားလျက်…။

Source: Soompi
Written: Phoo Phoo

Share