BTS အကြောင်းကို ဇာတ်လမ်းတွဲအဖြစ်ရိုက်ကူးမည့် Blue sky ဇာတ်လမ်းတွဲအတွက် သရုပ်ဆောင်များရွေးချယ်မှုပြုလုပ်

တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ BTS အကြောင်းကို ရိုက်ကူးမည့် Blue Sky ဇာတ်လမ်းတွဲဟာ လက်တလောတွင် သရုပ်ဆောင်ရွေးချယ်မှုများပြုလုပ်နေပါပြီ။ BTS အဖွဲ့၏ အေဂျင်စီဖြစ်သော Big Hit မှတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ အဆိုပါဇာတ်လမ်းတွဲအတွက် သရုပ်ဆောင်ရွေးချယ်မှုကို ဇွန်လ၁ရရက်နေ့တွင် စတင်လုပ်ဆောင်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

သရုပ်ဆောင်များနှင့်ပက်သက်ပြီး ရွေးချယ်မှုတွေ၊ ဒါရိုက်တာများနှင့် ထုတ်လုပ်သူများနှင့်လည်း ဆွေးနွေးတိုင်ပင်မှုများပြုလုပ်နေတယ်လို့လည်း ပြောကြားထားပါတယ်။ BTS အဖွဲ့ဟာ ယခုဆိုလျှင် ဂီတသက်တမ်း (၇)နှစ်ပြည့်ခဲ့ပြီပဲ ဖြစ်ပါတယ်။ (၇) နှစ်တာအတွင်း ရရှိခဲ့သည့် အောင်မြင်မှုတွေ၊ အခက်အခဲတွေ အများအပြားရှိခဲ့ပါတယ်။

Blue Sky ဇာတ်လမ်းတွဲဟာ BTS အဖွဲ့ဝင်များ၏ ကျောင်းသာဘဝမှ စတင်ကာ ၊ ဂီတလောကထဲသို့ ဝင်ရောက်လာပုံများကို ပုံဖော်အသက်သွင်းပြီး ရိုက်ကူးမှာပဲ ဖြစ်ပါတယ်။ အဖွဲ့ဝင်တစ်ဦးချင်းစီ၏ ဘဝကို လေ့ကျင်သားအဖြစ်မှစ၍ BTS ဆိုပြီးဖြစ်လာသည်အထိ ပုံဖော်ရိုက်ကူးမည်ဟု ပြောကြားထားပါတယ်။

အဆိုပါဇာတ်လမ်းတွဲတွင်တော့ အမည်အရင်းများကို အသုံးပြုမည်မဟုတ်ဘဲ နာမည်လွဲကာ ရိုက်ကူးသွားမှာပါ။သိုသော် ပရိတ်သတ်များအနေနဲ့ ဘယ်ဇာတ်ကောင်က ဘယ်သူဆိုတာကို ခန်းမှန်းနိုင်အောင် သရုပ်ဖော်သွားမယ်လို့ ပြောပါတယ်။

ဇာတ်လမ်းတွဲကိုတော့ လာမည့် စက်တင်ဘာလတွင် စတင်ရိုက်ကူးမည်ဖြစ်ပြီး ၂၀၂၁ခုနှစ်၏ နှစ်စပိုင်းတွင် ထုတ်လွှင့်နိုင်မည်ဟု မျှော်လင့်ထားပါတယ်။ BTS အဖွဲ့ဟာ လက်ရှိတွင်တော့ အောင်မြင်ကျော်ကြားဆုံး အဖွဲတစ်ခုပဲ ဖြစ်ပါတယ်။

ထိုကဲ့သို့အောင်မြင်မှုများ၏နောက်ကွယ်မှာတော့ ပင်ပန်းကြမ်းတမ်းခဲ့သော ခရီးလမ်းတွေရှိခဲ့ပါတယ်။ အဆိုပါဇာတ်လမ်းတွဲဟာ BTS အဖွဲ့၏ အောင်မြင်မှုမှတ်တိုင်များနှင့်အတူ ခက်ခဲကြမ်းတမ်းခဲ့သောအချိန်များကိုလည်း ထည့်သွင်းရိုက်ကူးမှာပဲ ဖြစ်ပါတယ်။

BTS အဖွဲ့၏ ကြိုးစားမှု၊အောင်မြင်မှုများကို ပုံဖော်ရိုက်ကူးထားသည့် Blue Sky ဇာတ်လမ်းတွဲ ထွက်ရှိလာလျှင်တော့ ဆက်ဆက်အားပေးဖို့ မမေ့ကြပါနဲ့ဦးနော် ။အစဉ်ကြိုးစားလျက်…

Source:Allkpop
Written:Phoo Phoo

Share