အဆိုနဲ့အကအပြင် BTS အဖွဲ့ဝင်တွေ ကျွမ်းကျင်တတ်မြောက်တဲ့ အရာများ

BTS အဖွဲ့ ကမ္ဘာနှင့်အဝှမ်းအောင်မြင်နေတယ်ဆိုတာ သူတို့ရဲ့သီချင်းသီဆိုနိုင်စွမ်း၊ အကစွမ်းရည်နဲ့ ချောမောတဲ့ရုပ်ရည်တွေကြောင့် ဆိုတာကို ဘယ်သူမှငြင်းနိုင်မယ် မထင်ပါဘူး။ ဒါပေမယ့် သူတို့ရဲ့အရည်အချင်းက ဒါအကုန်ပဲတော့ မဟုတ်ပါဘူး။ BTS အဖွဲ့ဝင်တွေ ဘာတွေကျွမ်းလဲဆိုတာ ကြည့်လိုက်ရအောင်။

RM


IQ 148 ရှိတဲ့ ဉာဏ်ကြီးရှင်ပီပီ ဘာသာစကားနဲ့ ပညာရေးမှာ အရမ်းထူးချွန်ပါတယ်။ ကျောင်းတက်တုန်းက တစ်နိုင်ငံလုံးရဲ့ ၁.၃% သော ထိပ်တန်းကျောင်းသားတွေထဲမှာ ပါဝင်ခဲ့ပြီး အင်္ဂလိပ်စကားကို အခုလိုကျွမ်းကျင်စွာပြောနိုင်ဖို့ ရုပ်ရှင်ကြည့်ပြီးပဲ့ လေ့ကျင့်ခဲ့တာပါတဲ့။

Jin


Jin ဟာ ကမ္ဘာကြီးအတွက် ရုပ်ပဲချောပေးနိုင်တာတော့ မဟုတ်ပါဘူး။ အချက်အပြုတ်လဲ အထူးကျွမ်းကျင်ပါတယ်။ သူ့ရဲ့အလုပ်နဲ့ဘာမှ မအပ်စပ်ပေမယ့် အစားအသောက်တွေကို ဖွယ်ဖွယ်ရာရာချက်ပြုတ်တတ်ပြီး သူကိုယ်တိုင်လဲ ကောင်းကောင်းစားသလို အဖွဲ့ဝင်တွေကိုလဲ ချက်ပြုတ်ကျွေးတတ်ပါတယ်။

Suga


သီချင်းတွေရေးစပ် produce လုပ်တာကျွမ်းပါတယ်။ Idol အပြင် အားလုံးကချီးကျူးရတဲ့ တေးရေးဆရာ producer ကြီးပါ။ သူ့ကိုယ်ပိုင်သီချင်းတွေအပြင် အခြားသောနာမည်ကျော်အဆိုတော်တွေရဲ့ သီချင်းတွေကိုပါ ရေးစပ်သီကုံးပေးခဲ့ပါတယ်။ IU ရဲ့လက်တလောထွက်ရှိထားတဲ့ Eight ဆိုတဲ့ သီချင်းကောင်းလေးဟာ Suga ရဲ့ လက်ရာတွေထဲက တစ်ခုပါ။

J-Hope


အကနဲ့ပတ်သတ်ရင် ပါရမီရှင်ဖြစ်တဲ့ Jhope ရဲ့ ထူးခြားစွမ်းရည်ကတော့ သူတပါးကိုပျော်ရွှင်အောင် လုပ်ပေးတာပါ။ Army တွေရဲ့ နေရောင်ခြည်လေးလို့တင်စားရတဲ့အထိ တောက်ပတဲ့အပြုံးလေးနဲ့ စိတ်ဓာတ်ကျနေသူတွေကို အားအင်ဖြစ်စေတာကတော့ နည်းတဲ့ကုသိုလ်ထူးမှ မဟုတ်ပဲနော်။ အကြည်ဓာတ်အပြည့်ရှိတာကတော့ သူ့ရဲ့ပင်ကိုယ်စွမ်းရည်ပါ။

Jimin


Idol မဖြစ်ခဲ့ရင် ဖက်ရှင်လောကမှာ ထွန်းပေါက်မယ်လို့ယူဆရတဲ့အထိ ဖက်ရှင်ပိုင်းမှာ ဆရာကျပါတယ်။ သူတွဲဖက်ဝတ်ဆင်လိုက်တဲ့ အဝတ်အစားမှန်သမျှကို ကိုရီးယားပြည်တွင်းသာမက ကမ္ဘာတစ်ဝှမ်းလုံးက အသိအမှတ်ပြုရတာပါ။ Fashion နဲ့ပတ်သတ်ရင်တော့ Jimin ကို ကိုရီးယားမီဒီယာတွေက အသဲစွဲပါပဲ။

V


သရုပ်ဆောင်ကျွမ်းပါတယ်။ BTS အဖွဲ့မှာ ပထမဆုံး ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်မင်းသားပါ။ Hwarang ဇာတ်လမ်းတွဲမှာ နာမည်ကျော်သရုပ်ဆောင်တွေနဲ့ အပြိုင် အစွမ်းပြခဲ့တဲ့ V ကို နောက်ထပ်လဲ ရုပ်ရှင်တွေရိုက်ဖို့ အားလုံးကမျှော်လင့်နေကြပါတယ်။

Jungkook


​အဆို အက rap ဘာလာလာဒေါင်းသလို ပေါင်းသင်းဆက်ဆံရေး အလွန်ကျွမ်းကျင်အဆင့်ပါ။ အရေးမကြီးဘူးထင်ရပေမယ့် တွေ့သမျှလူတိုင်း သူ့ကိုချစ်ခင်လာအောင် လုပ်နိုင်တာက လူမှုဘဝမှာ အောင်မြင်ခြင်းရဲ့ အဓိကသော့ချက်ပါပဲ။ အငယ်ဆုံးလေးမို့ အစ်ကိုတွေကဝိုင်းချစ်ကြသလို သူငယ်ချင်းမိတ်ဆွေတွေလဲ အများကြီးရှိပါတယ်။

written : Dar Dar

Share