ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တွေမှာ ပညာသင်ယူခွင့်ရတဲ့ စာတော်တဲ့ အနုပညာရှင်များ

ခုဖော်ပြသွားမယ့် အနုပညာရှင်တွေကတော့ ကိုးရီးယားနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တွေမှာ ပညာသင်ယူခွင့်ရခဲ့တဲ့ စာတော်တဲ့ အနုပညာရှင်တွေပါ။

1. Woo Won Jae

Show Me The Money ရဲ့ ထင်ရှားတဲ့ rapper Woo Won Jae ဟာ အထက်တန်းကျောင်းသားဘဝကတည်းက ထိပ်တန်းအဆင့်မှာ ပါဝင်ခဲ့ပါတယ်တဲ့။ ကျောင်းတက်နေစဉ် ကာလတစ်လျှောက်လည်း အကောင်းဆုံး အမှတ်တွေရခဲ့ပါတယ်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ အကောင်းမွန်ဆုံး ရလဒ် မရခဲ့ပေမယ့် Hongik University ရဲ့ Civil Engineering မေဂျာမှာ ပညာသင်ယူခွင့်ရခဲ့ပါတယ်။

2. Loco

Loco ကတော့ ကျောင်းသားဘဝမှာ နေ့စဉ် ည ၂ နာရီထိ စာလေ့လာပါတယ်တဲ့။ ဒါ့ကြောင့်လည်း တစ်တန်းလုံးရဲ့ အဆင့် ၉ တောင်ရခဲ့ပါတယ်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ အကောင်းဆုံး ရလဒ်မရရှိခပေမယ့် Hongik University ရဲ့ စီးပွါးရေး မေဂျာမှာ သင်ယူခွင့်ရရှိခဲ့ပါတယ်။

3. Yoo Byung Jae

YG Entertainment မှ Yoo Byung Jae ဟာ ကျောင်းတက်နေစဉ်ကာလမှာ အမှတ်ကောင်းတွေပဲရရှိခဲ့ပြီး အတန်းရဲ့ အဆင့်တစ်နေရာလည်း ရခဲ့ဖူးပါတယ်။ ၂၀၀၇ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲရဲ့ သင်္ချာ စာမေးပွဲမှာ အမှတ်ပြည့်ရရှိခဲ့ပြီး Sogang University ရဲ့ Journalism and Broadcasting ဘာသာရပ်မှာ ပညာသင်ယူခဲ့ပါတယ်။

4. Im Siwan

Im Siwan ကတော့ ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်း အစိုးရတက္ကသိုလ်တစ်ခုဖြစ်တဲ့ Busan University မှ Mechanical Engineering ဘာသာရပ်တွင် ပညာဆည်းပူးခဲ့ပါတယ်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ အမှတ်ကောင်းရတဲ့ သူများသာ Busan University ရဲ့ Mechanical Engineering ဘာသာရပ်ကို တက်ရောက်ခွင့်ရရှိတာပါ။

5. Super Junior’s Kyuhyun

Kyuhyun ကတော့ ကျောင်းသားဘဝတစ်လျှောက် သင်္ချာဘာသာရပ် ပြိုင်ပွဲများမှာ နှစ်တိုင်းလိုလို ဆုရရှိခဲ့ပါတယ်တဲ့။ အမှတ်ကောင်းများ ရရှိိခဲ့တဲ့အတွက် ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့ Kyunghee University တွင် Post-Modern Music ဘာသာရပ်မှာ ပညာသင်ယူခွင့်ရရှိခဲ့ပါတယ်။

6. Song Joong Ki

Song Joong Ki ဟာလည်း စာတော်တဲ့ အနုပညာရှင်တစ်ဦးပါ။ Yonsei University ရဲ့ ဝင်ခွင့်ကို မရခဲ့သော်လည်း အခြား ထိပ်တန်း တက္ကသိုလ်တစ်ခုဖြစ်တဲ့ Sungkyunkwan University ရဲ့ Social Science ဘာသာရပ်ကို တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။

7. Yeeun

Wonder Girls ရဲ့ အဖွဲ့ဝင်ဖြစ်ခဲ့တဲ့ Yeeun ဟာလည်း တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ အမှတ်ကောင်းရရှိခဲ့တဲ့အတွက် Kyung Hee University ရဲ့ Post-Modern Music ဘာသာရပ်မှာ ပညာသင်ယူခဲ့ပါတယ်။

Source: Koreaboo
Written: Gyi Gyi

Share