ကိုရီးယားနိုင်ငံအနုပညာလောကအတွက် ဆုပေးပွဲတွေကိုတော့ နှစ်တစ်နှစ်ရဲ့ အဆုံးမှာ တစ်နှစ်တာအောင်မြင်ခဲ့တဲ့ သူတွေကို အသိအမှတ်ပြု ဆုချီးမြှင့်ဖို့ ကျင်းပလေ့ရှိကြပါတယ်။ Daesang ဆိုတာကတော့ ဆုပေးပွဲတစ်ခုချင်းစီရဲ့ အကြီးဆုံးဆုဖြစ်ပါတယ်။ ခုဖော်ပြပေးမယ့် အဖွဲ့တွေကတော့ Daesang အများဆုံး သိမ်းပိုက်ထားနိုင်ခဲ့တဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။
8. 2NE1
YG entertainment ရဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ 2NE1 ကတော့ ပွဲဦးထွက်ချိန်ကစလို့ ထူးခြားပြောင်မြောက်တဲ့ သီချင်းတွေကြောင့် အောင်မြင်မှုဆက်တိုက်ရရှိခဲ့တဲ့ အဖွဲ့ပါ။ ဒါ့ကြောင့်လည်း ဂီတသက်တမ်းတစ်လျှောက် Daesang ၆ ခုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
7. Super Junior
Super Junior ကတော့ SM Entertainment မှ ၂၀၀၅ ခုနှစ်တွင် ပွဲဦးထွက်ပေးခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Sorry Sorry ဆိုတာကတော့ မရေတွက်နိုင်တဲ့ အောင်မြင်မှုတွေပိုင်ဆိုင်ထားပီး Kpop ပရိသတ်တိုင်း မသိသူမရှိပါပဲ။ ဂန္တဝင် စီနီယာ အဖွဲ့ဖြစ်တဲ့ Super Junior ကတော့ Daesang ၇ ခု ပိုင်ဆိုင်ထားပါတယ်။
6. Wonder Girls
Wonder Girls ကတော့ JYP Entertainment မှ ပွဲထုတ်ပေးခဲ့တဲ့ အဖွဲ့ပါ။ ၂၀၀၈ တွင် ထွက်ရှိခဲ့တဲ့ Nobody ကတော့ ကမ္ဘာတစ်ဝှမ်းကို သိမ်းပိုက်ကာ အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ကိုရီးယားနိုင်ငံရဲ့ ဂန္တဝင် အမျိုးသမီးအဆိုရှင် အဖွဲ့တစ်ဖွဲ့ ဖြစ်လာပါတယ်။ ၂၀၀၇ ခုနှစ်မှာ ပွဲဦးထွက်ခဲ့တဲ့ Wonder Girls ဟာ ၂၀၀၈ မှာပဲ Nobody သီချင်းဖြင့် Daesang ရရှိခဲ့ပြီး အဖွဲ့မရုပ်သိမ်းခင် အချိန်ထိ Daesang ပေါင်း ၈ ခု ပိုင်ဆိုင်ရရှိထားပါတယ်။
5. Big Bang
YG Entertainment ရဲ့ Big Bang အဖွဲ့ကတော့ Kpop ပရိသတ်များသာမက အားပေးသူ အများအပြားရှိတဲ့အဖွဲ့ပါ။ အလွန်အောင်မြင်တဲ့ သီချင်းအများအပြားလည်း ပိုင်ဆိုင်ထားပါတယ်။၂၀၀၇ ခုနှစ်တွင် စတင် Daesang ရရှိခဲ့ပြီး လက်ရှိအချိန်မှာတော့ Daesang ၁၀ ခု လက်ဝယ် ပိုင်ဆိုင်ထားပါတယ်။
4. Girls Generation
Girls Generation ကတော့ SM Entertainment မှ ပွဲထွက်ပေးထားတဲ့ အဖွဲ့တစ်ဖွဲ့ပါ။ ကိုရီးယားနိုင်ငံရဲ့ အချစ်တော် အဖွဲ့တစ်ဖွဲ့လည်းဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် Daesang စတင် ပိုင်ဆိုင်နိုင်ခဲ့ပီး စုစုပေါင်း Daesang ၁၀ ခု သိမ်းပိုက်ထားနိုင်ပါတယ်။
3. TWICE
TWICE ကတော့ JYP Entertainment ရဲ့ အဖွဲ့ဝင် ၉ ယောက်ပါတဲ့ အဖွဲ့တစ်ဖွဲ့ပါ။ ပွဲဦးစထွက်ချိန်မှစလို့ အောင်မြင်မှုများစွာ ဆက်တိုက်ရရှိခဲ့တဲ့ TWICE ကတော့ လက်ရှိအချိန်မှာ Daesang ၁၅ ခု ပိုင်ဆိုင်ထားပါပီ။ ဒါ့ကြောင့်လည်း KPop လောကသမိုင်းတစ်လျှောက် Daesang အများဆုံးပိုင်ဆိုင်ထားတဲ့ အမျိုးသမီး အဆိုရှင်အဖွဲ့အဖြစ်ရှိနေပါတယ်။
2. EXO
EXO အဖွဲ့ကတော့ SM Entertainment ရဲ့အဖွဲ့ဖြစ်ပါတယ်။ ၂၀၁၂ ပွဲဦ်းစထွက်ချိန်မှစလို့ အောင်မြင်မှုများစွာ ဆက်တိုက်ရရှိခဲ့ပီး မှတ်တမ်းများစွာလည်း စိုက်ထူထားနိုင်ခဲ့ပါတယ်။ သီချင်းတိုင်း သီချင်းတိုင်းအားလည်း သူမတူတဲ့ပုံစံများနဲ့ တင်ဆက်နိုင်ပီး ပရိသတ်တွေရဲ့အချစ်များစွာကို ရရှိထားပါတယ်။ EXO ကတော့ လက်ရှိအချိန်ထိ Daesang ၂၃ ခု သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။
1. BTS
BTS ကတော့ လက်ရှိအချိန်ထိ Daesang အများဆုံး ပိုင်ဆိုင်ထားတဲ့အဖွဲ့ပါ။ Daesang ပေါင်း ၄၁ ခုတောင် သိမ်းပိုက်နိုင်ထားပါတယ်။ BTS ရဲ့ ပထမဆုံး Daesang ကတော့ ၂၀၁၆ ခုနှစ်ဖြစ်ပါတယ်။ ဒါ့ကြောင့် အချိန်တိုအတွင်း Daeang အများအပြားရရှိထားနိုင်တာကတော့ တကယ့်ကို အံ့မခန်းအောင်မြင်မှုပါပဲ။ ဒါကြောင့်လည်း Kpop သမိုင်းတစ်လျှောက် Daesang အများဆုံး ပိုင်ဆိုင်ထားတဲ့ အဖွဲ့အဖြစ် ရပ်တည်နေပါတယ်။
Source: Kpopstarz
Written: Gyi Gyi