ဇာတ်လမ်းတွဲများတွင် နာမည်ကျော်မင်းသမီးဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့ဖူးသော မင်းသမီးများ

မင်းသမီးတစ်ဦးအနေနဲ့ ဇာတ်လမ်းတွဲထဲတွင် မင်းသမီးတစ်ဦးအဖြစ် သရုပ်ဆောင်ရတာဟာ မလွယ်ကူလှပါဘူး။ သို့သော်ထိုဇာတ်ရုပ်မျိုးကို ပိုင်နိုင်စွာသရုပ်ဆောင်နိုင်ခဲ့သည့် မင်းသမီးများစွာရှိနေပါတယ်။

ဇာတ်လမ်းတွဲများထဲတွင် မင်းသမီးအဖြစ်သရုပ်ဆောင်ဖို့ဆိုရင် ဖက်ရှင်ကျမှု၊ မင်းသမီးတယောက်၏ ကိန်းကြီးခန်းကြီးဆိုသည့် ဟန်ပန်မျိုး၊ အပြောအဆိုစသည်တို့ကို သရုပ်ဖော်ပေးနိုင်ရပါတယ်။ ယခုဖော်ပြပေးမည့် အနုပညာရှင်အချို့ကတော့ အဆိုပါဇာတ်ရုပ်ကို တဖက်ကန်းခက်အောင် ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့သည့် မင်းသမီးများပင်ဖြစ်ပါတယ်။

1. Jun Ji Hyun

My Love From Another Starဆိုသည့် ဇာတ်လမ်းတွဲတွင် Jun Ji Hyun ဟာ နာမည်ကျော်မင်းသမီး Cheon Song Yi (ချွန်းဆုံးရီ) ဇာတ်ရုပ်ကို သရုပ်ဆောင်ခဲ့ပါသည်။ ပြောပုံဆိုပုံ၊ နေပုံထိုင်ပုံ၊ အဝတ်အစားကအစ မင်းသမီးတစ်ဦးအသွင် ပီပြင်အောင်သရုပ်ဆောင်နိုင်ခဲ့သဖြင့် ပရိတ်သတ်၏အားပေးမှုများစွာရရှိခဲ့ပါသည်။

ထိုဇာတ်လမ်းတွဲထဲတွင် သူမဝတ်ဆင်သည့် ဖက်ရှင်များမှာလည်း တောင်ကိုရီးယားအမျိုးသမီးများကြားတွင် အလွန်ရေပန်းစားခဲ့ပါတယ်။ သူမဇာတ်လမ်းတွဲတွင် အသုံးပြုခဲ့သော အလှကုန်ပစ္စည်း၊ အဝတ်အစားစသည့် တံဆိပ်များမှာလည်း အားလုံးရောင်းထွက်ခဲ့ပြီး ပစ္စည်းများပြတ်လပ်မှုနှင့်တောင်ကြုံခဲ့ရပါတယ်။

2.Yoo In Na

Yoo In Na ကိုတော့ မင်းသမီးဇာတ်ရုပ်ကို ကောင်းစွာသရုပ်ဆောင်နိုင်မယ်ဆိုသည်ကို ပရိတ်သတ်များက သိပြီးသားပါ။ သူမထိုကဲ့သို့ဇာတ်ရုပ်မျိုးကို သုံးကြိမ်တိတိ သရုပ်ဆောင်ခဲ့ပြီးပါပြီ။

My Love from another star, Queen-In Hyun Man, Touch Your Heart ဆိုသည့် ဇာတ်လမ်းတွဲများတွင် မင်းသမီးဇာတ်ရုပ်နှင့် သရုပ်ဆောင်ခဲ့ဖူးပါတယ်။ သူမ၏ ဖက်ရှင်နှင့် အလှအပကို ဖော်ပြခဲ့သောဇာတ်လမ်းတွဲများတွင် ပရိတ်သတ်များကို အသေအချာ ချပြနိုင်ခဲ့ပါတယ်။

3.Moon Ga Young

Moon Ga Young ကတော့ Find Me In Your Memory ဇာတ်လမ်းတွဲတွင် နာမည်ကျော်မင်းသမီး Yeo Ha Jin အဖြစ်သရုပ်ဆောင်ခဲ့ပါတယ်။ သူမဟာ ထိုကဲ့သို့သော ဇာတ်ရုပ်ကိုပထမဆုံးအကြိမ် သရုပ်ဆောင်ခဲ့ရသော်လည်း ပီပီပြင်ပြင်ပုံဖော်နိုင်ခဲ့သည့်အတွက် ပရိတ်သတ်များ၏ အားပေးမှုကိုရရှိခဲ့ပါတယ်။ သူမရဲ့ဖက်ရှင်နှင့် အဝတ်အစားရွေးချယ်မှုများမှာလည်း မင်းသမီးတစ်ယောက်၏ ပုံရိပ်ကိုထင်ဟပ်နေပါတယ်။

4.Seo Hyun Jin

The Beauty Inside ဇာတ်လမ်းတွဲတွင် နာမည်ကြီးမင်းသမီးအဖြစ် သရုပ်ဆောင်ခဲ့သော Seo Hyun Jin ဟာသူမ၏ အလှအပကြောင့် နတ်ဖုရားမတစ်ဦးအဖြစ်ပင် တင်စားခံခဲ့ရပါတယ်။

ဇာတ်ရုပ်နှင်လည်း အလွန်လိုက်ဖက်လှပြီး ဖက်ရှင်ပိုင်း၊ မိကပ်အပိုင်းကအစ ပြောစရာမလိုအောင်ပင် ဖြစ်ခဲ့ပါတယ်။ထိုဇာတ်လမ်းတွဲဟာလည်း ကြည့်ရှုသူများခဲ့ပြီး အောင်မြင်ခဲ့ပါတယ်။

ယခုဖော်ပြပေးခဲ့သူများကတော့ လက်ရှိအပြင်လောကတွင်လည်း မင်းသမီးလုပ်နေပြီး ဇာတ်လမ်းတွဲထဲတွင်ပါ မင်းသမီးအဖြစ် သရုပ်ဆောင်ခဲ့ဖူးကြသူများပင် ဖြစ်ပါတယ်။ မိမိ၏ဇာတ်ရုပ်ကို မိမိကိုယ်တိုင်ပြန်သရုပ်ဆောင်ရသည်ဟုလည်း ဆိုနိုင်ပါတယ်။

သူမတို့၏ အလှအပ ဖက်ရှင်အမြင်များကိုလည်း သေသေချာချာ ချပြနိုင်ခဲ့သော ဇာတ်ရုပ်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ နောက်တွင်လည်း ယခုကဲ့သို့ စိတ်ဝင်စားစရာကောင်းသည့် သတင်းများကို ဖော်ပြပေးပါဦးမည်။ အချိန်ပေးပြီး ဖတ်ရှုမှုအတွက် ကျေးဇူးတင်ပါတယ်။

Source: Kdrama stars
Written: Phoo Phoo

Share