အနုပညာမှာအောင်မြင်သလို မိသားစုအပေါ်လဲ တာဝန်ကျေပွန်တဲ့ K အနုပညာရှင် ဖခင်များ (အပိုင်း ၂)

ဒီနေ့ကတော့ အားလုံးသိကြသလို ဖခင်များနေ့ဖြစ်တာကြောင့် ကေဒရမ်မာချစ်သူတွေအနေနဲ့ အနုပညာမှာအောင်မြင်ရုံတင်မကပဲ သားသမီးတွေအတွက်လဲ စံပြဖခင်ကောင်းဖြစ်တဲ့ ကိုရီးယားက အနုပညာရှင်တွေကို တင်ဆက်ပေးလိုက်ပါတယ်။

Rain


မင်းသမီး Kim Tae Hee နဲ့လက်ထပ်ထားပြီး သမီးလေးနှစ်ယောက်ရဲ့ ဖခင်ဖြစ်တဲ့ Rain ကလဲ သမီးတွေနဲ့ လူရှေ့ထွက်မပြပေမယ့် ဇနီးဖြစ်သူအပေါ် အလွန်ချစ်မြတ်နိုးပြီး သစ္စာရှိသူဖြစ်တာမို့ သမီးလေးတွေအပေါ်လဲ ကြင်နာတဲ့ဖခင်ကောင်းတစ်ယောက်ဆိုတာ သေချာပါတယ်။

Ki Tae Young


Return of Superman အစီအစဉ်ရဲ့ ပရိတ်သတ်တွေကတော့ Ki Tae Young ရဲ့ဖခင်ကောင်းပီသမှုကို တွေ့ဖူးမှာပါနော်။ Rohee လေးကို ဝေယျာဝစ္စအကုန်လုပ်ပေးပြီး အတူတူလည်ပတ်ပေး ထိန်းကျောင်းပေးသူပါ။ အခုတော့ Rohee လေးရဲ့ ညီမလေးလဲ ထပ်ရနေပါပြီ။

Lee Hwi Jae


အစီအစဉ်တင်ဆက်သူတစ်ယောက်ဖြစ်တဲ့ Hwi Jae ကလဲ အမြွာလေးတွေကို ဖခင်လိုတစ်မျိုး သူငယ်ချင်းလိုတစ်ဖုံ အဖော်ပြုပေး ထိန်းကျောင်းပေးနိုင်သူပါ။ Return of Superman လိုတစ်ယောက်တည်း ကလေးထိန်းရတဲ့အစီအစဉ်မှာ နှစ်တွေအကြာကြီး ပါဝင်ခဲ့တာသာ ကြည့်ပါတော့။

Ko Ji Yong


Sches Kies အဖွဲ့ဝင်ဟောင်း Ko Ji Yong ကလဲ အရမ်းသိတတ်လိမ္မာတဲ့ Seung Jae လေးကို ပိုပြီးထူးချွန်ထက်မြက်အောင် လိမ္မာရေးခြားရှိအောင် ဆုံးမသွန်သင်တတ်ပြီး သူကိုယ်တိုင်လဲ စံနမူနာကောင်းဖြစ်အောင် ကြိုးစားနေထိုင်သူ ဖခင်ကောင်းတစ်ဦးပါ။

Haha


Running Man အဖွဲ့ဝင် ရက်ဂေးအဆိုတော် Haha ကလဲ သားသမီးသုံးယောက်ကို ချစ်စရာနာမည်ဆန်းလေးတွေပေးထားပြီး နာမည်လေးတွေနဲ့လိုက်အောင် ပြုစုပျိုးထောင်နေသူပါ။ ပျော်ပျော်နေတတ်သူမို့လို့ ကလေးတွေနဲ့ ရင်းရင်းနှီးနှီးရှိတဲ့ သူငယ်ချင်းလို ဖခင်မျိုးပါ။

Ji Suk Jin


Running Man အဖွဲ့ဝင် Ji Suk Jin တစ်ယောက် သူ့သားလေးကို ဘယ်လောက်ချစ်လဲဆိုတာတော့ runners တွေအသိပဲ ဖြစ်မှာပါနော်။ ရိုက်ကူးရေးတွေထဲမှာ သူ့သားအကြောင်းကို အမြဲထည့်ထည့်ပြောတတ်တဲ့ ကြင်နာတတ်တဲ့ ဖခင်ကောင်းတစ်ယောက်ပါပဲ။

Eli


Ukiss အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ Eli ဟာလဲ ငယ်ရွယ်တဲ့အချိန်မှာ ဖခင်ဖြစ်ခဲ့ပေမယ်​့ ရင့်ကျက်ပြီးအိမ်ထောင်ဦးစီးကောင်းတစ်ယောက် ပီသပါတယ်။ ရုပ်သံအစီအစဉ်တွေမှာ မိသားစုနဲ့အတူ ပါဝင်ဖူးပြီး သူ့ရဲ့တာဝန်ကျေမှုကို ပြသခဲ့ဖူးပါတယ်။

ဒါကတော့ ဖခင်များနေ့အထူးအစီအစဉ်အနေနဲ့ K အနုပညာရှင်တွေ အများကြီးထဲကမှ ဖခင်ကောင်းအဖြစ်ရပ်တည်နေကြသူတွေကို အပိုင်း (၂) ပိုင်းခဲံပြီး ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ ဒီစူပါဖေဖေတွေကိုတော့ အားလုံးလဲ လေးစားချစ်ခင်ကြမယ်လို့ ထင်ပါတယ်နော်။

written : Dar Dar

Share