Dilraba Dilmurat အနုပညာသက်တမ်းတစ်လျှောက်အအောင်မြင်ဆုံးတရုတ်ဇာတ်လမ်းတွဲများအပိုင်း (၂)

Reba ရဲ့အောင်မြင်ခဲ့တဲ့စီးရီးတွေပထမပိုင်းကို ရှေ့ရက်တွေကဖော်ပြခဲ့ပြီးပြီမို့လို့အခုဒုတိယပိုင်းကိုဖော်ပြသွားပါမယ်။

၁။ The Flame Daughter


၂၀၁၈ ခုနှစ်ကထုတ်လွှင့်ခဲ့တဲ့ ဒီဇာတ်လမ်းတွဲမှာ Dilireba က Lie Ru Ge အနေနဲ့ပါဝင်ခဲ့ပါတယ်။ ဇာတ်လမ်းထဲမှာ သူမဝတ်ဆင်ခဲ့တဲ့ တရုတ်ရိုးရာဝတ်စုံ အနီရဲရဲလေးတွေကလည်း သူမနဲ့လိုက်ဖက်လွန်းတယ်လို့ ပရိတ်သတ်တွေကမှတ်ချက်ပေးခဲ့ကြပါတယ်။ သူမရဲ့ ဇာတ်ကောင်စရိုက်သုံးမျိုးလုံးကိုလည်း ပီပြင်ခဲ့ပြီး ရိုက်ကူးစဉ်ကသူမမျက်လုံး ထိခိုက်ရလောက်အောင် ကြိုးစားခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုပါ။

၂။ Hot Girl


၂၀၁၆ခုနှစ်ကထွက်ရှိခဲ့တဲ့ action ဇာတ်လမ်းတွဲ Hot Girl မှာသူမက သက်တော်စောင့်မလေး Guan Xiao Di အနေနဲ့ပါဝင်ခဲ့ပါတယ်။ သူမရဲ့သွက်လက်တဲ့ကိုယ်ဟန်နဲ့ ကျစ်လျစ်တဲ့အချိုးအစားတွေကသူမရဲ့ သက်တော်စောင့်character ကိုအတိုင်းထက်အလွန်အားဖြည့်ပေးခဲ့ပါတယ်။

၃။ Sweet Dreams


Bai Hai ရဲ့Ling Ling Qi ကိုလည်းပရိတ်သတ်တို့မှတ်မိကြဦးမှာပါ။ ပန်းလေးလိုလှတဲ့ reba တစ်ယောက်ပန်းလေးတွေကြားမှာ ဘယ်လိုတောင်လှခဲ့လဲဆိုတာ စကားနဲ့တောင်ဖော်ပြလို့မလုံလောက်ပါဘူး။ Bai Hai (Deng Lun) နဲ့ သူမရဲ့တွဲဖက်သရုပ်ဆောင်မှုတွေကလည်း လိုက်ဖက်လွန်းလို့ပရိတ်သတ်အနေနဲ့တောင် ရင်ထဲမှာတလှပ်လှပ်ဖြစ်ကျန်ခဲ့ရမယ့် အချစ်ဇာတ်လမ်းလေးပါ။

၄။ The Backlight of Love


မင်္ဂလာပွဲနေ့မှာထွက်ပြေးခဲ့ရာကသတ်ခံလိုက်ရတဲ့ Jiang Li နေရာကနေ ပီပီပြင်ပြင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်လမ်းကောင်းလေး တစ်ခုပါပဲနော်။ တရုတ်ပြည်မှာရိုက်လေ့ရိုက်ထမရှိတဲ့ ဇာတ်အိမ်မျိုးကို သူမရဲ့ သရုပ်ဆောင်ချက်အမိုက်စားတွေနဲ့ အောင်မြင်စေခဲ့လို့ သူမရဲ့အကောင်းဆုံးစီးရီးတွေထဲကတစ်ခုပါပဲ။

၄။ Eternal Love of Dream


မြေခွေးမလေး ပိုင်ဖုန်းကျိုအလှည့် တစ်ဖန်ပြန်ရောက်လာပါပြီ။ ချင်းချိုးကဖုန်းကျိုနဲ့ ကောင်းကင်နိုင်ငံဘုရင်ဟောင်း သုံ့ဟွာသီကျွင်းတို့ကြားကအချစ်ကို တခမ်းတနားရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲလေးပါနော်။ အသက်ကွာတဲ့စုံတွဲကြား reba ရဲ့ချစ်စရာအမူအရာလေးတွေကို တဝကြီးကြည့်ရှုရမယ့် ဇာတ်လမ်းလေးပါ။

source : hotpot tv
written : helra

Share