Park Shin Hye နှင့် Choi Tae Joon တို့၏ ၂နှစ်ကြာတိုင် ခိုင်မြဲစွာရွှေလက်တွဲထားနိုင်သော အချစ်ခရီးလမ်း

Park Shin Hye ဟာမကြာသေးမီကပြုလုပ်ခဲ့သော အင်တာဗျူးတွင် သူမ၏အနုပညာခရီးလမ်းနှင့် အချစ်ရေးအကြောင်းကို ပြောပြခဲ့ပါတယ်။ Park Shin Hye ဆိုတာဟာ ကလေးဘဝကတည်းကအနုပညာလောကသို့ ဝင်ရောက်လာခဲ့သော အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ သူမရဲ့ ဖြတ်သန်းလာသည့် အနုပညာခရီးလမ်းကြောင်းမှ အတွေ့အကြုံများကိုလည်း ပြောပြခဲ့ပါတယ်။

Alive ရုပ်ရှင်၏ Promotion အင်တာဗျူးတွင် Park Shin Hye အား MC မှ သူ့၏အနုပညာခရီးလမ်းအကြောင်းပြောပြခိုင်းရာတွင် သူမက ” ကျွန်မက အတိတ်ကိုပြန်ကြည့်တဲ့အခါ ငါဘယ်သရုပ်ဆောင်ချက်ကို နောင်တရခဲ့လဲ၊ဘယ်ဟာကို ပိုကောင်းအောင်လုပ်ရမလဲ။

ဘယ်ဟာတွေ ချို့ယွင်းခဲ့လည်း ဆိုတာကို ပြန်ကြည့်လေ့ရှိပါတယ်။”ဆက်လက်၍ “ကျွန်မရဲ့အနုပညာအလုပ်တွေဟာ ပြည့်စုံချင်မှ ပြည့်စုံမှာပါ။ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ် တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံများ၊အမှားများကို သင်ခန်းစာယူပြီး ရှေ့သို့ဆက်လျှောက်လှမ်းခဲ့နိုင်ပါတယ်။

အတိတ်ကိုအရမ်းကြီးစိတ်ထဲမှာမထားဘဲ ဒီနေ့နှင့် မနက်ဖြန်ကိုသာ ကျွန်မပို၍ဂရုစိုက်ပါတယ်။ “ဟု ဖြေကြားခဲ့ပါတယ်။ Park Shin Hye ၏ချစ်သူ မင်းသား Choi Tae Joon ဟာယခုဆိုလျှင် စစ်မှုထမ်းနေတာပဲ ဖြစ်ပါတယ်။

များသောအားဖြင့် ချစ်သူကစစ်မှုထမ်းနေလျှင် အတွဲအများစုကလမ်းခွဲသွားတတ်ကြပါတယ်။ ဘာကြောင့်ဆို စစ်တပ်ထဲမှာဖြစ်သညိ့အတွက် တွေ့ဆုံရန်ခက်ခဲသလို၊အဆက်အသွယ်ရဖို့လည်း အဆင်မပြေသောကြောင့်ဖြစ်ပါတယ်။

MC မှသူတို့နှစ်ဦး၏ အချစ်ရေးအကြောင်း မေးမြန်းရာတွင်တော့ Park Shin Hye မှ “ကျွန်မတို့နှစ်ဦးက ပထမကတည်းက ချစ်သူဖြစ်နေပြီဆိုတာကို လူအများသိအောင် ကြေငြာဖို့စိတ်ကူးမရှိခဲ့ပါဘူး။

ဒါပေမဲ့ လူတိုင်းသိခဲ့ပြီး အားလုံးကလည်းအားပေးကြသည့်အတွက် ပျော်ခဲ့ပါတယ်။သူစစ်ထဲမှာရှိနေပင်မဲ့လည်း ယခုအချိန်ထိတော့ ကျွန်မတို့ဆက်ဆံရေးကတော့ ခိုင်မြဲလျက်ပါပဲ”လို့ ပြုံးပြုံးရွှင်ရွှင်ဖြေကြားခဲ့ပါတယ်။

Park Shin Hye နှင့် Yoo Ah In တို့၏ Alive ဆိုသည့် Zombies ရုပ်ရှင်ဟာလည်း ဇွန်လ ၂၄ရက်နေ့တွင် ရုံတင်တော့မှာပဲ ဖြစ်ပါတယ်။Covid ကာလအတွင်းမှာ တခဏတာ စိတ်အမောဖြေဖျောက်သွားနိုင်မည့် ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်လာမှာပါ။

Source: Soompi
Written: Phoo Phoo

Share