“အားလုံးအဆင်ပြေပါတယ်”လို့ဖွင့်ဟ ပြောဆိုလာသည့် မင်းသား Song Joong Ki

Song Joong Ki ဟာ ပထမဆုံးသူ့၏ လက်ရှိဘဝနေထိုင်ပုံနှင့် ပက်သက်၍ အင်တာဗျုးတစ်ခု ဖြေခဲ့ပါတယ်။သူ၏ အေဂျင်စီမှ ပြုလုပ်သော “Hi-High” အင်တာဗျူ းတွင် မင်းသားဟာ သူ၏လတ်တလောခံစားချက်အချို့ကို ပြောပြခဲ့ပါတယ်။ Song Joong Ki ဟာ Arthdal Chronicles ဆိုသည့် ဇာတ်လမ်းတွဲ ပြီးဆုံးကတည်းက အနုပညာလောကနှင့် အနည်းငယ်အဆက်ပြတ်နေခဲ့တာဖြစ်ပါတယ်။

Song Joong Ki၏ထွက်ရှိမည့် ရုပ်ရှင်အသစ်များမှာလည်း Covid-19 ကြောင့် ရွေ့ဆိုင်းထားရပါတယ်။ ထို့ကြောင့်ပရိတ်သတ်များနှင့်လည်း အနည်းငယ်အဆက်အသွယ်ပြတ်နေခဲ့တာပဲ ဖြစ်ပါတယ်။

လူအများကတော့ ဒီလိုအချိန်မှာ Song Joong Ki တစ်ယောက်သူ၏ဘဝနေ့ရပ်များကို မည်ကဲ့သို့ ဖြတ်သန်းနေသည်ကို သိချင်နေကြပါတယ်။ အင်တာဗျူ းတွင် မင်းသားက “ကျွန်တော်ရဲ့ နေစဉ်ဘဝကတော့ ပုံမှန်ပါပဲ။

ကျွန်တော်ဒီလို ပုံမှန်လူသားတစ်ယောက်အနေနဲ့ မဖြတ်သန်းရတာကြာခဲ့ပါပြီ။ စာဖတ်တယ်၊ ရုပ်ရှင်ကြည့်တယ်၊ မဆေးရသေးလို့ ပုံနေတဲ့ ပန်းကန်တွေ ဆေးတယ်။ ဒီလိုပုံစံမျိုးနဲ့ပဲ နေ့စဉ်ဖြတ်သန်းနေရတာ အဆင်ပြေနေပါတယ်။

Song Joong Ki ဟာ တောင်ကိုရီးယားနိုင်ငံ၏ ထိပ်တန်းမင်းသားတစ်လတ်ပါ။ သူ့မှာများပြားလှသည့် အလုပ်တာဝန်တွေ ၊ ကိစ္စရပ်များနှင့် အမြဲအလုပ်ရှုပ်နေရသည့်သူပါ။ ယခုလို Covid ကျေးဇူးကြောင့်ပဲ နားနားနေနေ နေရသည်ကို ပရိတ်သတ်များကတော့ ဝမ်းသားပေးနေကြပါတယ်။

သူ့ရဲ့စိတ်ပူပန်မှုတွေ၊ ဝန်ထုတ်ဝန်လေးများကို တစ်ခဏတာပဲ ဖြစ်ဖြစ်ခေတ္တမေ့ထားနိုင်မှာပါ။ Song Joong Ki ကိုယ်တိုင်ကလည်း “ကျွန်တော် အလုပ်နှင့်ကိုယ်ပိုင်ဘဝကြားမှာ မျှတအောင်နေကြည့်နေပါတယ်”လို့ ပြောခဲ့ဖူးပါတယ်။ ယခုတော့မင်းသားဟာ အပြည့်အဝ အနားယူဖို့အချိန်ရနေတာပဲ ဖြစ်ပါတယ်။

ယခုကဲ့သို့ အနားယူပြီးနောက် ၊ ပြောင်မြောက်သော အနုပညာလက်ရာများဖြင့် ပရိတ်သတ်ထံပြန်လာမည်ကို အားလုံးကအသေအချာ ယုံကြည်ပြီးသားပါ။ မင်းသား၏နောက်ထပ် ထွက်ရှိမည့် အနုပညာအလုပ်များအား စောင့်မျှော်အားပေးလျက်…။

Source: Koreaboo
Written: Phoo Phoo

Share