ပရိတ်သတ်အချစ်တော် Song Ji Hyo ရဲ့အအောင်မြင်ခဲ့ဆုံးဇာတ်လမ်းများ

၁။ Wishing Stairs (2003)


၂၀၀၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ ကိုရီးယားသရဲကား Wishing Stairs မှာ ဘဲလေးအကကျောင်းကိုဝင်ခွင့်ရချင်စိတ်နဲ့ မှော်ပညာကိုအသုံးပြုပြီးသူငယ်ချင်းဖြစ်သူကို သေစေခဲ့တဲ့ Jin Sung အဖြစ်ပီပီပြင်ပြင်သရုပ်ဆောင်ခဲ့ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်အိမ်က သူမရဲ့သရုပ်ဆောင်ကောင်းမွန်မှုနဲ့ အံဝင်ဂွင်ကျဖြစ်ခဲ့လို့ ပရိတ်သတ်တွေအားပေးခဲ့ကြတဲ့ ဇာတ်လမ်းလေးတစ်ခုပါပဲ။

၂။ Princess Hour (2006)


ရွှေမင်းသားလေးရဲ့ချစ်ပုံပြင်ဆိုတဲ့ Princess Hour ဇာတ်လမ်းတွဲလေးမှာလည်း Unnie ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်နော်။ မင်းသားရှင်းရဲ့ချစ်သူ ဘဲလေးကချေသည် Min Hyo Rin အဖြစ်ပါဝင်ပြီး ပရိတ်သတ်တွေအချစ်ကိုရယူခဲ့တာပါ။

၃။ Jumong (2006)


Song ll Gookရဲ့နာမည်ကြီးဇာတ်လမ်းတွဲ Jumong မှာလည်း အဓ်ိကဇာတ်ဆောင် ဂျူမုံရဲ့ ပထမဇနီး Lady Ye SoYa အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဂိုဂူလျောနိုင်ငံတည်ထောင်သူ ဘုရင်ကြီးဂျူမုံရဲ့အကြောင်းတခမ်းတနားရိုက်ပြထားတဲ့ဇာတ်လမ်းတွဲဖြစ်လို့ တာဝန်ကြီးတဲ့ဇာတ်ရုပ်ကို တာဝန်ကျေပွန်ခဲ့တဲ့ မင်းသမီးတစ်လက်ပါ။

၄။ Crime Squad (2011)


Detective in Troubles လို့လည်းသိကြတဲ့ဒီဇာတ်လမ်းတွဲလေးဟာ သူမနဲ့ Song Il Gook ရဲ့နောက်ထပ်ဇာတ်လမ်းတွဲလေးတစ်ခုလည်းဖြစ်ပါတယ်။ ဂမ်းနမ်ရဲတပ်ဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးအနေနဲ့ပါဝင်ခဲ့ပြီး ဒီဇာတ်လမ်းရဲ့တစ်ချို့ဇာတ်ကွက်တွေက အပြင်လောကကတစ်ကယ့်အဖြစ်အပျက်တွေကိုရိုက်ကူးခဲ့တာပါတဲ့။

၅။ Emergency Couple (2014)


Unnie ကဆရာဝန်မလေး Oh Jin Hee အနေနဲ့ပါဝင်ထားတဲ့ medical drama လေးတစ်ခုပါ။ သူမနဲ့ Choi Jin hyuk လိုက်ဖက်ညီညီသရုပ်ဆောင်ခဲ့ပြီး ဆေးပညာဗဟုသုတတွေလည်းပေးခဲ့တဲ့ ဇာတ်လမ်းတွဲလေးတစ်ခုပါ။

၆။ Lovely Horribly (2018)


သင့်ရဲ့ကံကောင်းမှုဟာသင့်ဘေးကလူရဲ့ကံဆိုးမှုဖြစ်နေရင်ရောဘယ်လို့ခံစားရမလဲ? ၂၀၁၈ ကထွက်ရှိခဲ့တဲ့ဒီဇာတ်လမ်းတွဲလေးက ဒီလိုဒီအကြောင်းကိုရိုက်ကူးထားတာပါ။ Jihyo က Eul Soonအနေနဲ့ပါဝင်ခဲ့ပြီး ထူးခြာတဲ့ Horror အမျိုးအစားလေးဖြစ်လို့ ပရိတ်သတ်တွေနှစ်ခြိုက်ခဲ့ကြတဲ့ ဇာတ်လမ်းတွဲလေးပါ။

၇။ My Wife is Having an Affair this week


Listen to love လို့လည်းသိကြတဲ့ ဒီဒရမ်မာလေးက မိသားစုဇာတ်လမ်းလေးပါ။ Jung soo yeon (Song Ji Hyo) ကရုပ်ရှင်ထုတ်လုပ်သူ Do Hyun Woo နဲ့လက်ထပ်ထားတာရှစ်နှစ်ကြာတဲ့အချိန် အိမ်ထောင်ရေးအတွင်းမှာဖြစ်တတ်တာလေးတွေကိုရိုက်ပြထားပြီး လင်နဲ့မယားကြားက သဘာဝလေးတွေကို မင်းသားရောမင်းသမီးပါ အကောင်းဆုံးသရုပ်ဆောင်ခဲ့ပါတယ်။

written : helra

Share