CIX အဖွဲ့ဝင် Bae Jin Young ရဲ့ခြေကျင်းဝတ်ဒဏ်ရာ နောက်ဆုံးဆေးစစ်ချက်

ဇွန်လ ၂၄ ရက်နေ့မှာတော့ CIX ရဲ့ အေဂျင်စီ C9 Entertainment က သတင်းတစ်ပုဒ် ထုတ်ပြန်ခဲ့ပါတယ်။ ဒါကတော့ CIX ရဲ့ အဖွဲ့ဝင် Bae Jin Young ခြေကျင်းဝတ်ဒဏ်ရာ ရတယ် ဆိုတဲ့ သတင်းပါ။

Bae Jin Young ဟာ ခြေကျင်းဝတ်ဒဏ်ရာကို ဇွန်လ အစောပိုင်းမှာ စတင်ခံစားခဲ့ရတယ်လို့ဆိုပါတယ်။ ဆရာဝန်ကတော့ Bae Jin Young ဟာ ဒဏ်ရာသက်သာဖို့အတွက် နားချိန်လိုအပ်ပြီး ပြင်းထန်တဲ့လှုပ်ရှားမှုတွေကို ရှောင်ရှားဖို့ အကြံပြုခဲ့ပါတယ်။

ဒါ့ကြောင့် အချိန်ယူကာ သက်သာလာခဲ့ပေမယ့် ထပ်မံတဖန် ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့ပါတယ်တဲ့။ နောက်ဆုံး ဆေးစစ်ချက်အရတော့ ၃ ပတ်ကြာ ပြင်းထန်တဲ့လှုပ်ရှားမှုတွေကို ရှောင်ရှားပြီး အနားယူရမယ်လို့ သိရပါတယ်။

ဒါ့ကြောင့် နောက်ဆက်တွဲအနေနဲ့ CIX အဖွဲ့ရဲ့ တတိယမြောက် Mini album “HELLO Chapter 3. Hello Strange Time” ရဲ့ album ထွက်ရှိမယ့် ရက်ကို ရွှေ့ဆိုင်းလိုက်ရပါတယ်။ မူလက Album အသစ်ဟာ ဇွန်လ ၃၀ ရက်နေ့တွင် ထွက်ရှိဖို့ စီစဉ်ထားတာပဲ ဖြစ်ပါတယ်။

ဘယ်အချိန် Album ထွက်ရှိမယ် စတဲ့ အစီအစဉ်သစ်တွေကိုတော့ မကြာခင် ကြေညာပေးသွားပါမယ်တဲ့။ Bae Jin Young လေး မြန်မြန် သက်သာလာအောင် အားလုံး ဝိုင်းဆုတောင်းပေးကြရအောင်နော်။ CIX ရဲ့ album သစ်ကိုလည်း ထပ်စောင့်ကြတာပေါ့။

Source: Soompi
Written: Gyi Gyi

Share