ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည့် တောင်ကိုရီးယား၏ နာမည်ကြီးအနုပညာရှင်များ

တောင်ကိုရီးယားနိုင်ငံဟာ အများစုကတော့ ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြတာပဲ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်များနှင့် အခြားဘာသာကိုးကွယ်သူများလည်း ရှိပါတယ်။ထိုအထဲမှ ယခုဖော်ပြပေးမှာကတော့ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည့်ကြသည့် တောင်ကိုရီးယား အနုပညာရှင်အချို့ပဲ ဖြစ်ပါတယ်။

1.Jun Ji-hyun


တောင်ကိုရီးယား၏ နာမည်ကျော်မင်းသမီး Jun Ji-hyun ကတော့ ဗုဒ္ဓဘာသာဝင်ပဲ ဖြစ်ပါတယ်။သူမဟာ တောင်ကိုရီးယား၏ အနုပညာစျေးကွက်ကို အဓိကထိန်းချုပ်နိုင်သည့် အလွှမ်းမိုးနိုင်ဆုံး အနုပညာရှင်တစ်ဦးထဲတွင်လည်း ပါဝင်ပါသည်။သူမဇာတ်လမ်းတွဲ အများစုမှာလည်း နာမည်ကျော်ကြား လူကြိုက်များခဲ့တာချည်းပဲ ဖြစ်ပါတယ်။

2.Yoo Jae Suk


ပြည်သူအချစ်တော် MC ကြီး Yoo Jae Suk ကတော့ ဗုဒ္ဓဘာသာကို ကိုးကွယ်သူပဲ ဖြစ်ပါတယ်။ Yoo Jae Suk ဟာတောင်ကိုရီးယားနိုင်ငံတွင် မုန်းတီးသူလုံးဝမရှိသည့် အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ လူအများ၏လေးစားချစ်ခင်ခြင်းကိုခံရသူဖြစ်ပြီး အလှုူအတန်းလည်း ရက်ရောသူ ဖြစ်ပါတယ်။

3.Kim Jong Kook


Running Man အဖွဲ့ဝင်လည်းဖြစ်၊ အဆိုတော်လည်းဖြစ်သည့် Kim Jong Kook ဟာဆိုရင်လည်း ဗုဒ္ဓဘာသာဝင်ကိုးကွယ်သည့် နောက်ထပ်နာမည်ကျော် အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ Kim Jong Kook ဟာဆိုရင်လည်း မိဘအပေါ်သိတတ်သည့် သားကောင်းတစ်ယောက်အဖြစ် အနုပညာရှင်များနှင့် ပရိတ်သတ်များကြားတွင် နာမည်ကြီးပါတယ်။

4.Lee Byung hun


တောင်ကိုရီးယားနိုင်ငံတွင်သာမက အနောက်နိုင်ငံများတွင်ပါ နာမည်ကြီးသော မင်းသား Lee Byung hun ကတော့ ဗုဒ္ဓဘာသာဝင်တစ်ဦးပဲ ဖြစ်ပါတယ်။ သူ၏အနုပညာအပေါ်ခံယူချက်များကလည်း လူအများ၏လေးစားခြင်းကိုခံရသလို နောက်ထပ်မျိုးဆက်သစ်အနုပညာရှင်များအတွက်လည်း စံနမူနာထားစရာ သူတစ်ဦးပဲဖစ်ပါတယ်။ သူရိုက်ကူးခဲ့သည့် ရုပ်ရှင်၊ဇာတ်လမ်းတွဲတိုင်းဟာ အောင်မြင်ခဲ့ပြီး လူကြိုက်များခဲ့တာချည်းပင်ဖြစ်ပါတယ်။

5.Moon Geun Young


တောင်ကိုရီးယားနိုင်ငံ၏ Nation’s little sister လို့လူသိများသည့် မင်းသမီး Moon Geun Young ဟာလည်း ဗုဒ္ဓဘာသာဝင်တစ်ဦးပဲ ဖြစ်ပါတယ်။သူမကတော့ အနုပညာလောကထဲသို့ ကလေးသရုပ်ဆောင်ဘဝနှင့် ဝင်ရောက်ခဲ့ပြီး Autumn in my heart (ဆောင်းဦးရွက်ကြွေချစ်သက်သေ) ဇာတ်လမ်းတွဲတွင် အွန်စောငယ် အဖြစ်သရုပ်ဆောင်ခဲ့ပြီး လူအများ၏ချစ်ခင်မှုကိုရရှိခဲ့ပါတယ်။

6. Chae Rim


ဆန်းမီလို့လည်းလူသိများသည့် တောင်ကိုရီးယားမင်းသမီး Chae Rim မှာလည်း ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်ပါတယ်။သူမကတော့ တောင်ကိုရီးယားအနုပညာစျေးကွက်တွင်သာမက တရုတ်အနုပညာလောကတွင်ပါ လူကြိုက်များခဲ့သည့် မင်းသမီးတစ်ဦးပဲ ဖြစ်ပါတယ်။သူမပါဝင်ထားသည့် တရုတ်ဇာတ်လမ်းတွဲများမှာလည်း အောင်မြင်ကျော်ကြား လူကြိုက်များခဲ့ပါတယ်။

ယခုဖော်ပြပေးလိုက်တာကတော့ ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည့် တောင်ကိုရီးယားအနုပညာရှင်အချို့ပဲ ဖြစ်ပါတယ်။ ကျန်ရှိနေသေးသည့် ဗုဒ္ဓဘာသာဝင်အနုပညာရှင်များစွာ ရှိပါသေးသည်။နောက်တွင်လည်း စိတ်ဝင်စားစရာ သတင်းများကို ဆက်လက်ဖော်ပြပေးပါမည်။ အချိန်ပေး၍ ဖတ်ရှုမှုကို ကျေးဇူးအထူးတင်ပါတယ်။

Written: Phoo Phoo

Share