စစ်မှုထမ်းရမယ့်ရက် အတိအကျထွက်ရှိလာပြီဖြစ်တဲ့ မင်းသား Park Bo Gum

မင်းသားချော Park Bo Gum ကတော့ ဒီနှစ်အတွင်းမှာပဲ တောင်ကိုရီးယားရေတပ်ရဲ့ ဂီတတီးဝိုင်းမှာ တာဝန်ထမ်းဆောင်ဖို့ လျှောက်ထားတယ်ဆိုတာ အရင်ကဖော်ပြခဲ့ဖူးပါတယ်။ ဂျွန်လ ၂၅ ရက်နေ့မှာတော့ သူဟာ ဝင်ခွင့်အောင်မြင်ပြီး စစ်မှုထမ်းရမယ့်ရက် အတိအကျ သတ်မှတ်လိုက်ပါပြီ။

လာမယ့် ဩဂုတ်လ ၃၁ ရက်နေ့မှာ တာဝန်စတင်ထမ်းဆောင်မယ်လို့ သိရပါတယ်။ သူ့ရဲ့အေဂျင်စီဖြစ်တဲ့ Blossom Entertainment ကတော့ “Park Bo Gum ဟာ ဩဂုတ် ၃၁ ရက်နေ့မှာ စစ်မှုထမ်းမှာဖြစ်ပါတယ်။ စစ်ထဲမဝင်ခင်မှာ ရိုက်လက်စ Wonderland ရုပ်ရှင်နဲ့ Record of Youth ဒရမ်မာကို သေချာလက်စသတ်သွားမှာပါ” လို့ ဆိုပါတယ်။

စစ်မှုမထမ်းခင်မှာ ပရိတ်သတ်တွေအတွက် သီချင်းတစ်ပုဒ်လဲထွက်ရှိဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ပရိတ်သတ်တွေနဲ့ အတန်ကြာခွဲခွာရမှာမို့ စိတ်မကောင်းဖြစ်မိပေမယ့် Park Bo Gum တစ်ယောက် ကျန်းကျန်းမာမာနဲ့ တာဝန်ကိုပြီးဆုံးအောင် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်။

source : koreaboo
written : Dar Dar

Share