ကော်ဇောနီထက်မှာ အလှပဂေးလေး Yoona ဆင်မြန်းခဲ့တဲ့ အလှပဆုံးဝတ်စုံများ

ကိုရီးယားတစ်နိုင်ငံလုံးရော တစ်ကမ္ဘာလုံးရော ဝိုင်းချစ်ကြပါတယ်ဆိုတဲ့ Girls’ Generation အဖွဲ့ဝင် Yoona လေးရဲ့အလှအပကိုတော့ စာဖွဲ့ပြလို့ မလုံလောက်ပါဘူးနော်။ ကော်ဇောနီထက်မှာ ဝင့်ထည်နေတဲ့ သူ့ရဲ့အလှပုံတွေကို ရှုစားလိုက်ကြပါဦး။

၁။ ဒီပုံလေးကိုမြင်လိုက်ရတဲ့လူအားလုံးကတော့ နတ်သမီးတကယ်ရှိတယ်ဆိုတာ ယုံကြည်သွားကြပါတယ်တဲ့။ ဖြူလွှနေတဲ့ တောက်တောက်ပပ ဝတ်စုံလေးနဲ့ ကြည်လင်သန့်စင်တဲ့ Yoona ရဲ့ အလှတရားဟာ တကယ်ကို ပနံရလွန်းပါတယ်နော်။ ဆံပင်တိုလေးကြောင့် လည်တိုင်အလှကလဲ ကျော့နေတာပါ။

၂။ အနီရောင်တောက်တောက်လေးဟာ ဖြူဝင်းတဲ့အသားအရည် သွယ်လျတဲ့အချိုးအဆစ်လေးနဲ့ လိုက်ဖက်နေပြီးတော့ Yoona ရဲ့တည်ငြိမ်တဲ့မျက်နှာလေးကို အရောင်တင်ပေးခဲ့ပါတယ်။ တကယ်ကိုကြည့်လို့မဝလောက်အောင် လှတာပါပဲ။

၃။ အလှဆုံး အဝါနုနုဂါဝန်လေးနဲ့ ပုံပြင်ထဲက မင်းသမီးလေးလို အိပ်မက်ဆန်ဆန် လှနေတဲ့ Yoona လေးရယ်ပါ။ အမြဲတမ်းရိုးရိုးလေးတွေသာ ဝတ်နေရာက ဒီလိုလေးဝတ်လိုက်တော့လဲ သမင်လည်ပြန်ငေးကြည့်ချင်စရာ ချစ်စဖွယ်ဖြစ်ခဲ့ပါတယ်။

၄။ ရိုးရှင်းတဲ့အလှဟာ ဘယ်တော့မှရိုးမသွားဘူးဆိုတာ သက်သေပြခဲ့သူပါ။ သွယ်လျတဲ့ကောက်ကြောင်းအလှကို အထင်ပေါ်ဆုံးဖြစ်အောင် ပံ့ပိုးပေးခဲ့တဲ့ အနက်ရောင်ဝတ်စုံလေးနဲ့ ဆံပင်ကိုအရှင်းဆုံးထုံးဖွဲ့ထားပုံလေးဟာ ဘယ်တော့ကြည့်ကြည့် ရိုးမသွားပါဘူး။

၅။ သူ့ရဲ့မိန်းမဆန်ဆန်နူးညံ့တဲ့ အသွင်အပြင်လေးနဲ့ လိုက်ဖက်တဲ့ ပန်းနုရောင်လေးဟာ Yoona ကို ပန်းလေးတစ်ပွင့်သဖွယ် နှစ်လိုဖွယ်ကောင်းသွားစေခဲ့ပါတယ်။ တစ်ထည်လုံးပြောင်ရှင်းနေတဲ့ ဝတ်စုံလေးကိုဆင်မြန်းပြီး လည်တိုင်မှာ ဆွဲကြိုးလေးတစ်ကုံးတည်းနဲ့ ထည်ဝါတဲ့အလှကိုဖော်ကျူးခဲ့ပါတယ်။

၆။ နို့နှစ်ရောင် ဂါဝန်ကလေးဖားဖားနဲ့ ပုံပြင်ထဲကမင်းသမီးလေးလို အဆင်းနဲ့ ဂုဏ်ရှိန်မြင့်နေခဲ့ပါတယ်။ ဆံပင်တိုလေးကို ရှင်းလင်းစွာထားပြီး ရတနာဆင်မြန်းထားခြင်းမရှိတာကြောင့် ဖြူဝင်းနေတဲ့အသားအရည်လေးနဲ့ ပနံရလွန်းပါတယ်။

written : Dar Dar

Share