သန်မာတောင့်တင်းတဲ့ ပုံစံအဖြစ် ပြောင်းလဲမြင်တွေ့လာရတဲ့ Nam Joo Hyuk

Nam Joon Hyuk ကိုတော့ Kdrama ပရိသတ်တွေ သိကြလိမ့်မယ်ထင်ပါတယ်နော်။ School 2015, Weightlifting fairy Kim Bok Joo, Bride of the Water God အစရှိတဲ့ အောင်မြင် ကျော်ကြားတဲ့ ဇာတ်ကားတွေက မင်းသားချောပဲ ဖြစ်ပါတယ်။

မကြာသေးမီကတော့ Nam Joo Hyuk ဟာ ပရိတ်သတ်တွေကို အံ့ဩသင့်သွားစေခဲ့ပါတယ်။ ဒါကတော့ Nam Joo Hyuk ရဲ့ မူလပိန်ပါးတဲ့ သွင်ပြင်ကနေ တောင့်တင်းသန်မာတဲ့ သွင်ပြင်အဖြစ် ကူးပြောင်း သွားခြင်းပဲ ဖြစ်ပါတယ်။

Nam Joo Hyuk ရဲ့ အေဂျင်စီသစ် Soop Entertainment မှ Nam Joo Hyuk ရဲ့ ဓာတ်ပုံရိုက်ကွင်းတစ်ခုမှ ပုံများကို ဖော်ပြပေးသွားခဲ့ပါတယ်။ ပုံတွေထဲမှာ မြင်ရတဲ့အတိုင်း အဖြူရောင် ရှပ်အင်္ကျီ နဲ့ အဖြူရောင် ဘောင်းဘီဝတ်ဆင်ထားတဲ့ Nam Joo Hyuk နဲ့အတူ ပြောင်းလဲသွားမှုတွေကို သိသိသာသာ သတိထားမိကြမယ် ထင်ပါတယ်နော်။

Nam Joo Hyuk ကို အမြဲ ပိန်ပါးတဲ့ ပုံစံနဲ့ပဲ မြင်တွေ့ခဲ့ကြရတာပါ။ ကြည့်ရတာ Nam Joo Hyuk ဟာ ကြိုးစားပြီး ပြောင်းလဲမှုတွေ လုပ်ခဲ့ပုံပါပဲ။ သူရဲ့ အချိန်ပေးမှုနဲ့ ကြိုးစားမှုတွေကို သူ့ရဲ့ ပြောင်းလဲလာတဲ့ ခန္ဓာကိုယ် က သက်သေပြနေပါတယ်။ ဘယ်လိုပုံစံဖြစ်ဖြစ် Nam Joo Hyuk ကတော့ ချောမော ကြည့်ကောင်းနေတာ အားလုံးလက်ခံကြမယ်ထင်ပါတယ်နော်။

Nam Joo Hyuk ကို ယခု ၂၀၂၀ ထဲမှာပဲ ဇာတ်လမ်းတွဲသစ်အတွေအများကြီးမှာ တွေ့ရသွားမှာပါ။ The School Nurse Files, Startup, Here အစရှိတဲ့ ဇာတ်လမ်းတွဲတွေပဲ ဖြစ်ပါတယ်။ Startup ကတော့ Suzy နဲ့ တွဲဖက် သရုပ်ဆောင်သွားမှာပါ။ ၂၀၂၀ ဟာ Nam Joo Hyuk ရဲ့ နှစ် ဖြစ်လာအုံးမယ်လို့ မျှော်လင့်ဆုတောင်း ပေးရင်း…။

Source: SBS star
Written: Gyi Gyi

Share