It’s Okay To Not Be Okay ဇာတ်လမ်းတွဲရိုက်ကွင်းမှ Kim So Hyun နှင့် Seo Ye Ji တို့၏ ပုံရိပ်များ

It’s Okay To Not Be Okay ဇာတ်လမ်းတွဲ၏နောက်ကွယ်မှ ပုံရိပ်များထွက်ရှိလာခဲ့ပါတယ်။ရိုက်ကွင်းပေါ်မှ မင်းသား Kim Soo Hyun နှင့် မင်းသမီး Seo Ye Ji တို့၏ ပျော်ပျော်ရွှင်ရွှင် ရိုက်ကူးရေးလုပ်နေသည်ပုံများပင် ဖြစ်ပါတယ်။

သူတို့ရိုက်ကူးရေးလုပ်နေသည့်အပိုင်းတစ်ခုကတော့ Moon Kang Tae (Kim Soo Hyun) နှင့် Go Moon Young (Seo Ye Ji) တို့စတင်တွေ့ဆုံသည့် အခန်းပဲဖြစ်ပါတယ်။ Moon Kang Tae ဟာ Go Moon Young ဆီမှရောက်လာသည့် ဓားကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားခဲ့ပါတယ်။

ထိုsenceကိုရိုက်ကူးရာတွင်တော့ Kim Soo Hyun မှ ဒါရိုက်တာထံနှင့် ဓားကိုဘယ်လိုကိုင်လျှင် သဘာဝကျမလဲဆိုတာကို ဆွေးနွေးနေတာပဲ ဖြစ်ပါတယ်။ထိုအချိန်မှာတော့ Seo Ye Ji တစ်ယောက်ကတော့ ရိုက်ကူးရေးပစ္စည်းများကို သွားရောက်လေ့လာစမ်းသပ်ကြည့်နေတာပဲ ဖြစ်ပါတယ်။

ရိုက်ကူးရင်းလုပ်ရာတွင်တော့ Seo Ye Jiမှ ရီလိုက်သဖြင့် cut လုပ်လိုက်ရပြီး Kim Soo Hyun ထံမှ “ဘာလို့ရီတာလဲ”ဟူ၍ စနောက်သံထွက်လာခဲ့ပါတယ်။ နှစ်ယောက်စလုံးဟာ ရိုက်ကူးရေးလုပ်နေရင်းလည်း စနောက်နေကြပြီး ပျော်ပျော်ရွှင်ရွှင်ဖြင့် သရုပ်ဆောင်နေကြပါတယ်။

နှစ်ယောက်စလုံးကတော့ စတင်၍သရုပ်ပြီဆိုသည့်နှင့် Mood အပြီအပြင်သွင်းလိုက်ကြ၍ ဇာတ်ကောင်သရုပ်ပေါ်လွင်အောင် ကြိုးစားနေကြတာကို မြင်ရမှာပါ။ It’s Okay To Not Be Okay ဟာ စတင်ထုတ်လွှင့်လွှင်ချင်းမှာပင် ကြည့်ရှုသူနှုန်းအများဆုံး ဖြစ်ခဲ့ပါတယ်။

ပရိတ်သတ်လည်း အတော်ကြိုက်နှစ်သက်နေသည့် ဇာတ်လမ်းတစ်ခုပါ။ဇာတ်လမ်းတွဲ၏ အပိုင်း ၃ နှင့် ၄ကိုတော့ ယခုအပတ် စနေ၊တနင်္ဂနွေ တွင်ထုတ်လွှင့်မှာပဲ ဖြစ်ပါတယ်။

Source: Soompi
Written: Phoo Phoo

Share