ဘောစိဇာတ်ရုပ်များကို ပိုင်နိုင်စွာသရုပ်ဆောင်နိုင်ခဲ့သည့် တောင်ကိုရီးယားမင်းသားများ

ဇာတ်လမ်းတွဲများထဲမှာ ချမ်းသာသည့်ကောင်လေးနှင့် ဆင်းရဲသည့် မိန်းကလေးတို့ရဲ့ အချစ်ဇာတ်လမ်းများကို ကြည့်ဖူးကြမှာပါ။ ချမ်းသာသည့်သူကလည်း သူရဲ့ဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်မှသာလျှင် ဇာတ်လမ်းကပို၍အသက်ဝင်မှာပဲ ဖြစ်ပါတယ်။ ယခုဖော်ပြပေးမည့် ဇာတ်ကောင်များကတော့ ပရိတ်သတ်တွေ မှတ်မိနေကြမည့် သူဌေးကြီးများပဲ ဖြစ်ပါတယ်။

1.F4 (Boys Over Flowers)


2009ခုနှစ်မှာထုတ်လွှင်ခဲ့သည့် Boys Over Flowers ဇာတ်လမ်းတွဲမှ F4ကိုတော့ လူတိုင်းမှတ်မိမှာပါ။ F4 လို့ခေါ်တွင်သည့် သူဌေးသားလေးယောက်စုထားသည့် Group ထဲမှာတော့ ဂုဂျွန်ဖြို၊ ယွန်ဂျီဟို၊ ဆိုရီဂျောင်၊ ဆောင်ဝူဘင် တို့ပါဝင်ပါတယ်။ တကယ့်ကို တောင်ကိုရီးယား၏ ချမ်းသာကြွယ်ဝသည့် အသိုင်းအဝိုင်းတစ်ခုကို မြင်တွေ့ခဲ့ရတာပါ။

2.Kim Tan and Choi Young Do (The Heirs)


The Heirs ဇာတ်လမ်းတွဲထဲမှာတော့ Kim Tan (Lee Min Ho) နှင့် Choi Young Do (Kim Woo Bin) တို့ဟာ ဆင်းရဲသည့် ကောင်းမလေးတစ်ဦးကို အတူကြိုက်မိသည့် ဇာတ်ရုပ်နှင့်သရုပ်ဆောင်ခဲ့ပါတယ်။ သူဌေးသားအများစု၏ ဘာကိုမှဂရုမစိုက်တတ်ပဲ ဂျစ်ကန်ကန်ရှိတတ်သည့် ပုံစံမျိုးကို ပီသအောင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။

3.Ahn Min Hyuk( Strong Woman Do Bong Soon)


မင်းသား Park Hyung Sik ကတော့ Strong Woman Do Bong Soon ဇာတ်လမ်းတွဲမှာ Game Company တစ်ခု၏ CEO အဖြစ်သရုပ်ဆောင်ထားပါတယ်။ သူဟာငယ်ငယ်ရွယ်နှင့်ချမ်းသာကြယ်ဝနေသော Ahn Min Hyuk ၏ ဇာတ်ရုပ်ကို လုံးဝရုပ်လုံးပေါ်အောင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။

4.Kim Min Kyu ( I am not a robot)

မင်းသား Yoo Seung Ho ကတော့ I am not a robot ဆိုသည့် ဇာတ်လမ်းတွဲထဲမှာ ပိုက်ဆံရှာရတာကို သဘောကျသည့် လူငယ်တစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ်။

သို့သော်သူ့မှာ လူတွေနှင့်ထိလျှင် allergic ဖြစ်တတ်သည့် ရောဂါတစ်ခုရှိနေတာပဲ ဖြစ်ပါတယ်။ အဆိုပါရောဂါကတော့ မင်းသမီးနှင့် တွေ့ပြီးနောက်ပိုင်း တဖြည်းဖြည်း ပျောက်ကင်းလာခဲ့ပါတယ်။

5.Lee Young Joon (What’s wrong with secretary kim)


Lee Young Joon (Park Seo Joon) ကတော့ what’s wrong with secretary kim ဇာတ်လမ်းတွဲထဲမှ ဒုဥက္ကဋ္ဌ ဇာတ်ကောင်ပဲဖြစ်ပါတယ်။ ရုပ်ရှိရေလျှံ ဘောစိတစ်ဦးဖြစ်သည့်အပြင် မိမိကိုယ်ကိုလည်းချစ်တတ်သည့် Lee Young Joon ပဲဖြစ်ပါတယ်။

ထိုကဲ့သို့ဘောစိက Kim Mi So ဆိုသည့် သူ့ရဲ့အတွင်းရေးမှုးလေးကို ချစ်မိသွားခဲ့ပါတယ်။ CEO နှင့်အတွင်းရေးမှူးကြားမှ အချစ်ဇာတ်လမ်းလေး တစ်ခုဖြစ်လာပါတော့တယ်။

ယခုဖော်ပြပေးလိုက်သည့်ဇာတ်ကောင်များဟာ မိန်းကလေးတွေ စိတ်ကူးယဉ်နိုင်လောက်သည့် ချစ်သူမျိုးကို ပိုင်ဆိုင်ထားကြသည့် ဇာတ်ရုပ်များပဲ ဖြစ်ပါတယ်။ အပြင်လောကတွင်တော့ သူတို့တွေလောက် ပြည်စုံသည့်သူရှိမရှိကိုတော့ ကျွန်မတို့လည်းသေချာမသိနိုင်ပါ။ သို့သော် ဇာတ်လမ်းတွဲတစ်ခုအနေနှင့်ဆိုရင်တော့ သူတို့နှင့်ချစ်သူဖြစ်ရတဲ့သူကတော့ တော်တော်ကိုကံကောင်းတယ်လို့ဆိုရပါမယ်။

Source: Cosmopolitan
Written: Phoo Phoo

Share