Categories: Celebrity News

Kim Soo Hyun ရဲ့ ရိုက်ကွင်းသို့ အစားအသောက်ကားများ ပို့ခဲ့ကြတဲ့ Park Seo Joon, IU နဲ့ Lee Hyun Woo

Kim Soo Hyun ကိုတော့ သူရဲ့ ရင်းနှီးရတဲ့ သူငယ်ချင်းတွေ ဖြစ်တဲ့ Park Seo Joon, IU နဲ့ Lee Hyun Woo တို့က Surprise တိုက်ခဲ့ကြပါတယ်နော်။
Kim Soo Hyun ဟာဆိုရင် လတ်တလောမှာ “I’m Psycho But It’s Okay” ဇာတ်လမ်းတွဲ ရိုက်ကူးရေးတွေကို လုပ်နေတာပါ။

ကြည့်ရတာ Kim Soo Hyun ရှိနေတဲ့ ရိုက်ကွင်းကို သူငယ်ချင်းတွေ ဖြစ်တဲ့ Park Seo Joon , IU နဲ့ Lee Hyun Woo တို့က ရိုက်ကူးရေး အဖွဲ့သားအားလုံးအတွက် အစားအသောက် ကားတွေ ပို့ပေးလိုက်ခဲ့ပုံရပါတယ်။

Kim Soo Hyun ဟာ သူ့ရဲ့ Instagram အကောင့်မှာ သူ့အတွက် အားပေးစကားတွေပါတဲ့ ပိုစတာတွေကပ်ထားတဲ့ အစားအသောက်နဲ့ အချိုရည် ကားကြီးတွေရှေ့မှာ ရိုက်ထားတဲ့ ဓာတ်ပုံများကို တင်ခဲ့ပါတယ်။

ဓာတ်ပုံတွေမှာတော့ “IU၊ မင်းလည်း အမြဲတောက်ပနေတာပါပဲ။ ငါ့ရဲ့ ရောင်းရင်း Lee Hyun Woo။ Park Seo Joon, Park Sae Roi၊ အရမ်းမိုက်တယ်။ ” အစရှိတဲ့ Caption တွေကိုယ်စီ ရေးထားပါတယ်။


Kim Soo Hyun ဟာ မကြာသေးမီက Park Seo Joon, IU နဲ့ Lee Hyun Woo တို့ ပါဝင်သရုပ်ဆောင်မယ့် “Dream” ရုပ်ရှင်ရဲ့ ရိုက်ကွင်းကို ဦးစွာ ကော်ဖီကား ပို့ပေးပြီး အားပေးခဲ့တာပါ။


ဒီလို အပြန်အလှန် အားပေးနေကြတဲ့ သူငယ်ချင်းတွေကို မြင်ရတာ အရမ်းကြည်နူးဖို့ ကောင်းပါတယ်။ အားလုံးရော Kim Soo Hyun ရဲ့ “I’m Psycho But It’s Okay? ” ဇာတ်လမ်းတွဲကို ကြည့်ရှုအားပေးနေကြလား?

Source: Soompi
Written: Gyi Gyi

Share