၂၀၁၆ခုနှစ်မှာထွက်ရှိခဲ့သည့် DOTS ဇာတ်လမ်းတွဲဟာတောင်ကိုရီးယားတွင်သာမက နိုင်ငံတကာတွင်ပါ နာမည်ကျော်ကြားခဲ့ပါတယ်။ စိတ်ဝင်စားစရာကောင်းသည့် ဇာတ်လမ်းအသွားအလာနှင့် အဓိကသရုပ်ဆောင်တွေကြားမှ အပေးအယူပြောင်မြောက်မှုတို့ကြောင့်ပဲ ဖြစ်ပါတယ်။ Captain Yoo Si Jin ( Song Joong Ki), Dr.Kang Mo Yeon (Song Hye Kyo) တို့၏အချစ်ဇာတ်လမ်းဝါ အခက်အခဲများကြားမှ ပွင့်လန်းခဲ့ပါသည်။
ပါဝင်ကြသည့် အခြားသရုပ်ဆောင်များကလည်း သူ့နေရာနှင့်သူကို တာဝန်ကျေပွန်အောင် ဆောင်ရွက်နိုင်ခဲ့သဖြင့် ယခုအချိန်အထိလည်း ပရိတ်သတ်ရင်ထဲမှာ ကျန်ရှိနေသေးသည့် ဇာတ်လမ်းတွဲ တစ်ပုဒ်ပဲ ဖြစ်ပါတယ်။အခုဆိုရင်တော့ အဆိုပါဇာတ်လမ်းတွဲတွင် ပါဝင်ခဲ့သည့် အဓိကသရုပ်ဆောင်လေးဦး၏ ဇာတ်လမ်းတွဲအပြီးအနုပညာလှုပ်ရှားမှုများကို ဖော်ပြပေးလိုက်ပါမည်။
1.Song Hye Kyo
Song Hye Kyo ကတော့ DOTS မှာ Dr.Kang Mo Yeon အဖြစ်ပါဝင်ခဲ့ပါတယ်။ 2017 ခုနှစ်တွင်တော့ တွဲဖက်သရုပ်ဆောင် Song Joong Ki နှင့်လက်ထပ်ခဲ့ပြီး အနုပညာလှုပ်ရှားမှုများမှ ခဏတာအနားယူခဲ့ပါတယ်။
၂၀၁၈ခုနှစ်တွင်တော့ Encounter ဆိုသည့်ဇာတ်လမ်းတွဲအား မင်းသား Park Bo Gum နှင့်အတူတူ ရိုက်ကူးခဲ့ပါတယ်။ ၂၀၁၉ခုနှစ် ဇွန်လတွင်တော့ Song Joong Ki နှင့် ကွာရှင်းပြတ်ဆဲခဲ့ပြီး နှစ်ဦးစလုံး၏ သဘောတူချက်အရ ဘာပိုင်ဆိုင်မှုကို ခွဲတမ်းမချခဲ့ပဲ ကျောခိုင်းခဲ့ပါတယ်။
ထိုအချိန်မှစ၍ Song Hye Kyo ဟာ Public တွင်မျက်နှာသိပ်မထွက်မပြတော့ဘဲ ကြော်ငြာများ၊brand တံဆိပ်များအတွက်တာ မော်ဒယ်အဖြစ်သာ ရိုက်ကူးခဲ့ပါတယ်။ ၂၀၁၉ခုနှစ် စက်တင်ဘာလတွင်တော့ New York မှရှိသည့် အနုပညာကျောင်းတွင် ပညာသင်ကြားနေသည်ဟု သတင်းများထွက်ရှိလာခဲ့ပါတယ်။
2.Song Joong Ki
Song Joong Ki ဟာ မိန်းကလေးများ၏ အသည်းကို 2017ခုနှစ်တွင် လက်ထပ်တော့မည်ဟုသတင်းဖြင့် ခွဲခဲ့ပါတယ်။ သို့သော် ၂၀၁၉ခုနှစ်တွင်တော့ Song Joong Ki ဘက်မှစတင်၍ Song Hye Kyo ကိုကွာရှင်းခွင့် တင်ခဲ့ပါတယ်။
Song Hye Kyo နှင့် မကွာရှင်းခင်ကတတည်းက Song Joong Ki ဟာ Battleship Island ဆိုသည့် ရုပ်ရှင်ကားတွင် ပါဝင်ရိုက်ကူးခဲ့ပါတယ်။ နောက်ပိုင်းတွင်တော့ Netflix မှရိုက်ကူးသော Arthdal Chronicles ဇာတ်လမ်းတွဲတွင် မင်းသမီး Kim Ji Won နှင့်အတူ တွဲဖက်ရိုက်ကူးခဲ့ပါတယ်။ ယခုနှစ် ၂၀၂ဝခုနှစ်တွင်လည်း Song Joong Ki ရိုက်ကူးထားသည့် ရုပ်ရှင်များ ရုံတင်ရန်ရိုနေပါတယ်။
3.Kim Ji Won
မင်းသမီး Kim Ji Won ကတော့ DOTS ဇာတ်လမ်းတွဲမှာ အမျိုးသမီးဗိုလ်ချုပ် Yoon Myung Joo အဖြစ်ပါဝင်ခဲ့ပြီးနောက်ပိုင်း အနုပညာလှုပ်ရှားမှုများ ပိုသွက်လာခဲ့ပါတယ်။ 2017 ခုနှစ်တွင်တော့ မင်းသား Park Seo Joon နှင့်အတူတူ Fight for my way ဆိုသည့် ဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့ပါတယ်။
လူငယ်များအကြိုက် ဇာတ်လမ်းတွဲတစ်ခုဖြစ်ခဲ့ပြီး အောင်မြင်မှုများရရှိခဲ့ပါတယ်။ 2018ခုနှစ်တွင်တော့ Detective K:Secret of living Dead ရုပ်ရှင်တွင်ပါဝင်ပြီး အောင်မြင်မှုများထပ်မံ ရရှိခဲ့ပါတယ်။
2019ခုနှစ်တွင်တော့ မင်းသား Song Joong Ki နှင့်အတူ Netflix ၏အသုံးစရိတ်များစွာ အကုန်ကျခံရိုက်ကူးထားသည့် Arthdal Chronicles ဇာတ်လမ်းတွဲတွင် ခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်ခွင့်ရခဲ့ပါတယ်။
4.Jin Goo
DOTS ဇာတ်လမ်းတွဲတွင် မင်းသမီး Kim Ji Won ၏ချစ်သူနေရာ မှသရုပ်ဆောင်ခဲ့သော Jin Goo ကတော့ဇာတ်လမ်းတွဲအပြီးမှာ ပိုမိုနာမည်ကြီးခဲ့ပါတယ်။ထို့ကြောင်အနုပညာလုပ်ငန်းများကို အရင်ကထက်ပို၍ လုပ်နိုင်ခဲ့ပါတယ်။ Melodrama တစ်ခုဖြစ်သည့် Night Light တွင် ခေါင်းဆောင်မင်းသားအဖြစ် သရုပ်ဆောင်ခွင့်ရခဲ့ပါတယ်။
2017ခုနှစ်တွင်လည်း One Line ဆိုသည့် မှုခင်းရုပ်ရှင်တွင် ပါဝင်ခဲ့ပြီး ဆက်တိုက်ဆိုသလို Untouchable ဇာတ်လမ်းတွဲတွင် ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ခဲ့ပါတယ်။၂၀၁၉ခုနှစ်တွင်တော့ Legal High ဇာတ်လမ်းတွဲ ရိုက်ကူးခဲ့ပါတယ်။
Source: Cosmopolitan
Written: Phoo Phoo