Categories: Celebrity News

COVID-19 ကာလအတွင်းမှာတောင် ငါးရက်အတွင်း သွားရောက်ကြည့်ရှူသူ တစ်သန်းပြည့်သွားတဲ့ ‘Alive’

မင်းသား Yoo Ah In နဲ့ မင်းသမီး Park Shin Hye တို့ရဲ့ ရုပ်ရှင်သစ်ဖြစ်တဲ့ Alive ဟာ စတင်ရုံတင်ပြသကတည်းက အောင်မြင်မှုတွေရရှိခဲ့ပြီး ဒီလိုကာလကြီးမှာတောင် ကိုရီးယားပြည်သူတွေ အပြိုင်အဆိုင် သွားရောက်ကြည့်ရှုခဲ့ကြတာပါ။

Korean Films Council ရဲ့မှတ်တမ်းတွေအရတော့ ‘Alive’ ရုပ်ရှင်ကို ရုပ်ရှင်ရုံတွေမှာ လာရောက်ကြည့်ရှုသူအရေအတွက်ဟာ ဂျွန်လ ၂၈ ရက်နေ့မှာ 1,180,200 ရှိခဲ့ပြီး ဖေဖော်ဝါရီလကစလို့ ကြည့်ရှုသူအများဆုံးရုပ်ရှင်အဖြစ် စံချိန်တင်ခဲ့တာပါတဲ့။

‘Alive’ ရုပ်ရှင်ကတော့ zombie တွေနဲ့ပြည့်နေတဲ့ မြို့ကနေလွတ်မြောက်ဖို့ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ အဆက်အသွယ်ရဖို့ ကြိုးစားကြတဲ့ လူတစ်စုရဲ့အကြောင်းကို သည်းထိတ်ရင်ဖိုရိုက်ကူးထားတဲ့ zombie ရုပ်ရှင်ဖြစ်ပြီး သူ့ရဲ့ဇာတ်လမ်းဇာတ်ကွက်နဲ့ ရိုက်ကူးတင်ဆက်မှုက ရုပ်ရှင်ရဲ့အဓိကဆွဲဆောင်မှုလို့ဆိုပါတယ်။

source: Soompi
written: Dar Dar

Share