Categories: Celebrity News

အိမ်နီးချင်းများဖြစ်နေကြသည့် တောင်ကိုရီးယား၏ နာမည်ကြီး မင်းသား Hyun Bin နှင့် Lee Min Ho

သင်တို့ကြိုက်နှစ်သက်သည့် တောင်ကိုရီးယား ဇာတ်လမ်းတွဲများထဲမှ သရုပ်ဆောင်တွေဟာ တခါတရံမှာအိမ်နီးချင်းတွေ ဖြစ်နေတတ်ပါတယ်။ တောင်ကိုရီးယား၏ လူကုံထန်အသိုင်းအဝိုင်းများနေသည့်နေရာများကတော့ နာမည်ကြီးသရုပ်ဆောင် အများစုနေထိုင်ကြပါတယ်။

ဒါကြောင့်သူတို့တွေအားလုံး အိမ်နီးချင်းဖြစ်နေတာလည်း မထူးဆန်းပါဘူး။ Crash landing On You ဇာတ်လမ်းတွဲမှ Hyun Bin နှင် The King မှမင်းသား Lee Min Ho တို့ဟာ ဆိုးလ်မြို့၏စျေးအကြီးဆုံး နေရာတစ်ခုဖြစ်သော Heukseok-dang ရပ်ကွက်မှာ အိမ်နေချင်းတွေ ဖြစ်နေကြပါတယ်။

သူတို့နေထိုင်တဲ့နေရာကတော့ High Class တိုက်ခန်းအမျိုးအစားဖြစ်ပြီး ဇိမ်ခံပစ္စည်းအပြည့်အစုံရှိသော ကွန်ဒိုတစ်ခုပဲ ဖြစ်ပါတယ်။ အထပ်မြင့်ကွန်ဒို ဖြစ်သည့်အပြင် ဆိုးလ်မြို့တစ်မြို့လုံး၏ မြင်ကွင်းကိုလည်း မြင်နိုင်သည့် အချက်အချာကျသည့် နေရာပဲဖြစ်ပါတယ်။

အဆိုပါသတင်းကိုတော့ TMI သတင်းမှဖော်ပြခဲ့ပြီး နာမည်ကြီးမင်းသားနှစ်ဦး အိမ်နီးချင်းဆိုတာကိုလည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ မကြာသေးမှီက Lee Min Ho ၏ Instagram တွင်တင်ခဲ့သောပိုစ့်အရ အဆိုပါ Mark Hills တိုက်ခန်းဟာ sea view လည်းရရှိပြီး kdrama ဇာတ်လမ်းတွဲများထဲမှာ မြင်ရသည့်ချမ်းသာသည့် အိမ်ကြီးမျိုးပုံစံပင် ဖြစ်ပါတယ်။

အဆိုပါတိုက်ခန်းများကို Star’s Residency လို့လည်းခေါ်ပြီး F(x)မှ Krystal, Girls’ generation မှ Jessica Jung နှင့် Big Bang အဖွဲ့ဝင် Daesung စသည့်အခြား နာမည်ကြီးအနုပညာရှင်များလည်း နေထိုင်ပါသေးသည်။

စျေးနှုန်းကတော့ သာမန်ဝင်ငွေဝင်သည့်လူလတ်တန်စား မတတ်နိုင်လောက်သည့် စျေးနှုန်းဖြစ်သည်ဟု သိရပါတယ်။ နာမည်ကြီးများနေထိုင်သည့်အတွက် အဆိုပါတိုက်ခန်းရှေ့တွင် ပရိတ်သတ်များလည်း တခါတလေရှိတတ်ပါတယ်လို့လည်း သိရပါတယ်။

Source: metro.style
Written: Phoo Phoo

Share