Categories: Celebrity News

‘We Got Married’ သမိုင်းတစ်လျှောက် ပရိတ်သတ်တွေ သဘောအတူဆုံး စုံတွဲများ

တောင်ကိုရီးယားရဲ့ ထိပ်တန်းရုပ်သံအစီအစဉ်ဖြစ်တဲ့ We Got Married ကတော့ ပရိတ်သတ်ချစ်တဲ့ အနုပညာရှင်တွေအချင်းချင်းကို လက်ထပ်ထားတု့ အိမ်ထောင်သည်လို အတူနေထိုင်ရတာကို ရိုက်ကူးပြသတဲ့ အစီအစဉ်ပါ။ ပုံမှန်ဆိုရင် ပရိတ်သတ်တွေကကိုယ် idol နဲ့ ပတ်သတ်ရင် သဝန်တိုကြပေမယ့် ဒီအတွဲလေးတွေကိုတော့ ကြည်ကြည်ဖြူဖြူ သဘောတူကြပါတယ်တဲ့။

Joy နဲ့ Seungjae
Red Velvet အဖွဲ့ဝင် Joy နဲ့ BTOB အဖွဲ့ဝင် Seungjae ကိုတော့ သူတို့ရဲ့ရှေ့သွားနောက်လိုက်ညီမှုနဲ့ စိတ်တူကိုယ်တူရှိမှုတို့ကြောင့် ချစ်စရာစုံတွဲလေးအဖြစ် သဘောတူကြပြီး သူတို့ရဲ့ပရိတ်သတ်တွေကတောင် တွဲမယ်ဆို ကန့်ကွက်မှာမဟုတ်ပါဘူးတဲ့။

Jung Yong Hwa နဲ့ Seohyun
ခပ်အေးအေးကိုလူချောလေးနဲ့ စံပြအမျိုးသမီးလေးတို့လောက် လိုက်ဖက်တဲ့အတွဲအဖက်ကတော့ ရှိပါဦးမလားနော်။ သူတို့နှစ်ယောက် အစီအစဉ်မှာပါဝင်ခဲ့တာနှစ်တွေကြာနေပြီဖြစ်ပြီး အခုထိ သတင်းကောင်းမကြားရသေးပေမယ့် shipper တွေက လက်မလျော့သေးပါဘူး။

Victotria နဲ့ Nickhun
တကယ့်ချစ်သူရည်းစားတွေလို့ ထင်ရတဲ့အထိ ရင်းနှီးခဲ့ကြပြီး နှစ်ယောက်လုံးနိုင်ငံခြားသားတွေဖြစ်တာကြောင်​့ တစ်ယောက်နဲ့တစ်ယောက် နေရခက်တာတွေ ရှိပုံမရတဲ့သူတို့ကိုလဲ ပရိတ်သတ်တွေက တကယ်တွဲစေချင်ခဲ့ကြတာပါ။

Nam Goong Min နဲ့ Hong Jin Young
မင်းသားချော Nam Goongmin နဲ့ trot အဆိုတော်မလေး Hong Jin Young တို့ကလဲ ပေါင်းသင်းလာတာ နှစ်တွေကြာနေတဲ့ ဇနီးမောင်နှံလိုကို ရင်းနှီးကျွမ်းဝင်ကြပုံပေါ်တာမို့ ပရိတ်သတ်တွေက သဘောတူခဲ့ပေမယ့် ချစ်သူတွေမဖြစ်ခဲ့ကြပါဘူး။

Kim So Eun နဲ့ Song Jae Rim
သူတို့ရဲ့မျက်နှာလေးတွေကို ကြည့်ရတာနဲ့တင် ခပ်မိုက်မိုက်ကောင်လေးနဲ့ ချစ်စရာကောင်မလေးကြားက အချစ်ဒရမ်မာဇာတ်လမ်းတစ်ခု ကြည့်ရသလို ခံစားရစေတာမို့ ပရိတ်သတ်တွေက အရမ်းလိုက်ဖက်တယ်လို့ ယူဆခဲ့ကြတာပါ။

source: Koreaboo
written: Dar Dar

Share