Categories: Celebrity News

မင်းသားချော Jung Il Woo ကို နန်းတွင်းနောက်ခံ ဇာတ်လမ်းတွဲသစ်မှာ မြင်တွေ့ရတော့မှာလား

အားလုံးပဲ မင်းသားချော Jung Il Woo ကို နန်းတွင်းနောက်ခံ ဇာတ်လမ်းတွဲ သစ်မှာ မြင်တွေ့ရဖို့ မျှော်လင့်ချက် ရောင်ခြည်လေး ရလာပါပီနော်။
ဇွန်လ ၂၉ ရက်နေ့မှာတော့ Jung Il Woo ဟာ “Bossam- Stealing Fate” အမည်ရ နန်းတွင်းနောက်ခံ ဇာတ်လမ်းတွဲအသစ်မှာ ပါဝင်သွားမယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့ပါတယ်။

Jung Il Woo ရဲ့ အေဂျင်စီကတော့ Jung Il Woo ဟာ ဇာတ်လမ်းတွဲအသစ်မှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် ကမ်းလှမ်းခံထားရတာ မှန်ပါတယ်။ လတ်တလောမှာတော့ ဇာတ်ညွှန်းကို လေ့လာပြီး ကမ်းလမ်းမှုကို စဉ်းစားနေတယ်လို့ ဖြေကြားသွားပါတယ်။

“Bossam – Stealing Fate” ဇာတ်လမ်းတွဲကတော့ အမှတ်မထင် မင်းသမီးတစ်ပါးကို ပြန်ပေးဆွဲမိတဲ့ သူတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းအကြောင်းကို ရိုက်ကူးသွားမှာပါ။ Jung Il Woo ကတော့ ခေါင်းဆောင် မင်းသား Ba Woo နေရာမှ ကမ်းလှမ်းခံထားရခြင်းဖြစ်ပါတယ်။

ဇာတ်ညွှန်းကိုတော့ Kim Ji Soo နဲ့ Park Cheol တို့မှ ရေးသားသွားမည်ဖြစ်ပြီး ဒါရိုက်တာကတော့ “Golden Time”၊ “Miss Korea” အစရှိသည်တို့ကို ရိုက်ကူးခဲ့တဲ့ Kwon Seok Jang PD ဖြစ်ပါတယ်။ Jung Il Woo သာ ကမ်းလှမ်းမှုကို လက်ခံမယ်ဆိုရင်တော့ ဇာတ်လမ်းတွဲအသစ်မှာ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

Source: Soompi
Written: Gyi Gyi

Share